ဖခင္ျဖစ္သူေၾကာင့္ နာက်င္ခံစားရတဲ့ အ တြက္ ေဘာလုံးနဲ႔ေဝးရာမွာ ခဏ ေန ခ်င္ ေသး ေၾကာင္း မက္ဆီ ေျပာၾကား

ဖခင္ျဖစ္သူေၾကာင့္ နာက်င္ခံစားရတဲ့အတြက္ ေဘာလုံးနဲ႔ေဝးရာမွာ ခဏေနခ်င္ေသးေၾကာင္း မက္ဆီ ေျပာၾကား
======================
အင္တာမိုင္ယာမီအသင္းနဲ႔ အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းေခါင္းေဆာင္ မက္ဆီက ဖခင္ျဖစ္သူေၾကာင့္ နာက်င္ခံစားရတဲ့အတြက္ ေဘာလုံးနဲ႔ေဝးရာမွာ ခဏေနခ်င္ေသးေၾကာင္း ေျပာၾကားခဲ့ပါတယ္။
မက္ဆီရဲ႕ ဖခင္ ေဟာ္ဟဲမက္ဆီဟာ ၿပီးခဲ့တဲ့ စေနေန႔က အသက္(၆၈)ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားခဲ့တာျဖစ္ၿပီး အဲဒီညမွာပဲ မက္ဆီက အာဂ်င္တီးနားကို ျပန္သြားခဲ့ပါတယ္။
လက္ရွိအခ်ိန္မွာ ဖခင္ျဖစ္သူရဲ႕ ဈာပနအခမ္းအနား က်င္းပၿပီးသြားခဲ့ၿပီျဖစ္ေပမဲ့ မက္ဆီက ေဘာလုံးနဲ႔ ေဝးရာမွာ ေနခ်င္ေသးေၾကာင္း ေျပာၾကားခဲ့တာပါ။
”ကြၽန္ေတာ္ မညာပါဘူး။ ဒီအရာက အရမ္းကို ခက္ခဲျပင္းထန္ပါတယ္။ ကြၽန္ေတာ့္အတြက္တင္ မဟုတ္ဘဲ ကြၽန္ေတာ့္ကေလးေတြအတြက္ေရာပါ။ ကြၽန္ေတာ့္ရဲ႕ အငယ္ဆုံးသား ကိုင္႐ိုက အနာက်င္ရဆုံးတစ္ေယာက္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ သူက ကြၽန္ေတာ့္အေဖနဲ႔ လက္ပြန္းတတီးရွိလြန္းတာေၾကာင့္
ပါ။ ကြၽန္ေတာ့္ရဲ႕ ကစားသမားဘဝအေပၚ အေဖ့ရဲ႕သက္ေရာက္မႈကို ကြၽန္ေတာ္ ဘယ္ေတာ့မွ ေမ့ႏိုင္မွာမဟုတ္ပါဘူး။ သူ႔ကို ဘယ္ေတာ့မွ ျပန္မေတြ႕ရေတာ့ဘူးလို သိေနရတာကလည္း ခက္ခဲပါတယ္။ ကြၽန္ေတာ့္ရဲ႕ စိတ္ထဲမွာ ရွင္းသြားတဲ့အထိ ေဘာလုံးနဲ႔ေဝးရာမွာ ကြၽန္ေတာ္ ခဏေလာက္ ေနခ်င္ပါတယ္။ ဒီအရာက လက္ခံဖို တကယ္ခက္ခဲလိုပါ” လို မက္ဆီက ေျပာၾကားခဲ့ပါတယ္။
ေဟာ္ဟဲမက္ဆီက မက္ဆီရဲ႕ ဖခင္အျဖစ္သာမက ေအးဂ်င့္တစ္ဦးအျဖစ္ပါ ဦးေဆာင္လမ္းၫႊန္ေပးခဲ့သူျဖစ္ၿပီ း ၿပီးခဲ့တဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲကာလမွာကတည္းက က်န္းမာေရးအေျခအေန ဆိုး႐ြားေနခဲ့ျခင္းျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာ အင္တာမိုင္ယာမီအသင္းရဲ႕ ကစားသမားေတြနဲ႔ ပရိသတ္ေတြက မက္ဆီနဲ႔ထပ္တူ ဝမ္းနည္းေၾကကြဲေၾကာင္း ျပသမႈ၊ အားေပးမႈေတြ ျပဳလုပ္ေနၾကပါတယ္။
အင္တာမိုင္ယာမီနည္းျပ ဂြီလာမိုဟိုေယာ့စ္ကေတာ့ အသင္းေခါင္းေဆာင္ တိုက္စစ္မႉး မက္ဆီ ျပန္လာမယ့္အခ်ိန္ကို မသိရွိရေသးေၾကာင္း ေျပာၾကားခဲ့ပါတယ္။ #Eleven


