ကိုဖီအာနန် ကော်မရှင်တင်ပြသော အကြံပြုချက်များအတွက် မြန်မာအစိုးရကို ကူညီရန် အမေရိကန်လိုလား

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကိုဖီအာနန် ကော်မရှင်တင်ပြခဲ့သော ထောက်ခံအကြံပြုချက်များ အကောင်အထည်ပေါ်ရေး အမေရိကန်က မြန်မာအစိုးရကို ကူညီလိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားသည်။ အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဌာန ၏ အရှေ့တောင်အာရှဆိုင်ရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်မာဖီက သတင်းဌာနအချို့ နှင့် တယ်လီကွန်ဖရင့် ပြုလုပ်ရာတွင် ရခိုင်အရေး၊ ဘင်္ဂါလီမျိုးနွယ်စုများ အရေးနှင့်ပတ်သက်ပြီး အမေရိကန်၏ သဘောထားကို ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။

Read more

၂၁ ရာစု ပင်လုံအစည်းအဝေး အကြိုပြင်ဆင်မှု စတင်ဟု UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ပြော

ပြည်ထောင်စုငြိမ်းချမ်း ရေး ညီလာခံ -၂၁ ရာစုပင်လုံ အစည်းအဝေးများတွင် ထိရောက်သည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့အနေဖြင့် စတင်ပြင်ဆင် နေကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ နိုင်ငံရေးပါတီအစု အဖွဲ့မှ ကိုယ်စားလှယ်များက ပြောသည်။ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များသည် တစ်လတစ်ကြိမ် ပုံမှန်အစည်းအဝေးများ ပြုလုပ်ရန်ဆုံးဖြတ်ကာ လုပ်ငန်း ဆောင်ရွက်မှုများ အထောက်အကူပြုရေး ရုံးခန်းတစ်ခုကို စက်တင်ဘာ ၇ ရက်က ရန်ကုန်မြို့တွင် စတင် ဖွင့်လှစ်ခဲ့သည်။

Read more

ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို အတိုင်ပင်ခံရုံးဝန်ကြီးခေါ်ယူတွေ့ဆုံ

နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဦးကျော်တင့်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မစ္စတာရာဟ်မာန်ကို စက်တင်ဘာ ၁၁ ရက်တွင်နေပြည်တော်သို့ ခေါ်ယူတွေ့ဆုံ ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။

အတိုင်ပင်ခံရုံးဝန်ကြီးဦး ကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးတို့သည် နေပြည်တော်ရှိ နိုင်ငံတော် အတိုင်ပင်ခံရုံး ဧည့်ခန်းမ၌ ညနေ ၃ နာရီခွဲမှ စတင်၍ ၄ နာရီ မိနစ် ၂၀ အထိ တစ်နာရီခန့် တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Read more

လက်ရှိ မန်စီးတီးအသင်းဟာ ကမ္ဘာ့ဘောလုံးသမိုင်းမှာ တန်ဖိုးအကြီးဆုံးအသင်းဖြစ်တယ်လို့ ဘောလုံးသုတေသန အဖွဲ့ CIES က ဖော်ပြသွားခဲ့ပါတယ်။ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလက ပေါင် ၂၁၅ သန်းအထိ အသုံးပြုခဲ့တဲ့ မန်စီးတီးအသင်းရဲ့တန်ဖိုးဟာ ပေါင် ၇၇၅ သန်းရှိနေပါတယ်။

နေမာကို ပေါင်သန်း ၂၀၀ နဲ့ဝယ်ယူခဲ့တဲ့ ပီအက်စ်ဂျီအသင်းရဲ့ တန်ဖိုးက ပေါင်သန်း ၇၅၀ သာရှိတာကြောင့် မန်စီးတီးထက် ၃ သန်း လျော့နည်းလျက်ရှိနေ ပါတယ်။

Read more

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးသမား ဒီဂီယာကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုမည်ဟု နည်းပြ မော်ရင်ဟို အတည်ပြု

 

မန်ချက်စတာယူနိုက်တက်နည်းပြ ဟိုဆေးမော်ရင်ဟိုက စပိန်ဂိုးသမား ဒေးဗစ် ဒီဂီယာဟာ ဒီရာသီ ချန်ပီယံလိဂ်အတွက် ပွဲထွက်ကစားသမားတစ်ဦးဖြစ်လိမ့်မယ်လို့ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

(ဓာတ်ပုံ – အီးပီအေ)

မန်ယူအသင်းဟာ အင်္ဂါနေ့မှာ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆွစ်ဇာလန်ကလပ် ဘေဆယ်အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လက်ခံကစားသွားမှာဖြစ်ပါတယ်။

Read more

ဖရန့်ဒီဘိုးဝါးအား နည်းပြရာထူးမှ ပဲလေ့စ် ထုတ်ပယ်၊ နည်းပြသစ်အဖြစ် ရွိုင်းဟော့ဆန်ကို ခန့်အပ်ရန် သတင်းများ ထွက်ပေါ်

