ဝူဟန္အိုးပင္းစႏူကာၿပိဳင္ပြဲတြင္ ကမာၻ႔အဆင့္(၁) ဇီဟိုရွင္တန္အား အႏိုင္ရရွိၿပီး ခ်န္ဘင္ဂူ ခ်န္ပီယံဆု ဆြတ္ခူး

ဝူဟန္အိုးပင္းစႏူကာၿပိဳင္ပြဲတြင္ ကမာၻ႔အဆင့္(၁) ဇီဟိုရွင္တန္အား အႏိုင္ရရွိၿပီး ခ်န္ဘင္ဂူ ခ်န္ပီယံဆု ဆြတ္ခူး
======================
တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕၌က်င္းပခဲ့သည့္ ဝူဟန္ အိုးပင္းစႏူကာၿပိဳင္ပြဲတြင္ ကမာၻ႔အဆင့္(၂၂)ေနရာ၌ ရပ္တည္ေနသည့္ တ႐ုတ္ႏိုင္ငံသား ခ်န္ဘင္ဂူက တစ္ႏိုင္ငံတည္းသား ကမာၻ႔အဆင့္(၁)ေနရာမွ ဇီဟိုရွင္တန္အား အႏိုင္ရရွိၿပီး ခ်န္ပီယံဆုဆြတ္ခူးႏိုင္ခဲ့သည္။

အဆိုပါၿပိဳင္ပြဲသည္ ကမာၻ႔အဆင့္သတ္မွတ္ခ်က္ ရမွတ္မ်ားအတြက္ အေရးပါသည့္ၿပိဳင္ပြဲတစ္ခု ျဖစ္ေသာေၾကာင့္ ကမာၻ႔ထိပ္တန္းကစားသမားအမ်ားစု ပါဝင္လာေသာ္လည္း ခ်န္ဘင္ဂူက ထိပ္တန္း ကစားသမားမ်ားကို အဆင့္ဆင့္ေက်ာ္ျဖတ္ၿပီး ခ်န္ပီယံဆုကို ဆြတ္ခူးႏိုင္ခဲ့ျခင္းျဖစ္သည္။

ခ်န္ဘင္ဂူသည္ ကြာတားဖိုင္နယ္အဆင့္တြင္ လက္ရွိ ၿပိဳင္ပြဲမတိုင္မီ ကမာၻ႔အဆင့္(၁)ေနရာ၌ ရပ္တည္ေနသည့္ အဂၤလန္ကစားသမား ဂ်ဴ႕စ္ထရန႔္ကို (၁-၅) ရလဒ္ျဖင့္ အႏိုင္ရရွိသကဲ့သို႔ ဆီမီးဖိုင္နယ္ အဆင့္တြင္လည္း ကမာၻ႔အဆင့္(၁)ကစားသမားေဟာင္းတစ္ဦးျဖစ္သည့္ အဂၤလန္ထိပ္တန္း စႏူကာ ကစားသမား ဆူလီဗန္ႏွင့္ကစားခဲ့ရာ (၆-၃)ရလဒ္ျဖင့္ အႏိုင္ရရွိခဲ့ၿပီးေနာက္ ဗိုလ္လုပြဲအဆင့္သို႔ တက္ေရာက္ႏိုင္ခဲ့ျခင္း ျဖစ္သည္။

ထို႔ေနာက္ ဗိုလ္လုပြဲတြင္လည္း လက္ရွိကမာၻ႔ အဆင့္(၁)ေနရာသို႔ေရာက္ရွိလာခဲ့သည့္ တစ္ႏိုင္ငံတည္းသား ဇီဟိုရွင္တန္ႏွင့္ကစားခဲ့ရာ (၁၀-၇) ရလဒ္ျဖင့္ အႏိုင္ရရွိၿပီးေနာက္ ခ်န္ပီယံဆုကို ထိပ္တန္း စႏူကာကစားသမားမ်ားအား ေက်ာ္ျဖတ္၍ ထိုက္ထိုက္တန္တန္ဆြတ္ခူးႏိုင္ခဲ့ကာ ခ်န္ပီယံ ဆုေၾကးအျဖစ္ အေမရိကန္ေဒၚလာ ၁၇၅၀၀၀ ရရွိခဲ့ေၾကာင္း သိရသည္။ Ref; Cue Nations #MWD


ဝူဟန်အိုးပင်းစနူကာပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်(၁) ဇီဟိုရှင်တန်အား အနိုင်ရရှိပြီး ချန်ဘင်ဂူ ချန်ပီယံဆု ဆွတ်ခူး
======================
တရုတ်နိုင်ငံ ဝူဟန်မြို့၌ကျင်းပခဲ့သည့် ဝူဟန် အိုးပင်းစနူကာပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်(၂၂)နေရာ၌ ရပ်တည်နေသည့် တရုတ်နိုင်ငံသား ချန်ဘင်ဂူက တစ်နိုင်ငံတည်းသား ကမ္ဘာ့အဆင့်(၁)နေရာမှ ဇီဟိုရှင်တန်အား အနိုင်ရရှိပြီး ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲသည် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ရမှတ်များအတွက် အရေးပါသည့်ပြိုင်ပွဲတစ်ခု ဖြစ်သောကြောင့် ကမ္ဘာ့ထိပ်တန်းကစားသမားအများစု ပါဝင်လာသော်လည်း ချန်ဘင်ဂူက ထိပ်တန်း ကစားသမားများကို အဆင့်ဆင့်ကျော်ဖြတ်ပြီး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ချန်ဘင်ဂူသည် ကွာတားဖိုင်နယ်အဆင့်တွင် လက်ရှိ ပြိုင်ပွဲမတိုင်မီ ကမ္ဘာ့အဆင့်(၁)နေရာ၌ ရပ်တည်နေသည့် အင်္ဂလန်ကစားသမား ဂျူ့စ်ထရန့်ကို (၁-၅) ရလဒ်ဖြင့် အနိုင်ရရှိသကဲ့သို့ ဆီမီးဖိုင်နယ် အဆင့်တွင်လည်း ကမ္ဘာ့အဆင့်(၁)ကစားသမားဟောင်းတစ်ဦးဖြစ်သည့် အင်္ဂလန်ထိပ်တန်း စနူကာ ကစားသမား ဆူလီဗန်နှင့်ကစားခဲ့ရာ (၆-၃)ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဗိုလ်လုပွဲတွင်လည်း လက်ရှိကမ္ဘာ့ အဆင့်(၁)နေရာသို့ရောက်ရှိလာခဲ့သည့် တစ်နိုင်ငံတည်းသား ဇီဟိုရှင်တန်နှင့်ကစားခဲ့ရာ (၁၀-၇) ရလဒ်ဖြင့် အနိုင်ရရှိပြီးနောက် ချန်ပီယံဆုကို ထိပ်တန်း စနူကာကစားသမားများအား ကျော်ဖြတ်၍ ထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့ကာ ချန်ပီယံ ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁၇၅၀၀၀ ရရှိခဲ့ကြောင်း သိရသည်။ Ref; Cue Nations #MWD