မြန္ဂိုလီးယားႏိုင္ငံက ေက်ာင္းမ်ားတြင္ လူမႈကြန္ရက္အသုံးျပဳမႈကို ပိတ္ပင္တားျမစ္မည္

မြန္ဂိုလီးယားႏိုင္ငံက ေက်ာင္းမ်ားတြင္ လူမႈကြန္ရက္အသုံးျပဳမႈကို ပိတ္ပင္တားျမစ္မည္
==========================
ၾသဂုတ္ ၂၁ ရက္
မြန္ဂိုလီးယားႏိုင္ငံတစ္ဝန္းရွိ အေျခခံပညာေက်ာင္းမ်ားတြင္ ၂၀၂၆-၂၀၂၇ ပညာသင္ႏွစ္မွစ၍ လူမႈကြန္ရက္ဆိုရွယ္မီဒီယာအမ်ိဳးအစားအားလုံး အသုံးျပဳမႈကို ပိတ္ပင္တားျမစ္သြားမည္ျဖစ္ေၾကာင္း ပညာေရးႏွင့္သိပၸံဝန္ႀကီးဌာန ဝန္ႀကီး Luvsantseren Enkh-Amgalan က ၾသဂုတ္ ၁၉ ရက္၌ ေျပာၾကားခဲ့သည္။
ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ အြန္လိုင္းလုံၿခဳံေရးကို ေသခ်ာမႈရွိေစရန္ႏွင့္ စခရင္ (screen) ၾကည့္ရႈအသုံးျပဳမႈေလွ်ာ့ခ်ႏိုင္ေရးအတြက္ လာမည့္ပညာသင္ႏွစ္မွစ၍ မိဘမ်ား၊ ဆရာမ်ားႏွင့္ ေက်ာင္းသားမ်ား ပါဝင္သည့္ လူမႈကြန္ရက္ ဂ႐ုခ်က္မ်ား (Chat Groups) သိုမဟုတ္ စာမ်က္ႏွာမ်ား (Pages) ထားရွိျခင္းကို လုံးဝပိတ္ပင္တားျမစ္ရန္ ဆုံးျဖတ္ခ်က္ခ်မွတ္ခဲ့ေၾကာင္း Enkh-Amgalan က ေျပာၾကားခဲ့သည္။
မြန္ဂိုလီးယားႏိုင္ငံတြင္ Facebook ၊ Instagram ႏွင့္ TikTok တိုမွာ အသုံးျပဳမႈအမ်ားဆုံး လူမႈကြန္ရက္ပလက္ေဖာင္းမ်ား ျဖစ္သည္။ အထူးသျဖင့္ ဆရာ၊ ဆရာမမ်ားက ေက်ာင္းသားမ်ားႏွင့္ ၎တို၏မိဘမ်ားထံသို Facebook ဂ႐ုခ်က္မ်ားမွတစ္ဆင့္ ဆက္သြယ္ေျပာဆိုျခင္း၊ အိမ္စာမ်ားကို အဆိုပါ ဂ႐ုမ်ားတြင္ ပိုစ္တင္ေပးျခင္းမွာ အေလ့အထကဲ့သို ျဖစ္ေနၿပီျဖစ္သည္။
ပုံမွန္အားျဖင့္ မြန္ဂိုလီးယားႏိုင္ငံတစ္ဝန္းရွိ အလႊာအသီးသီးမွ ပညာေရးဌာနမ်ား၏ ပညာသင္ႏွစ္သည္ စက္တင္ဘာလ ၁ ရက္တြင္ စတင္ေၾကာင္း သိရသည္။ _Ref: Xinhua
မွန်ဂိုလီးယားနိုင်ငံက ကျောင်းများတွင် လူမှုကွန်ရက်အသုံးပြုမှုကို ပိတ်ပင်တားမြစ်မည်
==========================
သြဂုတ် ၂၁ ရက်
မွန်ဂိုလီးယားနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ လူမှုကွန်ရက်ဆိုရှယ်မီဒီယာအမျိုးအစားအားလုံး အသုံးပြုမှုကို ပိတ်ပင်တားမြစ်သွားမည်ဖြစ်ကြောင်း ပညာရေးနှင့်သိပ္ပံဝန်ကြီးဌာန ဝန်ကြီး Luvsantseren Enkh-Amgalan က သြဂုတ် ၁၉ ရက်၌ ပြောကြားခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများ၏ အွန်လိုင်းလုံခြုံရေးကို သေချာမှုရှိစေရန်နှင့် စခရင် (screen) ကြည့်ရှုအသုံးပြုမှုလျှော့ချနိုင်ရေးအတွက် လာမည့်ပညာသင်နှစ်မှစ၍ မိဘများ၊ ဆရာများနှင့် ကျောင်းသားများ ပါဝင်သည့် လူမှုကွန်ရက် ဂရုချက်များ (Chat Groups) သိုမဟုတ် စာမျက်နှာများ (Pages) ထားရှိခြင်းကို လုံးဝပိတ်ပင်တားမြစ်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း Enkh-Amgalan က ပြောကြားခဲ့သည်။
မွန်ဂိုလီးယားနိုင်ငံတွင် Facebook ၊ Instagram နှင့် TikTok တိုမှာ အသုံးပြုမှုအများဆုံး လူမှုကွန်ရက်ပလက်ဖောင်းများ ဖြစ်သည်။ အထူးသဖြင့် ဆရာ၊ ဆရာမများက ကျောင်းသားများနှင့် ၎င်းတို၏မိဘများထံသို Facebook ဂရုချက်များမှတစ်ဆင့် ဆက်သွယ်ပြောဆိုခြင်း၊ အိမ်စာများကို အဆိုပါ ဂရုများတွင် ပိုစ်တင်ပေးခြင်းမှာ အလေ့အထကဲ့သို ဖြစ်နေပြီဖြစ်သည်။
ပုံမှန်အားဖြင့် မွန်ဂိုလီးယားနိုင်ငံတစ်ဝန်းရှိ အလွှာအသီးသီးမှ ပညာရေးဌာနများ၏ ပညာသင်နှစ်သည် စက်တင်ဘာလ ၁ ရက်တွင် စတင်ကြောင်း သိရသည်။ _Ref: Xinhua