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဒတ်ခ်ျလူမျိုးနည်းပြ ဖရန့်ဒီဘိုးဝါးအား ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း တနင်္လာနေ့က ကြေညာခဲ့ပြီး ၎င်းရဲ့ နေရာမှာ ဝါရင့်နည်းပြတစ်ဦးဖြစ်တဲ့ ရွိုင်းဟော့ဆန်အား နည်းပြသစ်အဖြစ် ခန့်အပ်တာဝန်ပေးဖွယ်ရှိနေကြောင်းလည်း သိရပါတယ်။

(ဓာတ်ပုံ – အီးပီအေ)

ယခင်ဘာစီလိုနာကစားသမားဟောင်းရဲ့ ကိုင်တွယ်မှုအောက်မှာ ခရစ္စတယ်ပဲလေ့စ်ဟာ ဒီရာသီ လိဂ်ပွဲစဉ် လေးပွဲလုံးကို ရှုံးနိမ်ခံခဲ့ပြီး ဂိုးသွင်းယူနိုင်ခြင်းလည်း မရှိခဲ့ပေ။ ဒါဟာ  ပရီးမီးယားလိဂ် စတင်ကျင်းပခဲ့တဲ့ ၁၉၉၂ ကတည်းက ဒီအခြေအနေမျိုး မရှိခဲ့ပါဘူး။

Read more

ဗီယက်နမ်ကို မဖြစ် ဖြစ်သည့်နည်းဖြင့် အနိုင်ရအောင်ကစားမည်ဟု မြန်မာယူ-၁၈ နည်းပြ ဘန်လာဘီ ပြော

စက်တင်ဘာ ၁၁၊ ရန်ကုန်

မြန်မာယူ-၁၈ အသင်းက ဖိလစ်ပိုင်ယူ-၁၈ အသင်းကို ၇-၀ ဂိုးဖြင့် အနိုင်ရပြီးနောက်တွင် မြန်မာယူ-၁၈ နည်းပြ ဘန်လာဘီက အုပ်စုတက်ရေးအဆုံးအဖြတ် ပွဲစဉ်ဖြစ်သည့် ဗီယက်နမ်နှင့်ပွဲကို မဖြစ်ဖြစ်သည့်နည်းဖြင့် အနိုင်ကစားမည်ဟု ပြောဆိုသွားခဲ့သည်။

Read more

၉/၁၁ အောက်မေ့ဖွယ်အခမ်းအနား၌ အကြမ်းဖက်သမားများကို သတိပေးခဲ့သည့် ဒေါ်နယ်ထရမ့်

ဝါရှင်တန်၊ စက်တင်ဘာ ၁၂ ။                     ။ လွန်ခဲ့သော ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က နယူးယောက်နှင့် ၀ါရှင်တန်တို့၌ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးသွားခဲ့ရသော ပြည်သူများအတွက် ရည်စူးကာ တနင်္လာနေ့က ပင်တဂွန်စစ်ဌာနချုပ်၌ ကျင်းပခဲ့သည့် ၉/၁၁ အောက်မေ့ဖွယ်အခမ်းအနား၌ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်က အကြမ်းဖက်သမားများကို ရည်ရွယ်ပြီး သတိပေးစကား ပြောကြားခဲ့သည်။

Read more

ဧရာမ လေယာဉ်တင် သင်္ဘောသစ်ကြီးတစ်စီး တည်ဆောက်ရန် ရုရှားစဉ်းစားနေ

 

ရုရှားရေတပ်သည် ဧရာမ လေယာဉ်တင် သင်္ဘောကြီးတစ်စီး တည်ဆောက်ရေးကို အလေးအနက် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်လာသည်။

လတ်တလောတွင် တိတိကျကျ တရားဝင် ဆုံးဖြတ် အတည်ပြုမှု မရှိသေးသော်လည်း ရုရှား အနေဖြင့် ရေတပ်အင်အားကို အံ့မခန်း မြှင့်တင်ရန် အစီအစဉ် တစ်ရပ်အနေဖြင့် ၂၀၂၀ ဝန်းကျင်တွင် လေယာဉ်တင်သင်္ဘောသစ် စီမံကိန်းကို အစပြုနိုင်ရန် မျှော်မှန်းနေကြောင်း သိရသည်။

Read more

အကြီးဆုံး နျူကလီးယား စမ်းသပ်မှုကြောင့် မြောက်ကိုရီးယားကို ကုလက ဆန်ရှင်သစ်များ ချမှတ်

ဝါရှင်တန်ဒီစီ၊ စက်တင်ဘာ ၁၂

 မြောက်ကိုရီးယားနိုင်ငံ၏ စက်တင်ဘာ ၃ ရက်က ပြုလုပ်ခဲ့သော ခြောက်ကြိမ်မြောက်နှင့် အကြီးဆုံး နျူကလီးယားစမ်းသပ်မှုကို အပြစ်ပေးသည့်အနေဖြင့် ၄င်းနိုင်ငံ၏ အထည်အလိပ် တင်ပို့မှုကို တားမြစ်ကာ ရေနံထုတ်ကုန် တင်သွင်းမှုအားလည်း တင်းကြပ်သည့် ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်သစ်အား ကုလသမဂ္ဂက စက်တင်ဘာ ၁၂ ရက်တွင် တစ်ညီတစ်ညွတ်တည်း အတည်ပြု ပြဌာန်းသည်။

Read more