Author: USDP 2016
ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်
အမည် ———————- ဦးဌေးနိုင်
ပါတီ ———————– ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း —————- သိပ္ပံဘွဲ့(သင်္ချာ)၊ မဟာသိပ္ပံဘွဲ့ (ကာကွယ်ရေး)
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးမြို့နယ် မဲဆန္ဒနယ်အမှတ်(၄)
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း

Read more
ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီ နာယက ဦးသိန်းစိန်အား SASAKAWA ဖောင်ဒေးရှင်းဥက္ကဋ္ဌ လာရောက်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုဦးဆောင်ကော်မတီနာယက ဦးသိန်းစိန် အား ဂျပန်နိုင်ငံ SASAKAWA ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWA ခေါင်းဆောင်သည့် အဖွဲ့က ဖေဖော်ဝါရီ (၁၇) ရက် မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် ဧည့်ခန်းမတွင် လာရောက်တွေ့ဆုံခဲ့သည်။

Read more
ပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မြို့မိမြို့ဖများ၊ စစ်တွေ မြောက်ဦး မောင်တော ခရိုင်အတွင်းရှိ ပါတီဝင်များ တွေ့ဆုံပွဲ အမှာစကားမှ ကောက်နုတ်ချက်များ

- ပြည်နယ်၊ တိုင်းအလိုက် ပါတီဦးဆောင်မှုနေရာများ ပါတီ ဝင်များကို နယ်မြေခံတိုင်းရင်းသားအများစုဖြင့် ဖွဲ့စည်းထား။
- ပြည်နယ်၏အကျိုးစီးပွားနှင့် တိုးတက်ရာတိုးတက်ကြောင်းကို ပြည်နယ်သားများက ဦးဆောင်ဖန်တီးနိုင် စေရန် ရည်ရွယ်။
- ပါတီဌာနချုပ်အနေဖြင့် လိုအပ်ချက်ကို ပံ့ပိုးထောက်ကူပေးရန် သာဖြစ်။
- ယင်းအချက်က ဗမာလူမျိုးကြီးပါတီမဟုတ်ကြောင်းထင်ရှား။
- လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဆုံးဖြတ်ချက်အမှားအယွင်းကြောင့် ဖြစ်ပေါ်ခဲ့သော သမိုင်းဖြစ်ရပ်များ သည် ယနေ့ကာလ ပုဂ္ဂိုလ်များ လူမျိုးစုများနှင့် တိုက်ရိုက်ပတ်သက်ခြင်းမရှိ။
ပါတီအောင်နိုင်ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစည်းရုံးဆောင်ရွက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်မြောက်ပိုင်းခရိုင်ကော်မတီ ၀င် ဦးသောင်းမြင့်၊ ဒေါ်သင်းသင်းလှိုင်၊ လှိုင်သာယာမြို့နယ် ပါတီကော်မတီဝင် ဦးအောင်တင်ဝင်း၊ ဦးမြင့်သိန်း၊ ဦးစောလွင်ဦး တို့နှင့် ရွှေလင်ပန်းကျေးရွာ ပါတီဥက္ကဌ ဦးအေးတင့်နှင့် အောင်နိုင်ရေးပါတီဝင်များသည် ဖေဖော်ဝါရီ (၂၀) ရက်က ရွှေလင်ပန်းကျေးရွာ၊ ကျုံစုကျေးရွာများရှိ မဲဆန္ဒရှင်ပြည်သူများထံသို့ တစ်အိမ်တက်ဆင်း သွားရောက် တွေ့ဆုံ၍ ပါတီအောင်နိုင်ရေးအတွက် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

















