(၇၆)ရက်အတွင်း ဂုတ်ထိပ်တံတားပြင်ဆင်မှု အလုံးစုံပြီးစီးပြီဖြစ်

(၇၆)ရက်အတွင်း ဂုတ်ထိပ်တံတားပြင်ဆင်မှု အလုံးစုံပြီးစီးပြီဖြစ်
================
အကြမ်းဖက်အဖွဲ့များ၏ သြဂုတ် ၂၄ ရက်က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့ နယ်ရှိ ရှေးဟောင်းအမွေအနှစ်ဂုတ်ထိပ်တံတားကြီးအား မြန်မာ့မီးရထားမှ အင်ဂျင်နီယာများက ရှေးမူရင်းလက်ရာဒီဇိုင်းအတိုင်းအောင်မြင်စွာပြန်လည်ပြင်ဆင်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ပြင်ဆင်ပြီးဖြစ်၍ ဂုတ်ထိပ်တံတားကြီးပေါ်မှ ကုန်တန်ချိန်(၂၀၉)တန်တင်ဆောင်ထားသည့် ရ ထားတွဲဆိုင်းဖြင့် စမ်းသပ်ဖြတ်သန်းမောင်းနှင်ခဲ့ကြောင်း သိရသည်။

Read more

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တင်းမာမှုပြန်မြင့်တက်လာ၊ လူတစ်ဦး‌သေဆုံး

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တင်းမာမှုပြန်မြင့်တက်လာ၊ လူတစ်ဦး‌သေဆုံး
===============
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ဗုဒ္ဓဟူးနေ့တွင် ပဋိပက္ခပြင်းထန်လာခဲ့ပြီး ကမ္ဘောဒီးယားဘက်ခြမ်း၌ လူတစ်ဦး‌သေဆုံးခဲ့သည်။

အငြင်းပွားနယ်စပ်ဒေသတွင် အပြန်အလှန်ပ-စ်ခ-တ်မှုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ တစ်ဖက်ကိုတစ်ဖက် အပြစ်ဆိုခဲ့ကြပြီး အမေရိကန် က ကြားဝင်ပေးခဲ့သော အပ-စ်အခ-တ်ရပ်စဲရေး သဘောတူညီချက်ကို အန္တရာယ်ရှိလာစေခဲ့သည်။

ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ညနေ ၃း၅၀ နာရီတွင် အငြင်းပွားနေသော နယ်စပ်ရွာအနီး၌ ထိုင်းတပ်များကစ၍ ပ-စ်ခဲ့ကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Read more

အလုပ်သမားစေလွှတ်မှု လချုပ်စာရင်းပေးပို့ရန် အေဂျင်စီ ၄၀ အထိ ကျန်ရှိနေ

အလုပ်သမားစေလွှတ်မှု လချုပ်စာရင်းပေးပို့ရန် အေဂျင်စီ ၄၀ အထိ ကျန်ရှိနေ
===================
၂၀၂၅ ခုနှစ် အောက်တိုဘာလအတွက် ပြည်ပသို့အလုပ်သမားစေလွှတ်မှု လချုပ်စာရင်းပေးပို့ရန် အေဂျင်စီ ၄၀ အထိကျန်ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာန၏ Safe migration မှ ထုတ်ပြန်ထားပါတယ်။

အဆိုပါ အေဂျင်စီ များအနေနဲ့ စေလွှတ်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သက်ဆိုင်ရာသို့ အချိန်မီပေးပို့ပေးရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Read more

နယ်စပ်၌ မြေမြှုပ်မိုင်းအသစ်များခင်းခြင်းမရှိဟု ကမ္ဘောဒီးယားထုတ်ပြန်

နယ်စပ်၌ မြေမြှုပ်မိုင်းအသစ်များခင်းခြင်းမရှိဟု ကမ္ဘောဒီးယားထုတ်ပြန်
=================
ကမ္ဘောဒီးယား-ထိုင်းနယ်စပ်၌ မြေမြှုပ်မိုင်းအသစ်များကို ခင်းနေခြင်းမရှိကြောင်း ကမ္ဘောဒီးယားအစိုးရက နိုဝင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

နိုဝင်ဘာလ ၁၀ ရက်တွင် နယ်စပ်၌ မြေမြှုပ်မိုင်းတစ်လုံးကွဲခြင်းကြောင့် ကင်းလှည့်နေသည့် ထိုင်းစစ်သည်နှစ်ဦးဒဏ်ရာရရှိပြီးနောက် ကမ္ဘောဒီးယားအနေဖြင့် မိုင်းအသစ်များခင်းနေသည် ဟူသော ထိုင်းနိုင်ငံ၏စွပ်စွဲချက်ကို ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ယခုကဲ့သို့ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း မဲဒီးကျေးရွာသို့ သွားရောက်၍ ရပ်မိရပ်ဖများ၊ လူမှုရေးပရဟိတအဖွဲ့ခေါင်းဆောင်များ၊ ကာလသားခေါင်းဆောင်၊ အမျိုးသမီးခေါင်းဆောင်များနှင့်တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း မဲဒီးကျေးရွာသို့ သွားရောက်၍ ရပ်မိရပ်ဖများ၊ လူမှုရေးပရဟိတအဖွဲ့ခေါင်းဆောင်များ၊ ကာလသားခေါင်းဆောင်၊ အမျိုးသမီးခေါင်းဆောင်များနှင့်တွေ့ဆုံ
===========================
ဒက္ခိဏသီရိ နိုဝင်ဘာ ၁၁

