လီယွန်နယ်မက်ဆီထက်နေမာ ဝင်ငွေပိုရမည်

13537660_1042984322463055_589352189734697945_n

ဘာစီလိုနာအသင်း၏ တိုက်စစ်မှူး မက်ဆီ သည် လက်ရှိတွင် လုပ်ခလစာ ယူရို ၂၂ သန်း ရရှိလျက်ရှိပြီး တိုက်စစ်မှူး နေမာသည် ဘာစီလိုနာအသင်းနှင့် ငါးနှစ် သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့မည်ဆိုပါက လုပ်ခ လစာ ယူရို ၂၅ သန်း ရရှိမည် ဖြစ်သောကြောင့် မက်ဆီထက် နေမာက ဝင်ငွေ ပိုရရှိမည်ဖြစ်ကြောင်း မာကာသတင်းဌာနက သတင်းဖော်ပြ သည်။

Read more

အိမ်ရှင်ပြင်သစ်က အိုက်စလန်ကို ဂိုးပြတ်နိုင်ပြီး ဆီမီးဖိုင်နယ်တက်

13528589_1734757033443847_1614819234687224564_o

ယူရို ၂၀၁၆ အိမ်ရှင် ပြင်သစ်အသင်းက အိုက်စလန်ကို (၅) ဂိုးသွင်းပြီး ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် ကမ္ဘာ့ချန်ပီယံ ဂျာမနီနဲ့ လာမယ့် ကြာသပတေးနေ့မှာ မာဆေးလ်မှာ ဆီမီးဖိုင်နယ်ကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ပြင်သစ်အသင်းမှာ ပွဲပယ်ခံထားရတဲ့ ကစားသမားတွေနေရာမှာ အူမီတီနဲ့ ဆစ်ဆိုကိုတို့ ပါဝင်လာခဲ့ပြီး အိုက်စလန် ကတော့ ပွဲထွက် လူစာရင်းမှာ အပြောင်းအလဲ မရှိပဲ ကစားခဲ့ပါတယ်။

Read more

ဝမ်းဗိုက်ထဲမှာ အစာမရှိချိန် ကြက်သွန်ဖြူစားပါ

20-ways-garlic-can-change-your-life

ကြက်သွန်ဖြူဟာ ရောဂါ အတော်များများအတွက် ကောင်းမွန်သော သဘာဝအစားအစာတစ်မျိုး ဖြစ်ပါတယ်။ ဒီအထဲကမှ မနက်အိပ်ယာထ ဝမ်းဗိုက်ထဲမှာ အစာမရှိတဲ့ အချိန်မှာ ကြက်သွန်ဖြူကို စားပေးသင့်ပါတယ်။

လေ့လာမူများ၏ အဆိုအရ အဲလိုမနက်ခင်း အိပ်ယာထတဲ့အခါမှာ စားခြင်းဟာပိုမိုပြီး ဆေးစွမ်းထက်တယ်လို့ သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝမ်းထဲမှာ အစာမရှိတဲ့ အခါမှာ မကောင်းတဲ့ ဗက်တီးရီးယား ပိုးမွှားများကိုအလွယ် တကူ တိုက်ခိုက်ဖယ်ရှား ပေးနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်နဲ့ ပက်သက် တဲ့ ရောဂါ တွေကို ကြက်သွန်ဖြူက ကာကွယ်ပေးနိုင်ပါတယ်။

Read more

မိုးရာသီမှာ ကျန်းမာရေး ဘယ်လို ဂရုစိုက်မလဲ

246938-monsoon-skincare

၁ – အပြင်သွားတိုင်း ထီး ဒါမှမဟုတ် မိုးကာ ယူဖို့ မမေ့ပါနဲ့။

၂ – ဗီတာမင် စီ ကြွယ်ဝတဲ့ အစားအစာ ပိုစားပေးပါ။ ကိုယ်ခံအားစနစ်ကို ပိုကောင်းစေပြီး သာမန် နှာစေး၊ ချောင်းဆိုးကနေ ကာကွယ်ပေးထားပါတယ်။

၃ – မိုးရာသီမှာ လမ်းဘေးစာတွေနဲ့ အသီးအရွက် အစိမ်းစားတာမျိုး သတိထားပါ။

Read more

နားကြပ်ပေါက်မပါဝင်သော iPhone 7 ကိုယ်ထည်ဓာတ်ပုံများ ပေါက်ကြားထွက်ပေါ်လာ

iPhone-7-Chassis-1

iPhone 7 ဟု ယူဆရသည့် ပေါက်ကြားထွက်ပေါ်လာသော ဓာတ်ပုံများအရ မျိုးဆက်သစ် iPhone တွင် နားကြပ်ပေါက် ပါဝင်လာခြင်းမရှိကြောင်း သိရသည်။ သို့သော်လည်း Mac Otakara ဂျပန်ဘလော့က အဆိုပါ အပြောင်းအလဲ မှာ ဖြစ်နိုင်ဖွယ်မရှိကြောင်း ဖော်ပြခဲ့သည်။

