ရန်ကုန်တောင်ပိုင်းခရိုင်ပါတီပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့ စည်းရေးနှင့် မျက်နှာစုံညီအစည်းအဝေးကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေးနှင့် မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်လ (၃၀) ရက် နံနက် (၁ဝ) နာရီက သန်လျင်မြို့နယ်ရှိ တောင်ပိုင်းခရိုင် ရုံးခန်းမ၌ ကျင်းပသည်။

YGN South

(more…)


Read more

ရှမ်းပြည်နယ်(မြောက်ပိုင်း) မျက်နှာစုံညီအစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် တက်ရောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ဇူလိုင် (၂၉) ရက် နံနက် (၉) နာရီက ပါတီမျက်နှာစုံညီအစည်းအဝေးသို့ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် တက်ရောက်အမှာ စကားပြောကြားခဲ့သည်။`

အခမ်းအနားအစီအစဉ်အရ သဘာပတိဦးစိုင်းကြူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဗဟို ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်က လမ်းညွှန်အမှာ စကားပြောကြားခဲ့သည်။

Read more

ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိသည့် မတ္တရာမြို့နယ်အတွင်းမှ ကျေးရွာ ၁၃ ရွာသို့ ပြည်ခိုင်ဖြိုးပါတီက ရေသန့်စက် ၃၄ လုံးလှူဒါန်း

ဧရာဝတီမြစ်ရေ နှစ်စဉ်ဝင်ရောက်သည့် မတ္တရာမြို့နယ်အတွင်း မှ ကျေးရွာ၁၃ရွာနေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးရဲမြင့်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးပါတီမှ ငွေကျပ် သိန်း၂ဝ ခန့် တန်ဖိုးရှိ သြစတြေးလျ နိုင်ငံထုတ် ရေသန့်စက် ၁၃လုံးကို ဇူလိုင် ၂၆ရက် နံနက်၉နာရီခွဲနှင့် မွန်းတည့် ၁၂နာရီတို့တွင် အေး ကျွန်းကျေးရွာနှင့် သဲကျွန်းကျေးရွာ တို့မှ ရွာဦးဘုန်းတော်ကြီးကျောင်း များတွင် ပေးအပ်လှူဒါန်းခဲ့သည်။

Read more

တာမွေပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းဆွေက ဦးဆောင်၍ ဇူလိုင် (၃၀) ရက် နံနက် (၁ဝ) နာရီတွင် မြို့နယ် ကော်မတီဝင်များ၊ ရပ်ကွက် စည်းရုံးရေးမှူးနှင့်အမှုဆောင်များသည် (၁၆)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆပ်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Read more

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်း အဝေးကို တိုင်းဒေသကြီးပါတီရုံးအစည်းအဝေးခန်းမတွင် ဇူလိုင်လ (၃၀) ရက် နံနက် (၉) နာရီကကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအထွေထွေအတွင်းရေးမှူးဦးတင်နိုင်သိန်း တက်ရောက်ခဲ့သည်။

Read more

အောင်ဗောဓိစေတီရင်ပြင်တော်တွင် ပြည်ခိုင်ဖြိုးပါတီမှ သန့်ရှင်းရေးဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၂ဝ ရပ်ကွက် ကန်တော်မင်္ဂလာလမ်း ရှိ အောင်ဗောဓိစေတီတော် ဘုရားရင်ပြင်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင် လူငယ်ထုနှင့် အမျိုးသမီးလူငယ်ထုများစုပေါင်း၍ ဇူလိုင် (၃၁) ရက် နံနက် (၇) နာရီတွင် သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။

Read more

ကျောက်တံတားမြို့နယ်တွင် ဆဋ္ဌမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ကျောက် တံတားမြို့နယ်မှ ဆဋ္ဌမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပွဲကို မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ဇူလိုင် (၃၁) ရက် နံနက် (၆) နာရီက ကျင်းပ ခဲ့သည်။

အဆိုပါ မြို့နယ်ပါတီရုံး၌ပြုလုပ်သော ဆဋ္ဌမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ၌ ဗဟို၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစိုးဝင်း ဦးဆောင်သည့် ကော်မတီဝင်များ၊ ပါတီဝင်များ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်သူများက စုပေါင်းကပ်လှူခဲ့ကြကြောင်း သိရသည်။

Read more

လွိုင်ကော်ခရိုင် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ စည်းဝေး ၊ ခရိုင်ကော်မတီဝင် အသစ်ရွေးချယ်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ခရိုင်ကော်မတီဝင်အသစ် ရွေးချယ်ခြင်း အခမ်းအနားကို ကယားပြည်နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၉)ရက် နံနက်(၀၉၀၀)အချိန်က ကျင်းပ ပြုလုပ်ရာ၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုးသိန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီတို့ တက်ရောက် အားပေးကြကြောင်း သိရသည်။

Read more

တူနီးရှားဝန်ကြီးချုပ်ကို ပါလီမန်အမတ်များက မဲခွဲဆုံးဖြတ်ပြီး ရာထူးမှထုတ်ပယ်

Tunisian Prime Minister Habib Essid (C-bottom) delivers a speech at the Tunisian Parliament on July 30, 2016 in the capital Tunis. The Tunisian government will face a vote of confidence in parliament that could see Prime Minister Habib Essid unseated after just a year and a half in office. Essid's government has been widely criticised for failing to tackle the country's economic crisis, high unemployment and a series of jihadist attacks. / AFP PHOTO / FETHI BELAID

မြို့တော်တူးနစ်ရှိ တူနီးရှားလွှတ်တော်တွင် ဇူလိုင် ၃၀ ရက်က မိန့်ခွန်းပြောကြားနေသော ဝန်ကြီးချုပ်ဟာဘစ်အက်ဆစ်ကို တွေ့ရစဉ်

(FETHI BELAID/AFP)

တူနီးရှားနိုင်ငံ ပါလီမန် တွင် အယုံအကြည်မရှိအဆို မဲခွဲ ဆုံးဖြတ်မှုအတွင်း ၀န်ကြီးချုပ် ဟာဘစ်အက်ဆစ်ကို ထုတ်ပယ် ရန် တူနီးရှားအမတ်များက မဲခွဲ ဆုံးဖြတ်ခဲ့ကြသည်။

Read more

တိုကျိုမြို့တော်ဝန်အဖြစ် ပထမဆုံးအမျိုးသမီးတစ်ဦးအား တင်မြှောက်

Tokoy

တိုကျို၊ သြဂုတ် ၁

ဂျပန်နိုင်ငံ၏ မြို့တော် တိုကျိုမြို့၏ မြို့တော်ဝန်အဖြစ် ယခင်ဂျပန်ကာကွယ်ရေးဝန်ကြီး အမျိုးသမီးဖြစ်သူ ယူရီကိုကိုအိကီအား ရွေးကောက်တင်မြှောက်ရာ တိုကျိုမြို့၏ ပထမဆုံး အမျိုးသမီးမြို့တော်ဝန်ဖြစ်လာသည်။

ဇူလိုင် ၃၀ ရက်က ရွေးကောက်ပွဲ၌ ကိုအိကီက မဲရလဒ်ပေါင်း ၂ ဒဿမ ၉ သန်းဖြင့် ပြိုင်ဖက်များအား အပြတ်အသတ် အသာဖြင့် အနိုင်ရခြင်းဖြစ်သည်။

Read more