ေက်း ႐ြာ အုပ္စု အုပ္ခ်ဳပ္ေရးမႉးမ်ား လုပ္ငန္း စြမ္းေဆာင္ရည္ျမင့္မားေရးသင္တန္းသို႔ သြားေရာက္အားေပးစကားေျပာၾကား


ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉးမ်ား လုပ္ငန္းစြမ္းေဆာင္ရည္ျမင့္မားေရးသင္တန္းသို႔ သြားေရာက္အားေပးစကားေျပာၾကား
==========================
ေပ်ာ္ဘြယ္ ၾသဂုတ္ ၁၈
ျပည္ခိုင္ၿဖိဳးပါတီ၊အေထြေထြအတြင္းေရးမႉး ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအး သည္ ၾသဂုတ္လ (၁၉)ရက္ေန႔ကေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန႐ုံးတြင္ ဖြင့္လွစ္လွ်က္ရွိေသာ ရပ္ကြက္ (သို႔မဟုတ္) ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉးမ်ားလုပ္ငန္းစြမ္းေဆာင္ရည္ျမင့္မားေရးသင္တန္း အမွတ္စဥ္ (၂/၂၀၂၆) သြားေရာက္၍ အားေပးစကားေျပာၾကားရာဆြင္ ရပ္ကြက္၊ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ားသည္ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရး၊ ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔ လုပ္ေဆာင္ရာတြင္အေျခခံက်ေသာအခန္းက႑မွ ပါဝင္ေနသူမ်ားျဖစ္ေၾကာင္း၊ မိမိတို႔ ရပ္ကြက္တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေၾကာသားရင္သားမခြဲျခားပဲ စည္းစည္းလုံးလုံးပူးေပါင္းေဆာင္႐ြက္ရန္လိုေၾကာင္း၊ ရပ္ကြက္/ ေက်း႐ြာ တည္ၿငိမ္ေအးခ်မ္းမႈမွတစ္ဆင့္ႏိုင္ငံတညိၿငိမ္ေအးခ်မ္းမႈရွိေအာင္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ယခုလိုအုပ္ခ်ဳပ္ေရးမႉးမ်ားစြမ္းရည္ျမင့္သင္တန္းမ်ားဖြင့္လွစ္ျခင္းသည္ ႏိုင္ငံအတြက္ေကာင္းမြန္ေသာအလားအလာျဖစ္သျဖင့္ သင္တန္းမွမွ်ေဝမႈမ်ားကို မိမိတို႔ အေတြ႕အႀကဳံမ်ားႏွင့္ေပါင္းစပ္၍ လက္ေတြ႕နယ္ပယ္တြင္ ေကာင္းမြန္စြာ အသုံးခ်ကာ ျပည္သူအားကိုးယုံၾကည္ေသာ အုပ္ခ်ဳပ္ေရးမႉးေကာင္းမ်ားျဖစ္လာမည္ကိုယုံၾကည္ပါေၾကာင္း၊ ယခုသင္တန္းတြင္ လာေရာက္အားေပးစကားေျပာၾကားခြင့္ရသည့္အတြက္ ဝမ္းသာမိပါေၾကာင္း ေျပာၾကားၿပီး သင္တန္းတက္ေရာက္ေနေသာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ခဲ့ပါသည္။
ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းသို့ သွားရောက်အားပေးစကားပြောကြား
==========================
ပျော်ဘွယ် သြဂုတ် ၁၈
ပြည်ခိုင်ဖြိုးပါတီ၊အထွေထွေအတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး သည် သြဂုတ်လ (၁၉)ရက်နေ့ကပျော်ဘွယ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်လျှက်ရှိသော ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဥ် (၂/၂၀၂၆) သွားရောက်၍ အားပေးစကားပြောကြားရာဆွင် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ လုပ်ဆောင်ရာတွင်အခြေခံကျသောအခန်းကဏ္ဍမှ ပါဝင်နေသူများဖြစ်ကြောင်း၊ မိမိတို့ ရပ်ကွက်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြောသားရင်သားမခွဲခြားပဲ စည်းစည်းလုံးလုံးပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ရပ်ကွက်/ ကျေးရွာ တည်ငြိမ်အေးချမ်းမှုမှတစ်ဆင့်နိုင်ငံတညိငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ယခုလိုအုပ်ချုပ်ရေးမှူးများစွမ်းရည်မြင့်သင်တန်းများဖွင့်လှစ်ခြင်းသည် နိုင်ငံအတွက်ကောင်းမွန်သောအလားအလာဖြစ်သဖြင့် သင်တန်းမှမျှဝေမှုများကို မိမိတို့ အတွေ့အကြုံများနှင့်ပေါင်းစပ်၍ လက်တွေ့နယ်ပယ်တွင် ကောင်းမွန်စွာ အသုံးချကာ ပြည်သူအားကိုးယုံကြည်သော အုပ်ချုပ်ရေးမှူးကောင်းများဖြစ်လာမည်ကိုယုံကြည်ပါကြောင်း၊ ယခုသင်တန်းတွင် လာရောက်အားပေးစကားပြောကြားခွင့်ရသည့်အတွက် ဝမ်းသာမိပါကြောင်း ပြောကြားပြီး သင်တန်းတက်ရောက်နေသော ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။




