က ေလး မ်ား ဆိုရွယ္မီဒီယာသုံးစြဲမႈကန႔္သတ္ရန္ အ ေမ ရိ က န္ႏိုင္ငံသားမ်ား ေထာက္ခံ

က ေလး မ်ား ဆိုရွယ္မီဒီယာသုံးစြဲမႈကန႔္သတ္ရန္ အ ေမ ရိ က န္ႏိုင္ငံသားမ်ား ေထာက္ခံ
=======================
အေမရိကန္ႏိုင္ငံသား ၆၆ ရာခိုင္ႏႈန္းက အသက္ ၁၆ ႏွစ္ေအာက္ ကေလးေတြကို ဆိုရွယ္မီဒီယာ အသုံးျပဳခြင့္ ကန႔္သတ္မယ့္ အသက္အ႐ြယ္ စိစစ္ေရး ဥပေဒေတြကို ေထာက္ခံၾကတယ္လို႔ Reuters မွာ ေဖာ္ျပထားပါတယ္။ အဲဒီေထာက္ခံမႈမွာ ရီပတ္ဘလစ္ကန္နဲ႔ ဒီမိုကရက္ပါတီဝင္ေတြ ႏွစ္ဖက္စလုံး ပါဝင္ၾကၿပီး အေမရိကန္ႏိုင္ငံသား ၈၅ ရာခိုင္ႏႈန္းက ဆိုရွယ္မီဒီယာေတြဟာ ကေလးေတြရဲ႕ စိတ္က်န္းမာေရးကို ထိခိုက္ေစႏိုင္တယ္လို႔ ယုံၾကည္ေန ၾကပါတယ္။
လက္ရွိအခ်ိန္မွာ Meta နဲ႔ Youtube အပါအဝင္ နည္းပညာကုမၸဏီႀကီးေတြဟာ အသုံးျပဳသူ လူငယ္ေတြအေပၚ ဆက္ဆံပုံနဲ႔ ပတ္သက္ၿပီး ဥပေဒေရးရာ ေစာင့္ၾကည့္မႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ ျပည္နယ္အစိုးရေတြကလည္း တင္းက်ပ္တဲ့ စည္းမ်ဥ္းေတြ ခ်မွတ္ဖို႔ ႀကိဳးစားေနၾကၿပီး မၾကာခင္ကလည္း ကေလးေတြရဲ႕ စိတ္က်န္းမာေရးကို ထိခိုက္ေစမႈနဲ႔ Meta ကုမၸဏီကို ေဒၚလာ ၅၆၇ သန္း ေပးေဆာင္ဖို႔ တရား႐ုံးက အမိန႔္ခ်မွတ္ခဲ့ပါတယ္။
အေမရိကန္ႏိုင္ငံရဲ႕ အဲဒီလႈပ္ရွားမႈဟာ ကေလးငယ္ေတြကို ကာကြယ္ဖို႔ ႀကိဳးပမ္းေနတဲ့ ႏိုင္ငံတကာရဲ႕ အားထုတ္မႈ ေတြနဲ႔လည္း တိုက္ဆိုင္ေနပါတယ္။ ၾသစေၾတးလ်၊ ျပင္သစ္၊ ၿဗိတိန္၊ မေလးရွားနဲ႔ စပိန္ႏိုင္ငံေတြမွာလည္း အသက္ ၁၆ ႏွစ္ေအာက္ လူငယ္ေတြအတြက္ ဆိုရွယ္မီဒီယာအသုံးျပဳမႈကို ကန႔္သတ္တာ ဒါမွမဟုတ္ အသက္အ႐ြယ္ စိစစ္ တာေတြကို ျပဳလုပ္ဖို႔ ဥပေဒေတြ ျပ႒ာန္းဖို႔ ျပင္ဆင္ေနၾကၿပီ ျဖစ္ပါတယ္။
က လေး များ ဆိုရှယ်မီဒီယာသုံးစွဲမှုကန့်သတ်ရန် အ မေ ရိ က န်နိုင်ငံသားများ ထောက်ခံ
=======================
အမေရိကန်နိုင်ငံသား ၆၆ ရာခိုင်နှုန်းက အသက် ၁၆ နှစ်အောက် ကလေးတွေကို ဆိုရှယ်မီဒီယာ အသုံးပြုခွင့် ကန့်သတ်မယ့် အသက်အရွယ် စိစစ်ရေး ဥပဒေတွေကို ထောက်ခံကြတယ်လို့ Reuters မှာ ဖော်ပြထားပါတယ်။ အဲဒီထောက်ခံမှုမှာ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်ပါတီဝင်တွေ နှစ်ဖက်စလုံး ပါဝင်ကြပြီး အမေရိကန်နိုင်ငံသား ၈၅ ရာခိုင်နှုန်းက ဆိုရှယ်မီဒီယာတွေဟာ ကလေးတွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ယုံကြည်နေ ကြပါတယ်။
လက်ရှိအချိန်မှာ Meta နဲ့ Youtube အပါအဝင် နည်းပညာကုမ္ပဏီကြီးတွေဟာ အသုံးပြုသူ လူငယ်တွေအပေါ် ဆက်ဆံပုံနဲ့ ပတ်သက်ပြီး ဥပဒေရေးရာ စောင့်ကြည့်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြည်နယ်အစိုးရတွေကလည်း တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ဖို့ ကြိုးစားနေကြပြီး မကြာခင်ကလည်း ကလေးတွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေမှုနဲ့ Meta ကုမ္ပဏီကို ဒေါ်လာ ၅၆၇ သန်း ပေးဆောင်ဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ အဲဒီလှုပ်ရှားမှုဟာ ကလေးငယ်တွေကို ကာကွယ်ဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံတကာရဲ့ အားထုတ်မှု တွေနဲ့လည်း တိုက်ဆိုင်နေပါတယ်။ သြစတြေးလျ၊ ပြင်သစ်၊ ဗြိတိန်၊ မလေးရှားနဲ့ စပိန်နိုင်ငံတွေမှာလည်း အသက် ၁၆ နှစ်အောက် လူငယ်တွေအတွက် ဆိုရှယ်မီဒီယာအသုံးပြုမှုကို ကန့်သတ်တာ ဒါမှမဟုတ် အသက်အရွယ် စိစစ် တာတွေကို ပြုလုပ်ဖို့ ဥပဒေတွေ ပြဋ္ဌာန်းဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။




