မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကွန်ပျူတာပိုစတာ ပြိုင်ပွဲကျင်းပမည်

(၂၀၁၆) ခုနှစ် ဇွန် (၂၆)ရက်တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကွန်ပျူတာပိုစတာပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(၁၉)ကြိမ်မြောက်ပြုလုပ်သည့် အဆိုပါ ကွန်ပျူတာပိုစတာပြိုင်ပွဲအား ယခင်နှစ်များနှင့်မတူဘဲ နည်းပညာနှင့် ဖန်တီးမှု အရည်အသွေးများကိုကြည့်ပြီး ရွေးချယ်စိစစ်သွားမည်ဖြစ်ကြောင်း ရွေးချယ်ပုံနှင့်ပတ်သက်၍ MCF ဒိုင်အဖွဲ့ဝင်ဖြစ် သည့် ဦးရဲကျော်သိန်းက ပြောသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျု (DIPD) အဖွဲ့အား တွေ့ဆုံ

_DSC6042

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမှ မေလ (၁၁) ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်တွင် ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျု (DIPD) မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် ဒေါ်ခင်သဇင်မြင့်ပါ (၂) ဦးတို့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး ဧည့်ခန်းမဆောင်တွင် တွေ့ဆုံကြပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ ဧရာဝတီတိုင်းဒေသကြီး ခရိုင်/မြို့နယ်ပါတီ အတွင်းရေးမှူးများ၊ ပါတီကော်မတီဝင်များ တွေ့ဆုံ

13221674_257334654618725_5536507372850350297_n

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးသန်းဌေး၊ ဦးခင်ရီ၊ ဦးစိုးနိုင်၊ ဗဟိုအလုပ် အမှု ဆောင်နှင့် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသိန်းအောင်၊ တိုင်းဒေသကြီးပါတီနာယကနှင့် ဗဟို ကော်မတီဝင် ဦးတင်စိုးတို့နှင့်အတူ မေလ (၆)ရက်နေ့ နံနက်(၁ဝ)နာရီအချိန်က ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ပြည်ခိုင်ဖြိုးဧည့်ရိပ်သာ၌ ကျင်းပပြုလုပ်သော ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့နှင့် ဧရာဝတီတိုင်း ဒေသကြီး/ခရိုင်/မြို့နယ်ပါတီ အတွင်းရေးမှူးများ၊ ပါတီကော် မတီဝင်များ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

Read more

ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဟင်္သာတခရိုင်အတွင်း ခြောက်မြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများမှ မြို့နယ်အဆင့်တိုင်း မျက်နှာစုံညီ အစည်းအဝေးများ ကျင်းပလျက်ရှိရာ ပါတီကျစ်လျစ်ခိုင်မာလာရေးကို ဦးတည်ဖော်ဆောင်ရန် ဟင်္သာတခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ (၁၀) ရက် နံနက် (၉) နာရီက ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။

Read more

တပ်မတော်သတင်းစာရှင်းလင်းပွဲကျင်းပမည်

 

တပ်မတော်က သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ဘုရင့်နောင်ရိပ်သာ ၌ မေလ (၁၃) ရက် မွန်းလွဲ (၂) နာရီတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးထံမှ သိရသည်။

Read more

Social Media On Job Training သင်တန်းဆင်းလူငယ်များရဲ့ ဒေသန္တရလေ့လာရေး

13179218_171392489927479_5678073278658574871_n

13151536_171393673260694_8569673394488986622_n

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကချင်ပြည်နယ်တာဝန်ခံ သီရိပျံချီ ဦးသိန်ဇော်၏ လမ်းညွန် မှုကိုခံယူ၍ မိုးညှင်းခရိုင်တာဝန်ခံ ဦးကျော်စိုးလေး၏ စီစဉ်ပေးမှုဖြင့် မိုးညှင်းမြို့နယ် Social Media On Job Training သင်တန်းဆင်း သင်တန်းသား (၁၀၀) ကျော်တို့သည် မေလ (၁၁) ရက်နေ့က မိုးညှင်းမှ စထွက်ပြီး အင်းတော်ကြီး ရွှေမဉ္ဇူဘုရားမှတဆင့် နန့်မောက္ကံကျေးရွာရှိ ဒေသခံပြည်သူများထံ တိုင်းရင်းသားမျိုးနွယ်စုအကြောင်း၊ ဒေသဖွံ့ဖြိုးမှုအကြောင်း၊ အင်းတော်ကြီးအိုင် ပတ်ဝန်းကျင် ထိန်း သိမ်းရမည့်အကြောင်းများကို ဒေသခံပြည်သူများထံ သွားရောက်လေ့လာခဲ့သည်။

