တယ်လီနောဆင်းမ်ကတ်များ အွန်လိုင်းတွင် မှတ်ပုံတင်နိုင်မည့် ၀န်ဆောင်မှုပေးမည်
ဆင်းမ်ကတ်အသုံးပြုသူ ကိုယ်တိုင် အွန်လိုင်းတွင်လွယ်ကူစွာ မှတ်ပုံတင်နိုင်မည့် နည်းလမ်းများကို လာမည့် တစ်ပတ်အတွင်း မိတ်ဆက်နိုင်မည်ဟု တယ်လီနော မြန်မာကုမ္ပဏီမှ သတင်းရရှိသည်။
တယ်လီနောမြန်မာ အသုံးပြုသူများသည် စက်တင်ဘာ ၁၁ ရက်ကစတင်ကာ ဖုန်းနံပါတ်၅၀၀ သို့ REG ဟု မက်ဆေ့ခ်ျပို့ပေးကာ မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိ စစ် ဆေးနိုင်မည်ဖြစ်ကြောင်းနှင့် အသုံးပြုသူကိုယ်တိုင် အွန်လိုင်းမှ လွယ်ကူစွာ မှတ်ပုံတင်နိုင်မည့် နည်းလမ်းများကို ဆက်လက်လုပ်ဆောင်မည်ဟု ယင်းကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ Lars Erik Tellmann က ပြော ကြားသည်။
‘‘သုံးစွဲသူတွေအနေနဲ့ အခက်အခဲမရှိ မှတ်ပုံတင်နိုင်အောင် ဆင်းမ်ကတ်မှတ်ပုံတင်မှုလုပ်ငန်းစဉ်တွေကို ရိုးရှင်းသမျှ အရိုးရှင်း ဆုံးနည်းလမ်းတွေနဲ့ ဆောင်ရွက်နိုင်ဖို့ တယ်လီနောက ဆောင်ရွက်နေပြီး အွန်လိုင်းနဲ့ ကိုယ်တိုင် အလွယ်တကူ မှတ်ပုံတင်နိုင်မယ့် နည်းလမ်းတွေကို မကြာခင်ဆက် လက်အသိပေးမှာဖြစ်ပါတယ်’’ ဟု ၎င်းက ဆိုသည်။
တစ်ချိန်တည်းတွင် တယ်လီနောမြန်မာသည် ၎င်းတို့၏ အမှတ်တံဆိပ်အရောင်းဆိုင် ၉၀ ခန့်၏ လိပ်စာ တည်နေရာကို http://www.telenor.com.mm/pagedetail/store-location/ 99 ၀က်ဘ်ဆိုက်စာမျက်နှာ၌ ကြေညာထားပြီး ယင်းဆိုင်များ တွင် မှတ်ပုံတင်မှုရှိ၊ မရှိ စစ်ဆေး ခြင်း (သို့မဟုတ်) ၎င်းတို့၏ Call Center သို့ ဖုန်းခေါ်ဆို၍ စစ်ဆေး ခြင်းများပြုလုပ်နိုင်ကြောင်း ထုတ် ပြန်ကြေညာသည်။
အူရီးဒူး မြန်မာကုမ္ပဏီကလည်း ၎င်းတို့၏ ဆင်းမ်ကတ်အသုံးပြုသူများအတွက် မှတ်ပုံတင်ထားခြင်းရှိ၊ မရှိ *666# သို့ ဖုန်းခေါ်ဆို၍ အခမဲ့စစ်ဆေးနိုင်သည့် စနစ်တစ်ခုကို ပြီးခဲ့သည့် သြဂုတ် ၃၀ ရက်က မိတ်ဆက်ခဲ့သည်။
ပြည်တွင်းရှိ မိုဘိုင်းဖုန်းအoုံးပြုသူများအားလုံးသည် ဆင်းမ်ကတ် စတင်ဝယ်ယူစဉ်က မှတ်ပုံတင်ပြုလုပ်ထားခြင်း မရှိပါက၂၀၁၇ မတ်လကုန်နောက်ဆုံးထား၍ မှတ်ပုံတင်ရန်လိုအပ်ကြောင်းနှင့် မှတ်ပုံတင်ခြင်းမပြုလုပ်ပါက ဆက်သွယ်ရေးဝန်ဆောင်မှု ယာယီ ဖြတ်တောက်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာနက သြဂုတ် ၁ ရက်က ကြေညာထားသည်။
# 7 Day