ဆီနီဂေါအသင်းအသင်းရဲ့ ဖလားကို လွှဲပြောင်းရယူခဲ့တဲ့ မော်ရိုကိုအသင်း

 ဆီနီဂေါအသင်းအသင်းရဲ့ ဖလားကို လွှဲပြောင်းရယူခဲ့တဲ့ မော်ရိုကိုအသင်း
============================
အာဖရိကဘောလုံးအဖွဲချုပ်(CAF)ဟာ ၂၀၂၅ အာဖရိကနိုင်ငံများဖလားဗိုလ်လုပွဲရလဒ်ကို ပယ်ဖျက်လိုက်ပြီး မော်ရိုကိုအသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ပေးလိုက်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ(၁၈)ရက်နေ့က မော်ရိုကိုနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဗိုလ်လုပွဲမှာ ဆီနီဂေါအသင်းက (၁-၀)ဂိုးနဲ့ အနိုင်ရရှိပြီး ချန်ပီယံဆုဆွတ်ခူးခဲ့ပေမဲ့ ဆီနီဂေါကစားသမားတွေက ပွဲချိန်အတွင်း ကွင်းထဲက ထွက်ခွာသွားခဲ့တဲ့အတွက် အခုလို အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဖြစ်ပွားပုံကတော့ ပွဲကစားချိန် မိနစ်(၉၀)ပြည့်လို နာကျင်အချိန်ပိုရောက်ရှိချိန်မှာ ကွင်းလယ်ဒိုင်က မော်ရိုကိုအသင်းကို ပယ်နယ်တီပေးခဲ့တဲ့အတွက် ဆီနီဂေါနည်းပြနဲ့ ကစားသမားတွေက ဆန္ဒပြတဲ့အနေနဲ့ ဆက်မကစားတော့ဘဲ ကွင်းထဲက ထွက်ခွာသွားခဲ့ပါတယ်။
လီဗာပူးလ်ကစားသမားဟောင်း မာနေးရဲ့ ဖျောင်းဖျမှုကြောင့် (၁၇)မိနစ်လောက် ပွဲကိုရပ်နားခဲ့ရပြီးမှ ပြန်ကစားနိုင်ခဲ့တာဖြစ်ပြီး မော်ရိုကိုအသင်းအတွက် ဘရာဟင်မ်ဒီယက်ဇ်ရဲ့ ပယ်နယ်တီကန်ချက်ကို ဆီနီဂေါဂိုးသမား မန်ဒီက ကာကွယ်နိုင်ခဲ့ပါတယ်။
အချိန်ပိုမှာတော့ ဆီနီဂေါအသင်းက ဂေးယီရဲ့ဂိုးနဲ့ မော်ရိုကိုအသင်းကို အနိုင်ယူပြီး ချန်ပီယံဆုဆွတ်ခူးခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ မော်ရိုကိုဘောလုံးအဖွဲချုပ်ရဲ့ အယူခံတင်သွင်းမှုကြောင့် အာဖရိကဘောလုံးအဖွဲချုပ်က အမှုစစ်အဖွဲ ဖွဲစည်းပြီး ပြန်လည်စစ်ဆေးကာ အခုလို ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒီဆုံးဖြတ်ချက်အတွက် ဆီနီဂေါဘောလုံးအဖွဲချုပ်က နိုင်ငံတကာအားကစားခုံရုံး(CAS)ထံ အယူခံတင်သွင်းဖွယ်ရှိကြောင်းလည်း သိရပါတယ်။

Read more

အလွန်ပြုပြင်ထားတဲ့ အစားအစာများစားခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေ ၆၇ ရာခိုင်နှုန်းမြင့်တက်စေ

အလွန်ပြုပြင်ထားတဲ့ အစားအစာများစားခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေ ၆၇ ရာခိုင်နှုန်းမြင့်တက်စေ
=================================
အလွန်ပြုပြင်ထားတဲ့ အစားအစာတွေ စားတာဟာ နှလုံးရောဂါဖြစ်နိုင်ခြေ၊ လေဖြတ်နိုင်ခြေနဲ့ အသက်အန္တရာယ်ဖြစ်နိုင်ခြေကို သိသိသာသာမြင့်တက်စေနိုင်တယ်လို့ အမေရိကန်နှလုံးရောဂါ ကောလိပ်ကထုတ်ပြန်တဲ့ သုတေသနအသစ်တစ်ခုက သတိပေးလိုက်ပါတယ်။ တစ်ရက်ကို အာလူးကြော်၊ အသင့်စားအေးခဲစာ၊ ပြုပြင်ထားတဲ့ အသားနဲ့ အချိုရည်တွေလို အစားအစာမျိုးကို ကိုးကြိမ်ထက်ပိုပြီး စားသုံးသူတွေမှာ တစ်ကြိမ်သာစားသူတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၆၇ ရာခိုင်နှုန်းအထိ မြင့်တက်လာတာတွေ့ရပါတယ်။

Read more

ထိုင်းဆေးရုံများ လျှပ်စစ်မီးပြတ်တောက်မှုအန္တရာယ်ကြုံလာရင် ဒီဇယ်ဆီအရန်အသင့်ရှိရန်အသည်းအသန်ရှာဖွေနေရ

