
အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် သီဆိုထားတဲ့ “Justice For All” ဆိုတဲ့ သီချင်းဟာ သီချင်းနားထောင်တဲ့ iTunes အက်ပလီကေးရှင်းမှာ နားဆင်မှု အများဆုံး သီချင်း ဖြစ်လာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ် စနေ၊ တနင်္ဂနွေနေ့အတွင်း နာမည်ကျော် ပေါ့အဆိုတော် မိုင်လီဆိုင်းရပ်စ်ရဲ့ခေတ်ထနေတဲ့ “Flowers” ဆိုတဲ့ သီချင်းကို ကျော်ပြီး နံပါတ် ၁ နေရာကို ရယူနိုင်ခဲ့တာပါ။











