ဂွမြို့နယ်ပါတီ ရှေ့လုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး

 

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ မြို့နယ်ပါတီ၏
လပတ်ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည်။
အစည်းအဝေးသို့ ပြည်နယ်ကော်မတီဝင် ဒေါ်ခိုင်ဇင်ဦး၊ ခရိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် မြို့နယ်ကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ ရပ်ကျေးခေါင်းဆောင်များ တက်ရောက်ခဲ့ ကြသည်။

Read more

ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ် (၂၂)

ကြားဖြတ်ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်း သည် ချောင်းဆုံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ မဲဆန္ဒရှင် မိဘပြည်သူများအား စည်းရုံးမဲဆွယ်လျှက်ရှိရာ ဖေဖော်ဝါရီလ (၂ဝ) ရက် နံနက် (၉) နာရီမှ ညနေ ၀၄း၃၀ အချိန်ထိ ချောင်းဆုံမြို့နယ်ဒရယ်ကျးရွာသို့ မဲဆွယ် စည်းရုံးခဲ့သည်။

(more…)


Read more

နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပြန်လည်စတင်လိုကြောင်း အမေရိကန်ဒုတိယသမ္မတက တူရကီဝန်ကြီးချုပ်ကို ပြောဆို

အစိုးရသစ်အနေဖြင့် နေတိုးအဖွဲ့ဝင်နိုင်ငံနှစ်ခုကြား ဆက်ဆံရေးကို ပြန်လည်စတင်လိုကြောင်း တူရကီ ဝန်ကြီးချုပ် ဘင်နာလီ ယယ်ဒရင်ကို အမေရိကန်သမ္မတ မိုက်ပန့်စ်က ပြောကြား ခဲ့ကြောင်း ဒေသတွင်း မီဒီယာ များက ဖော်ပြသည်။

(more…)


Read more

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ပြည်ခိုင်ဖြိုးပါတီရွေးကောက်ပွဲအောင်နိုင်ရေးစည်းရုံး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် မြို့နယ်ပါတီကော်မတီသည် ၂ဝ၁၇ ခုနှစ် ကြားဖြတ်အထွေထွေ ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် တစ်အိမ်တက် တစ်အိမ်ဆင်းကွင်းဆင်း စည်းရုံးဆောင်ရွက်ခြင်းအား ယခုလ ၁ ရက်မှ စတင်ဆောင်ရွက်လျက် ရှိသည်။

 

(more…)


Read more

စစ်အေးခေတ်နောက်ပိုင်း ကမ္ဘာလုံးဆိုင်ရာ လက်နက်ကုန်သွယ်မှု အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိလာကြောင်း လေ့လာမှု တစ်ရပ်တွင် ဖော်ပြ

အရှေ့အလယ်ပိုင်းနှင့် အာရှဒေသမှ လက်နက်ဝယ်လိုအား ကောင်းလာမှုကြောင့် စစ်အေးခေတ်နောက်ပိုင်း လွန်ခဲ့သော ငါးနှစ်အတွင်း ကမ္ဘာတစ်ဝန်း လက်နက်ကုန်သွယ်ရေး မြင့်တက် လာကြောင်း တနင်္လာနေ့တွင် အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

 

(more…)


Read more

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး စာအောင်သံဃာ တော်များအား ဆုလက်မှတ် ဆက်ကပ် ကြည်ညို

 

ကျင်းပပြီးစီးခဲ့သော ဆဋ္ဌမအကြိမ်မြောက် ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာမေးပွဲကြီးတွင် ဝင်ရောက်ဖြေဆို အောင်မြင်ခဲ့ကြသော စာအောင်သံဃာတော်များအား ဆုလက်မှတ် ဆက်ကပ်ခြင်းနှင့် ဂုဏ်ပြု ပူဇော်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ (၁၉) ရက် နံနက်ပိုင်းက ပျော်ဘွယ်မြို့ ရှမ်းပွဲရပ်ကွက် ရာပြည့်သာသနာ့ ဗိမာန်၌ ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး တက်ရောက်၍ စာအောင်ဆုလက်မှတ်များဆက်ကပ် လှူဒါန်း ကြည်ညိုခဲ့သည်။