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း ဦးမြတ်ဟိန်းသည် ဒက္ခိဏသီရိမြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ရီရီဝင်းနှင့်လိုက်ပါ၍ ယနေ့နိုဝင်ဘာ (၁၁)ရက်နေ့ ညနေပိုင်းတွင်ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသိရိမြို့နယ်၊ ချိုင်းကျေးရွာအုပ်စု၊ မဲဒီးကျေးရွာသို့သွားရောက်ကာကျေးရွာရပ်မိရပ်ဖများ၊ လူမှုရေးပရဟိတအဖွဲ့ခေါင်းဆောင်များ၊ ကာလသားခေါင်းဆောင်၊အမျိုးသမိးခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေးအကြောင်းအရာများ၊ ကျန်းမာရေးနှင့်ကလေးငယ်များ ပညာသင်ကြားရေးဆိုင်ရာကိစ္စရပ်များတောင်သူလယ်သမားများ ရင်ဆိုင်ကြုံတွေ့နေရသောအခက်အခဲများကို ရင်းနှီးပွင့်လင်းစွာစကားဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြပါသည်။

Read more

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ နောက်ဆုံးပြိုင်ပွဲ ဖြစ်လာမယ်လို့ စီရော်နယ်လ်ဒို အတည်ပြု

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ နောက်ဆုံးပြိုင်ပွဲ ဖြစ်လာမယ်လို့ စီရော်နယ်လ်ဒို အတည်ပြု
=====================
ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့အတွက် လက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲ ဖြစ်လာမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ လက်ရှိအချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားဖို့ ပေါ်တူဂီနိုင်ငံကို ရောက်ရှိနေပေမဲ့ ဆော်ဒီမှာပြုလုပ်တဲ့ ကမ္ဘာ့ခရီးသွားကွန်းဖရန့်ကို အွန်လိုင်းက တက်ရောက်နေစဉ်မှာ CNN က အနားယူမယ့်အချိန်ကို မေးမြန်းခဲ့တာဖြစ်ပါတယ်။

Read more

အောင်နိုင်ရေးအလံတင်အခမ်းအနားနှင့် ကိုယ်စားလှယ်လောင်းများ ကြိုဆိုခြင်းအခမ်းအနားသို့ ပါတီဥက္ကဋ္ဌနှင့် အကြီးအကဲများတက်ရောက်

အောင်နိုင်ရေးအလံတင်အခမ်းအနားနှင့် ကိုယ်စားလှယ်လောင်းများ ကြိုဆိုခြင်းအခမ်းအနားသို့ ပါတီဥက္ကဋ္ဌနှင့် အကြီးအကဲများတက်ရောက်
====================
နိုဝင်ဘာ ၁၁၊ နေပြည်တော်

Read more

ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ ရုရှားစစ်ရေယာဉ် ၃ စင်း ရောက်ရှိ

ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ ရုရှားစစ်ရေယာဉ် ၃ စင်း ရောက်ရှိ
===================
တတိယအကြိမ် မြန်မာ-ရုရှားနှစ်နိုင်ငံ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း သို့ ရုရှားနိုင်ငံ၊ ရုရှားရေတပ် Pacific Fleet မှစစ်ရေယာဉ် ၃ စင်း နိုဝင်ဘာလ ၁၀ ရက်ညနေပိုင်းမှာ ဆိုက်ရောက်လာခဲ့ကြောင်း သိရပါတယ်။

Read more

အမေရိကန်အထက်လွှတ်တော်က အစိုးရအဖွဲ့လုပ်ငန်းရပ်ဆိုင်းနေမှု အဆုံးသတ်ရန် ကြိုတင်ငွေအသုံးပြုခွင့်ပေး

အမေရိကန်အထက်လွှတ်တော်က အစိုးရအဖွဲ့လုပ်ငန်းရပ်ဆိုင်းနေမှု အဆုံးသတ်ရန် ကြိုတင်ငွေအသုံးပြုခွင့်ပေး
==================
အမေရိကန်နိုင်ငံ၌ အစိုးရအဖွဲ့၏လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းနေသည်မှာ ရက်ပေါင်း ၄၀ အတွင်းသို့ ရောက်ရှိလာချိန်တွင် ထိုကဲ့သို့ အစိုးရအဖွဲ့လုပ်ငန်းရပ်ဆိုင်းနေမှု အဆုံးသတ်စေရန်ရည်ရွယ်၍ အမေရိကန်အထက် လွှတ်တော်က အစိုးရအသုံးစရိတ်အတွက် ကြိုတင်ငွေအသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

Read more