Read more

Snapdragon 820 နှင့် 6GB RAM ပါဝင်သည့် nubia Z11 ကို ZTE မိတ်ဆက်

gsmarena_002_1

ZTE ကုမ္ပဏီသည် တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ပွဲတစ်ခုတွင် နောက်ဆုံးပေါ် အထင်ကရဖုန်းတစ်မျိုးကို ပွဲထုတ်မိတ်ဆက်ပေးခဲ့သည်။

ZTE nubia Z11 ကို သတ္တုကိုယ်ထည်နှင့် ဘေးဘောင်မပါလုနီးပါး display ဖြင့် တည်ဆောက်ထားသည်။ Qualcomm ၏ Snapdragon 820 chipset ကို အသုံးပြုထားပြီး 4GB RAM/64GB နှင့် 6GB RAM/128GB အမျိုးအစားများဖြင့် ရရှိနိုင်သည်။ MicroSD card slot ပါဝင်ပြီး dual-SIM ဖြင့် သုံးနိုင်သည်။

Read more

ဂျပန်နိုင်ငံလေ့လာခရီးစဉ်အတွက် အဆိုပြုလွှာတင်သွင်းခွင့် သတ်မှတ်ထုတ်ပြန်

13507009_10207369551576868_7846646713140967049_n(2)

မြန်မာ-ဂျပန်အသင်း၏ ပညာရည်ထူးချွန်ဆု ဂျပန်နိုင်ငံလေ့လာရေး အစီအစဉ်အတွက် အဆိုပြုလွှာ တင်သွင်းခွင့်ကို ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့် စုစုပေါင်း ရမှတ် ၅၅၀ နှင့်အထက် ရရှိသူများနှင့် ၀ိဇ္ဇာ/ သိပ္ပံ ဘာသာတွဲဖြင့် စုစုပေါင်းရမှတ် ၄၉၃ မှတ်နှင့် အထက်ရရှိသူများ တင်သွင်းခွင့် ရရှိ ကြောင်း သိရသည်။

Read more

ရက် ၁၀၀ စီမံချက် ပြီးသည်နှင့် စားသုံးသူများနှင့် ပတ်သက်၍ စစ်တမ်းကောက်ယူမည်

13558967_752297831574361_8144660540662193289_ofw(2)

အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ပြီးနောက် ၁၀၁ ရက်မှစကာ ပြည်နယ်နှင့် တိုင်းများအလိုက် စားသုံးသူနှင့် ပတ်သက်၍ စစ်တမ်းများကောက် ယူမည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနမှ သတင်းရရှိသည်။ လက်ရှိတွင် စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ရက်ပေါင်း ၁၀၀ စီမံချက်ကို လုပ်ငန်းစဉ် ရှစ်ရပ်ဖြင့် လုပ်ကိုင် ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက သ တင်းထုတ်ပြန်သည်။

Read more

ဆော်ဒီက အမေရိကန်ကောင်စစ်ဝန်ရုံးကို အသေခံတိုက်ခိုက်ရန် လာသူ ပေါက်ကွဲမှုဖြစ်၍ သေဆုံး

Attack-near-US-consulate

ဂျက်ဒက်၊ ဇူလိုင် ၎

ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒက်မြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးအနီးတွင် အသေခံတိုက်ခိုက်မည့်သူအဖြစ် သံသယ ရှိရသူ တစ်ဦး ပါလာသည့် ဖောက်ခွဲရေး ပစ္စည်း ပေါက်ကွဲကာ သေဆုံးကြောင်း ဌာနသတင်းများတွင် ဖော်ပြသည်။

အမေရိကန်ကောင်စစ်ဝန်ရုံးအနီးတွင် ရှိသော ဗလီသို့ ဦးတည်မောင်းလာသည့် ကားအတွင်းမှ ထိုတိုက်ခိုက်ရေးသမားဟု သံသယရှိရသူကို ရဲနှစ်ဦးက ၀င်ရောက် ဖမ်းဆီးစဉ် ပေါက်ကွဲမှုဖြစ်ရာ ထိုရဲနှစ်ဦး ဒဏ်ရာရကြောင်း သိရသည်။

Read more

တိုင်ပေအခြေစိုက် CUB ဘဏ်က မြန်မာနိုင်ငံတွင် အစိမ်းရောင်စွမ်းအင်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား

13081804_1136480829709399_320826700_n

တိုင်ပေ အခြေစိုက် Cathay United Bank (CUB)က မြန်မာနိုင်ငံတွင် အစိမ်းရောင် စွမ်းအင် (Green Energy) လုပ် ငန်းများ၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား နေကြောင်း သတင်းရရှိသည်။ အဆိုပါ သဘာဝစွမ်းအင် လုပ်ငန်းများ၌ ရင်းနှီး မြှုပ်နှံရန် မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်လိုင် စင်ရရှိရေး ကြိုးစားဆောင်ရွက်နေကြောင်း အဆိုပါ ဘဏ်ဒုတိယ ဥက္ကဋ္ဌက ပြောသည်။

Read more