ဆီးခ်ိဳေရာဂါကုသမႈ အ တြက္ ေအာင္ျမင္မႈတစ္ခု

ဆီးခ်ိဳေရာဂါကုသမႈအတြက္ ေအာင္ျမင္မႈတစ္ခု
=========================
ဆီးခ်ိဳေရာဂါသည္ေတြကိုကုသတဲ့အခါ အင္ဆူလင္ထုတ္ေပးႏိုင္တဲ့ဆဲလ္ေတြကို ခႏၶာကိုယ္ထဲထည့္သြင္းေပးရေလ့ရွိပါတယ္။ ဒါေပမဲ့ လူနာရဲ႕ကိုယ္ခံအားစနစ္က ဒီဆဲလ္ေတြကို ျပင္ပရန္သူလို႔သတ္မွတ္ၿပီး ျပန္လည္တိုက္ခိုက္ေလ့ရွိတာေၾကာင့္ ကိုယ္ခံအားထိန္းေဆးေတြကို ဆက္တိုက္ေသာက္ေနရပါတယ္။ ဒီလို ကိုယ္ခံအားထိန္းေဆးေတြ ေရရွည္ေသာက္ရတာက ကင္ဆာေရာဂါအပါအဝင္ တျခားေဘးထြက္ဆိုးက်ိဳးႀကီးႀကီးမားမားေတြကိုျဖစ္ေပၚေစပါတယ္။
ဒါေၾကာင့္ ပန္ဆယ္ေဗးနီးယားတကၠသိုလ္မွ သုေတသီမ်ားက ဆီးခ်ိဳေရာဂါကုသမႈမွာ ေဘးထြက္ဆိုးက်ိဳးမရွိဘဲသက္သာေစႏိုင္မယ့္ ဆဲလ္ကုထုံးအသစ္တစ္မ်ိဳးကိုေအာင္ျမင္စြာစမ္းသပ္ႏိုင္ခဲ့ပါတယ္။ သုေတသနပညာရွင္မ်ားက လူသားမ်ားရဲ႕မမ်ိဳးဥအျပင္ဘက္ရွိ သဘာဝအကာအကြယ္အလႊာကိုတုပၿပီး BZP လို႔ေခၚတဲ့ ဂ်ယ္လီလို ပ႐ိုတင္းအလႊာပါးေလးကို ဖန္တီးခဲ့ၾကပါတယ္။ ဒီအကာအကြယ္လႊာဟာ လူသားဆံပင္ထက္ အဆေပါင္းမ်ားစြာပိုမိုပါးလႊာၿပီး ထည့္သြင္းလိုက္တဲ့ ဆဲလ္ေတြကို ကိုယ္ခံအားစနစ္က မျမင္ေတြ႕ႏိုင္ေအာင္ ဖုံးကြယ္ေပးထားႏိုင္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ဆဲလ္ေတြက ထုတ္လုပ္လိုက္တဲ့ အင္ဆူလင္ေတြကိုေတာ့ အျပင္ကို လြတ္လပ္စြာစီးဆင္းခြင့္ေပးထားပါတယ္။ဆီးခ်ိဳေရာဂါျဖစ္ေနတဲ့ ႂကြက္ေတြမွာ စမ္းသပ္ၾကည့္တဲ့အခါ တစ္ပတ္အတြင္းမွာပဲ ေသြးတြင္းသၾကားဓာတ္ ပုံမွန္ျပန္ျဖစ္သြားတာကိုေတြ႕ရွိရပါတယ္။
#MWD _Ref: IE
ဆီးချိုရောဂါကုသမှုအတွက် အောင်မြင်မှုတစ်ခု
=========================
ဆီးချိုရောဂါသည်တွေကိုကုသတဲ့အခါ အင်ဆူလင်ထုတ်ပေးနိုင်တဲ့ဆဲလ်တွေကို ခန္ဓာကိုယ်ထဲထည့်သွင်းပေးရလေ့ရှိပါတယ်။ ဒါပေမဲ့ လူနာရဲ့ကိုယ်ခံအားစနစ်က ဒီဆဲလ်တွေကို ပြင်ပရန်သူလို့သတ်မှတ်ပြီး ပြန်လည်တိုက်ခိုက်လေ့ရှိတာကြောင့် ကိုယ်ခံအားထိန်းဆေးတွေကို ဆက်တိုက်သောက်နေရပါတယ်။ ဒီလို ကိုယ်ခံအားထိန်းဆေးတွေ ရေရှည်သောက်ရတာက ကင်ဆာရောဂါအပါအဝင် တခြားဘေးထွက်ဆိုးကျိုးကြီးကြီးမားမားတွေကိုဖြစ်ပေါ်စေပါတယ်။
ဒါကြောင့် ပန်ဆယ်ဗေးနီးယားတက္ကသိုလ်မှ သုတေသီများက ဆီးချိုရောဂါကုသမှုမှာ ဘေးထွက်ဆိုးကျိုးမရှိဘဲသက်သာစေနိုင်မယ့် ဆဲလ်ကုထုံးအသစ်တစ်မျိုးကိုအောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပါတယ်။ သုတေသနပညာရှင်များက လူသားများရဲ့မမျိုးဥအပြင်ဘက်ရှိ သဘာဝအကာအကွယ်အလွှာကိုတုပပြီး BZP လို့ခေါ်တဲ့ ဂျယ်လီလို ပရိုတင်းအလွှာပါးလေးကို ဖန်တီးခဲ့ကြပါတယ်။ ဒီအကာအကွယ်လွှာဟာ လူသားဆံပင်ထက် အဆပေါင်းများစွာပိုမိုပါးလွှာပြီး ထည့်သွင်းလိုက်တဲ့ ဆဲလ်တွေကို ကိုယ်ခံအားစနစ်က မမြင်တွေ့နိုင်အောင် ဖုံးကွယ်ပေးထားနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဆဲလ်တွေက ထုတ်လုပ်လိုက်တဲ့ အင်ဆူလင်တွေကိုတော့ အပြင်ကို လွတ်လပ်စွာစီးဆင်းခွင့်ပေးထားပါတယ်။ဆီးချိုရောဂါဖြစ်နေတဲ့ ကြွက်တွေမှာ စမ်းသပ်ကြည့်တဲ့အခါ တစ်ပတ်အတွင်းမှာပဲ သွေးတွင်းသကြားဓာတ် ပုံမှန်ပြန်ဖြစ်သွားတာကိုတွေ့ရှိရပါတယ်။
#MWD _Ref: IE