ထိုင်းဆေးရုံများ လျှပ်စစ်မီးပြတ်တောက်မှုအန္တရာယ်ကြုံလာရင် ဒီဇယ်ဆီအရန်အသင့်ရှိရန်အသည်းအသန်ရှာဖွေနေရ
=======================
မတ်လ ၁၈

ထိုင်းနိုင်ငံ၊ ခွန်ဘူရီဒေသရှိ ဆေးရုံတစ်ရုံသည် လောင်စာဆီပြတ်လပ်မှုကို ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေအတွက်အသုံးပြုရန် အရန်မီးစက်များလည်ပတ်နိုင်ရေး ဒီဇယ်ဆီများ အသည်းအသန်ရှာဖွေနေကြောင်းသိရသည်။

အဆိုပါဆေးရုံ၏ လျှပ်စစ်ပညာရှင် ဂျူလာပွန် ရတ်ချာတော့ခ်က မတ်လ ၁၇ ရက်တွင် မီးစက်သုံးလုံးအတွက် ဒီဇယ်ဆီများ ရှာဖွေဝယ်ယူရန် တာဝန်ပေးခံခဲ့ရကြောင်း ပြောကြားထားပြီး ဆေးရုံများအနေဖြင့် အရေးကြီးသော ဆေးကုသမှုများ၊ အထူးသဖြင့် အသက်ကယ်စက်ကိရိယာများ လည်ပတ်နိုင်ရေးအတွက် လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရန် အထူးအရေးကြီးသည်။

Read more

ဂျပန်နိုင်ငံက မိုင် ၆ဝဝ ကျော်အကွာအထိ ပစ်ခတ်နိုင်သည့် အဆင့်မြှင့်တင်ထားသော ဒုံးကျည်များကို စတင်တပ်ဖြန့်

ဂျပန်နိုင်ငံက မိုင် ၆ဝဝ ကျော်အကွာအထိ ပစ်ခတ်နိုင်သည့် အဆင့်မြှင့်တင်ထားသော ဒုံးကျည်များကို စတင်တပ်ဖြန့်
=========================
မတ် ၁၇

ဂျပန်နိုင်ငံသည် ၎င်းတို့ကိုယ်တိုင် ထုတ်လုပ်ထားသည့် Type-12 အမျိုးအစား သင်္ဘောဖျက်ဒုံးကျည်စနစ်များကို အရှေ့တရုတ်ပင်လယ်အနီးတွင် စတင်တပ်ဖြန့်ထားကြောင်း မတ်လ ၁၅ ရက်တွင် ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

Read more

ဧပြီ ၁ မှစ၍ EV ယာဉ်များ အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်

ဧပြီ ၁ မှစ၍ EV ယာဉ်များ အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်
=======================
လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်ပြီး လျှပ်စစ်သုံးယာဉ်များ (EV) အပေါ် အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ဖော်ပြထားကြောင်း သိရသည်။

Read more

CNG Taxi များ ငှားရမ်းခတိုးတောင်းပါက CNG အသုံးပြုခွင့် ပယ်ဖျက်မည်

CNG Taxi များ ငှားရမ်းခတိုးတောင်းပါက CNG အသုံးပြုခွင့် ပယ်ဖျက်မည်
====================
စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုကို အခွင့်ကောင်းယူပြီး ငှားရမ်းခ တိုးမြှင့်တောင်းခံသည့် CNG Taxi များကို CNG အသုံးပြုခွင့်စာရင်းမှ ပယ်ဖျက်ကာ အခြားမော်တော်ယာဉ်များကို အစားထိုးခွင့်ပြုသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားကြေငြာထားကြောင်း သိရသည်။

Read more

ကော်ဖီသောက်ခြင်းက အရွယ်ရလာချိန်တွင် ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုနိုင်

ကော်ဖီသောက်ခြင်းက အရွယ်ရလာချိန်တွင် ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုနိုင်
=============================
ကော်ဖီသောက်တာက အရွယ်ရောက်လာချိန်မှာ ဦးနှောက်ကျန်းမာရေးကိုများစွာအထောက်အကူပြုနိုင်ပြီး အသက်ကြီးလာတဲ့အခါ ဖြစ်တတ်တဲ့ သူငယ်ပြန်ရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ နှစ်ပေါင်း ၄၀ ကျော်ကြာပြုလုပ်တဲ့ လေ့လာမှုအသစ်မှာ တွေ့ရှိခဲ့ပါတယ်။ လူပေါင်း ၁၃၀၀၀၀ ကျော်ကို ဆယ်စုနှစ်လေးခုစာလောက် အချိန်ယူလေ့လာခဲ့ရာမှာ ကဖင်းဓာတ်ပါတဲ့ကော်ဖီကို တစ်နေ့နှစ်ခွက်ကနေ သုံးခွက် ဒါမှမဟုတ် လက်ဖက်ရည်ကို တစ်ခွက်ကနေ နှစ်ခွက်သာအသင့်အတင့် သောက်သုံးသူတွေအနေနဲ့

Read more