တားဆီးမရတဲ့ အထိုင္လြန္ျခင္းရဲ႕ စိုးရိမ္စရာဆိုးက်ိဳးကို ပညာရွင္မ်ားေတြ႕ရွိ

တားဆီးမရတဲ့ အထိုင္လြန္ျခင္းရဲ႕ စိုးရိမ္စရာဆိုးက်ိဳးကို ပညာရွင္မ်ားေတြ႕ရွိ
=====================
အခ်ိန္ၾကာျမင့္စြာ ထိုင္ေနျခင္းေၾကာင့္ ျဖစ္ေပၚလာတဲ့ ေသြးေၾကာဆိုင္ရာဆိုးက်ိဳးေတြကို ျပင္းထန္တဲ့ ေလ့က်င့္ခန္းေတြပုံမွန္လုပ္ေဆာင္႐ုံနဲ႔ လုံးဝကာကြယ္ႏိုင္ျခင္းမရွိတာကို ပညာရွင္မ်ားကေတြ႕ရွိခဲ့ပါတယ္။ဒါလဟိုဇီတကၠသိုလ္မွ သုေတသီမ်ားကအသက္ငယ္႐ြယ္သူ ၂၁ ဦးကို ၁၂ ပတ္ၾကာ ေလ့လာဆန္းစစ္ခဲ့တာပါ။ သုေတသနမွာ၁၂ ပတ္အတြင္း ျပင္းထန္ေလ့က်င့္ခန္းျပဳလုပ္သူေတြဟာ ႀကံ့ခိုင္မႈေကာင္းမြန္လာေပမယ့္ႏွစ္နာရီဆက္တိုက္ ထိုင္ေနၿပီးတဲ့ေနာက္မွာေတာ့ တံေကာက္ေကြးေနာက္ရွိ ေသြးေၾကာ ေသြးလွည့္ပတ္မႈနဲ႔ ဆန႔္ကားႏိုင္စြမ္းဟာ ေလ့က်င့္ခန္းမလုပ္သူေတြနဲ႔ တူညီစြာပင္က်ဆင္းသြားတာကို ေတြ႕ရပါတယ္။
ေလ့က်င့္ခန္းလုပ္တာက ႏွလုံးနဲ႔ေသြးေၾကာ က်န္းမာေရးအတြက္လြန္စြာအေရးႀကီးေပမယ့္ အခ်ိန္အၾကာႀကီးထိုင္ေနတာကို ေလ့က်င့္ခန္းတစ္ခုတည္းနဲ႔အစားထိုးကာကြယ္လို႔မရႏိုင္ေၾကာင္း သုေတသီေတြကသတိေပးထားပါတယ္။ ဒါေၾကာင့္ႀကံ့ခိုင္မႈေကာင္းမြန္ေနရင္ေတာင္ အထိုင္မလြန္ေစဖို႔အတြက္ အလုပ္လုပ္ေနစဥ္အတြင္း မၾကာခဏ ထထိုင္တာ၊ လမ္းေလွ်ာက္တာနဲ႔လႈပ္ရွားမႈျပဳလုပ္ေပးဖို႔ မျဖစ္မေနလိုအပ္တယ္လို႔ သုေတသနပညာရွင္မ်ားကသတိေပးပါတယ္။ ဒီသုေတသနကို European Journal of Applied Physiology မွာ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ Ref: STD #MWD
တားဆီးမရတဲ့ အထိုင်လွန်ခြင်းရဲ့ စိုးရိမ်စရာဆိုးကျိုးကို ပညာရှင်များတွေ့ရှိ
=====================
အချိန်ကြာမြင့်စွာ ထိုင်နေခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သွေးကြောဆိုင်ရာဆိုးကျိုးတွေကို ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေပုံမှန်လုပ်ဆောင်ရုံနဲ့ လုံးဝကာကွယ်နိုင်ခြင်းမရှိတာကို ပညာရှင်များကတွေ့ရှိခဲ့ပါတယ်။ဒါလဟိုဇီတက္ကသိုလ်မှ သုတေသီများကအသက်ငယ်ရွယ်သူ ၂၁ ဦးကို ၁၂ ပတ်ကြာ လေ့လာဆန်းစစ်ခဲ့တာပါ။ သုတေသနမှာ၁၂ ပတ်အတွင်း ပြင်းထန်လေ့ကျင့်ခန်းပြုလုပ်သူတွေဟာ ကြံ့ခိုင်မှုကောင်းမွန်လာပေမယ့်နှစ်နာရီဆက်တိုက် ထိုင်နေပြီးတဲ့နောက်မှာတော့ တံကောက်ကွေးနောက်ရှိ သွေးကြော သွေးလှည့်ပတ်မှုနဲ့ ဆန့်ကားနိုင်စွမ်းဟာ လေ့ကျင့်ခန်းမလုပ်သူတွေနဲ့ တူညီစွာပင်ကျဆင်းသွားတာကို တွေ့ရပါတယ်။
လေ့ကျင့်ခန်းလုပ်တာက နှလုံးနဲ့သွေးကြော ကျန်းမာရေးအတွက်လွန်စွာအရေးကြီးပေမယ့် အချိန်အကြာကြီးထိုင်နေတာကို လေ့ကျင့်ခန်းတစ်ခုတည်းနဲ့အစားထိုးကာကွယ်လို့မရနိုင်ကြောင်း သုတေသီတွေကသတိပေးထားပါတယ်။ ဒါကြောင့်ကြံ့ခိုင်မှုကောင်းမွန်နေရင်တောင် အထိုင်မလွန်စေဖို့အတွက် အလုပ်လုပ်နေစဉ်အတွင်း မကြာခဏ ထထိုင်တာ၊ လမ်းလျှောက်တာနဲ့လှုပ်ရှားမှုပြုလုပ်ပေးဖို့ မဖြစ်မနေလိုအပ်တယ်လို့ သုတေသနပညာရှင်များကသတိပေးပါတယ်။ ဒီသုတေသနကို European Journal of Applied Physiology မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ Ref: STD #MWD




