ဂါဇာငြိမ်းချမ်းရေးသဘောတူညီချက် ပထမအဆင့်ကို ကမ္ဘာ့ခေါင်းဆောင်ပါဝင်လက်မှတ်ရေးထိုး

ဂါဇာငြိမ်းချမ်းရေးသဘောတူညီချက် ပထမအဆင့်ကို ကမ္ဘာ့ခေါင်းဆောင်ပါဝင်လက်မှတ်ရေးထိုး
=================
ဂါဇာအရေးထိပ်သီးညီလာခံကို အောက် တိုဘာလ ၁၃ ရက်တွင် အီဂျစ်နိုင်ငံရှိ ရှမ် အယ်ရှိတ်မြို့၌ကျင်းပပြီး တက်ရောက်လာသည့် ကမ္ဘာ့ခေါင်းဆောင်များက ဂါဇာငြိမ်းချမ်းရေးသဘောတူစာချုပ် ပထမအဆင့်ကို လက်မှတ် ရေးထိုးလိုက်ကြောင်း သိရသည်။
ထိုထိပ်သီးညီလာခံကို အီဂျစ်သမ္မတ အယ်စီစီနှင့် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်တို့က သဘာပတိအဖြစ်ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ကျော်မှခေါင်းဆောင်များသာမက ဒေသတွင်းနှင့်နိုင်ငံတကာအဖွဲ့အစည်းအကြီး အကဲများတက်ရောက်သည်။
Read more




