Read more

ကျုံပျော်ပြည်ခိုင်ဖြိုး အမာခံကေဒါများ ရွေးချယ်တာဝန်ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင် (ကျုံပျော်၊ ရေကြည်တာဝန်ခံ) ဦးမြင့်ကြိုင်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ရပ်/ကျေး အမာခံကေဒါများ ရွေးချယ်တာဝန်ပေးအပ်ရန်အတွက် ကျုံပျော်မြို့နယ် ပါတီကော်မတီဝင်များဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ တိုက်နယ်မှူး ဦးဆန်းကျော်ဦး၊ ဦးသန်းနိုင်ဦးနှင့် ဦးသန်းဝင်းတို့သည် မေလ (၁၁) ရက်နေ့က အင်းရဲတိုက်နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Kyonpyaw Usdp

Read more

မြင်းခြံပြည်ခိုင်ဖြိုးရဲ့ ပြည်သူ့အတွက်ဆောင်ရွက်မှု

Zaw AH1

မန္တလေးတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင် ဦးအောင်ဇံ၊ မြင်းခြံ ခရိုင် ပါတီကော်မတီဝင် ဦးကျော်ဆန်းဦး၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးမိုးဇော်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးမှစည်းရုံရေးမှူးနှင့် ပါတီဝင်လူငယ်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း (၂၇) ဦးသည် မေလ (၁၁) ရက် နံနက် (၈) နာရီခွဲအချိန်က သောက်သုံးရေအခက်အခဲဖြစ်နေသော မြင်းခြံမြို့နယ်၊ ကျားတိုင်းအုပ်စု၊ ကျောက်ကုန်းကျေးရွာရှိ အိမ်ထောင်စု(၁၀၀) ကျော်အတွက် ရေဂါလံ (၁၆၀၀) ဆန့် ရေဘောက်ဆာ (၃) စီးဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

Read more

ပေါင်မြို့နယ် ပြည်ခိုင်ဖြိုး လစဉ်ပုံမှန်စည်းဝေးပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လစဉ်ပုံမှန်အစည်းအဝေးကို မေလ (၁၁) ရက် နံနက် (၁၁) နာရီ (၃၅) မိနစ်အချိန်က မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌမှ ပြည်နယ်ပါတီလမ်းညွှန်ချက်များ၊ ပါတီရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြီး မြို့နယ်ပါတီ အတွင်းရေးမှူးမှ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရန်ဆွေးနွေးပြောကြားခဲ့သည်။

Read more

ပန်းတောင်းမြို့နယ်တွင်ပြည်ခိုင်ဖြိုးပါတီမှ အမာခံကေဒါများဖွဲ့စည်းလျက်ရှိ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပန်းတောင်းမြို့နယ်တွင် ဧပြီ ၃ဝ ရက်မှစ၍ ရပ်/ကျေး ၄၈ အုပ်စုအတွင်း အမာခံ(ကေဒါ)များကို ကွင်းဆင်းဖွဲ့စည်းလျက်ရှိရာ ယခုအခါ ၄၁အုပ်စု၌ အမာခံများဖွဲ့စည်း ပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်ကော်မတီဝင် ဦးမျိုးအောင်နှင့် မြို့နယ်အတွင်းရေးမှူး ဦးလှမင်း တို့က ကြီးကြပ်၍ မြို့နယ် ကော်မတီဝင်များဖြစ်ကြသော အဖွဲ့(၁)တွင် ဦးခင်မြိုင်ထွန်း(ခေါင်း ဆောင်)၊ ဦးကျော်ဌေးအောင်၊ ဦးရဲဝင်းခိုင်၊ ဦးရဲမင်းသူကျော်၊ ဦးမင်း မင်းခန့်၊ အဖွဲ့(၂)တွင် ဦးမင်းဇော်(ခေါင်းဆောင်)၊ ဦးထွန်းထွန်းနိုင်၊ ဦးကျော်မင်းသူ၊ ဦးရဲလင်းထွန်း၊ ဒေါ်ဇင်မာဝင်း၊ ဦးမိုးဝေတို့ကနှစ်ဖွဲ့ ဖွဲ့၍ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

Read more