ဘယ္လာ႐ုစ္နိုင္ငံ Belaya Rus ပါတီဥကၠ႒ ဦးေဆာင္ေသာ ပါတီ ကိုယ္စားလွယ္အဖြဲ႕အား ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၌ ႀကိဳဆိုႏႈတ္ဆက္

ဘယ္လာ႐ုစ္နိုင္ငံ Belaya Rus ပါတီဥကၠ႒ ဦးေဆာင္ေသာ ပါတီ ကိုယ္စားလွယ္အဖြဲ႕အား ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၌ ႀကိဳဆိုႏႈတ္ဆက္

————————————–

ရန္ကုန္ဩဂုတ္ ၁၂

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၏ ဖိတ္ၾကားခ်က္အရ ဘယ္လာ႐ုစ္နိုင္ငံ Belaya Rus ပါတီဥကၠ႒ H.E VOLHA CHAMADANAVA( the Chairperson) ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕အား ၂၀၂၆ခုႏွစ္၊ ဩဂုတ္လ (၁၂)ရက္ေန႕ ၁၁ နာရီ ၃၅ မိနစ္အခ်ိန္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊တိုင္းပါတီေခတၱဥကၠ႒ဦးေဆာင္ေသာ တိုင္းပါတီေကာ္မတီဝင္မ်ားက ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၌ ႀကိဳဆိုႏႈတ္ဆက္ခဲ့ၾကသည္။

 

အဆိုပါႀကိဳဆိုရာသို႔ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒ ဦးေဌးေအာင္၊ တိုင္းေဒသႀကီး လႊတ္ေတာ္ဒုတိယဥကၠ႒ ဦးေက်ာ္ေက်ာ္စိုး၊ ရန္ကုန္တိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳး ပါတီေခတၱဥကၠ႒ ဦးေနဝင္း၊ အတြင္းေရးမႈးဦးေအာင္ေက်ာ္မင္း၊ တိုင္းပါတီဘ႑ာေရးမႉး ေဒၚေအးမင္းမိုး၊တိုင္းေဒသႀကီးေကာ္မတီဝင္မ်ားျဖစ္ၾကေသာ ေဒၚသင္းသင္းမိုး၊ ေဒၚစန္းစန္းဝင္း ၊ ေဒါက္ တာေနလင္း၊ေဒၚဇာျခည္လင္း၊ ေဒၚအိအိလွိုင္ ႏွင့္ တာဝန္ရွိသူမ်ားက ႀကိဳဆိုႏႈတ္ဆက္ခဲ့ၾကပါသည္။


 

ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ ဦးဆောင်သော ပါတီ ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်

————————————–

ရန်ကုန်ဩဂုတ် ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ H.E VOLHA CHAMADANAVA( the Chairperson) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၆ခုနှစ်၊ ဩဂုတ်လ (၁၂)ရက်နေ့ ၁၁ နာရီ ၃၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊တိုင်းပါတီခေတ္တဥက္ကဋ္ဌဦးဆောင်သော တိုင်းပါတီကော်မတီဝင်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

 

အဆိုပါကြိုဆိုရာသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီခေတ္တဥက္ကဋ္ဌ ဦးနေဝင်း၊ အတွင်းရေးမှုးဦးအောင်ကျော်မင်း၊ တိုင်းပါတီဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုး၊တိုင်းဒေသကြီးကော်မတီဝင်များဖြစ်ကြသော ဒေါ်သင်းသင်းမိုး၊ ဒေါ်စန်းစန်းဝင်း ၊ ဒေါက် တာနေလင်း၊ဒေါ်ဇာခြည်လင်း၊ ဒေါ်အိအိလှိုင် နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။