ဖခင်ဖြစ်သူကြောင့် နာကျင်ခံစားရတဲ့အတွက် ဘောလုံးနဲ့ဝေးရာမှာ ခဏနေချင်သေးကြောင်း မက်ဆီ ပြောကြား
======================
အင်တာမိုင်ယာမီအသင်းနဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီက ဖခင်ဖြစ်သူကြောင့် နာကျင်ခံစားရတဲ့အတွက် ဘောလုံးနဲ့ဝေးရာမှာ ခဏနေချင်သေးကြောင်း ပြောကြားခဲ့ပါတယ်။
မက်ဆီရဲ့ ဖခင် ဟော်ဟဲမက်ဆီဟာ ပြီးခဲ့တဲ့ စနေနေ့က အသက်(၆၈)နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး အဲဒီညမှာပဲ မက်ဆီက အာဂျင်တီးနားကို ပြန်သွားခဲ့ပါတယ်။
လက်ရှိအချိန်မှာ ဖခင်ဖြစ်သူရဲ့ ဈာပနအခမ်းအနား ကျင်းပပြီးသွားခဲ့ပြီဖြစ်ပေမဲ့ မက်ဆီက ဘောလုံးနဲ့ ဝေးရာမှာ နေချင်သေးကြောင်း ပြောကြားခဲ့တာပါ။
”ကျွန်တော် မညာပါဘူး။ ဒီအရာက အရမ်းကို ခက်ခဲပြင်းထန်ပါတယ်။ ကျွန်တော့်အတွက်တင် မဟုတ်ဘဲ ကျွန်တော့်ကလေးတွေအတွက်ရောပါ။ ကျွန်တော့်ရဲ့ အငယ်ဆုံးသား ကိုင်ရိုက အနာကျင်ရဆုံးတစ်ယောက်ပါ။ ဘာကြောင့်လဲဆိုတော့ သူက ကျွန်တော့်အဖေနဲ့ လက်ပွန်းတတီးရှိလွန်းတာကြောင့်
ပါ။ ကျွန်တော့်ရဲ့ ကစားသမားဘဝအပေါ် အဖေ့ရဲ့သက်ရောက်မှုကို ကျွန်တော် ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါဘူး။ သူ့ကို ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးလို သိနေရတာကလည်း ခက်ခဲပါတယ်။ ကျွန်တော့်ရဲ့ စိတ်ထဲမှာ ရှင်းသွားတဲ့အထိ ဘောလုံးနဲ့ဝေးရာမှာ ကျွန်တော် ခဏလောက် နေချင်ပါတယ်။ ဒီအရာက လက်ခံဖို တကယ်ခက်ခဲလိုပါ” လို မက်ဆီက ပြောကြားခဲ့ပါတယ်။
ဟော်ဟဲမက်ဆီက မက်ဆီရဲ့ ဖခင်အဖြစ်သာမက အေးဂျင့်တစ်ဦးအဖြစ်ပါ ဦးဆောင်လမ်းညွှန်ပေးခဲ့သူဖြစ်ပြီ း ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကာလမှာကတည်းက ကျန်းမာရေးအခြေအနေ ဆိုးရွားနေခဲ့ခြင်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အင်တာမိုင်ယာမီအသင်းရဲ့ ကစားသမားတွေနဲ့ ပရိသတ်တွေက မက်ဆီနဲ့ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း ပြသမှု၊ အားပေးမှုတွေ ပြုလုပ်နေကြပါတယ်။
အင်တာမိုင်ယာမီနည်းပြ ဂွီလာမိုဟိုယော့စ်ကတော့ အသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီ ပြန်လာမယ့်အချိန်ကို မသိရှိရသေးကြောင်း ပြောကြားခဲ့ပါတယ်။ #Eleven