 

(more…)


Read more

လစ်လပ်နေသော နိုင်ငံတော် လုံခြုံရေး အကြံပေး အရာရှိ နေရာအတွက် ဒုဗိုလ်ချုပ်ကြီး မက်မာစတာကို ထရမ့်ရွေးချယ်

လစ်လပ်နေသော နိုင်ငံတော်လုံခြုံရေးအကြံပေးအရာရှိနေရာတွင် ဒုတိယဗိုလ်ချုပ်ကြီး ဟားဘတ်ရေမွန် မက်မာ စတာကို အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ရွေးချယ်ခန့်အပ်လိုက်ကြောင်း သိရသည်။

 

(more…)


Read more

တောင်ပိုင်းဆူဒန် နိုင်ငံတွင် အငတ်ဘေး ဆိုက်နေပြီဟု ကုလသမဂ္ဂ ကြေညာ

တောင်ပိုင်းဆူဒန်နိုင်ငံတွင် ငတ်မွတ်ခေါင်းပါးမှုကပ်ဘေး ဆိုက်ရောက်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန် ကြေညာလိုက်သည်။ လတ်တလောတွင် လူပေါင်း တစ်သိန်းမျှသည် အငတ်ဘေးကြုံရန် နီးစပ်နေပြီး နိုင်ငံ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းနှင့် ညီမျှသော လူပေါင်း ၅ သန်းမျှသည် အရေးပေါ် အခြေအနေများ လိုအပ်နေ ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

(more…)


Read more

ငွေကြေးမသမာမှုစွဲချက်ကို တရားရုံးတွင် နေမာ ဖြေရှင်းရမည်

ဘရာဇီးကလပ်ဆန်းတို့စ်မှ နေမာပြောင်းရွှေ့ရာတွင် ငွေကြေးမသာမှု ပြုလုပ်ခဲ့သည်ဟု စွဲချက်အပေါ် နောက်ဆုံး အယူခံရှုံးနိမ့် သွားပြီးနောက် ဘာစီလိုနာ ကစားသမားနေမာနှင့် ၎င်း၏ ကလပ် သည် တရားရုံးတွင် ဖြေရှင်းရ တော့မည် ဖြစ်သည်။

(more…)


Read more

ကော့မှူးမြို့နယ်ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ကျေးရွာအရောက် ပါတီအောင်နိုင်ရေးအလံပေးအပ်

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ဇင်ဟိန်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီ (၂၀) ရက် နံနက် ၉ နာရီမှစ၍ ကော့မှူးအနောက်ခြမ်းဒေသ ဝါးသင်္ခကျေးရွာ၊ မှော်တောကျေးရွာ၊ ပုပ္ပားကျေးရွာများရှိ ဒေသခံပြည်သူတို့ထံ တစ်အိမ်ဝင်တစ်အိမ်ထွက် ကိုယ်စားလှယ်မိတ်ဆက်လက်ကမ်း စာစောင်များ လိုက်လံဝေငှခဲ့ပြီး ပါတီအောင်နိုင်ရေးအလံများ ပေးအပ်ခဲ့ရာ အဆိုပါခရီးစဉ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုကော်မတီဝင် ဦးသာဝင်း၊ ဗဟိုကော်မတီဝင် ဒေါ်အေးမင်းမိုး၊ ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလွင်ဦးတို့က ဦးဆောင်၍ ဒလမြို့နယ်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်ကော်မတီများ၊ ကော့မှူး မြို့နယ် မြို့နယ်ပါတီကော်မတီများ၊ ကျေးရွာပါတီခေါင်းဆောင်များ စုပေါင်းဝန်းရံအင်အား ၉ဝ ကျော်တို့ဖြင့် တက်ကြွစွာဆောင်ရွက်ခဲ့ ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဒေသခံပြည်သူတို့မှ လှိုက်လှဲစွာ ကြိုဆိုကြကြောင်း သိရသည်။

Read more