၃၉ႀကိမ္ေျမာက္ ထိုင္းဘုရင့္ဖလားပိုက္ေက်ာ္ျခင္းၿပိဳင္ ပြဲ ဆုတံဆိပ္ေပးအပ္ျခင္းအခမ္းအနားက်င္းပျပဳလုပ္



၃၉ႀကိမ္ေျမာက္ ထိုင္းဘုရင့္ဖလားပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ ဆုတံဆိပ္ေပးအပ္ျခင္းအခမ္းအနားက်င္းပျပဳလုပ္
=======================
ယေန႔က်င္းပျပဳလုပ္ခဲ့သည့္ ၃၉ႀကိမ္ေျမာက္ ထိုင္းဘုရင့္ဖလားပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ ၂၀၂၆၏ ႏွစ္ေယာက္တြဲ၊ သုံးေယာက္တြဲႏွင့္ေလးေယာက္တြဲၿပိဳင္ပြဲမ်ားတြင္ ဆုရရွိသည့္ႏိုင္ငံမ်ားအား ဆုတံဆိပ္ေပးအပ္ျခင္းအခမ္းအနားတြင္ အမ်ိဳးသား၄ေယာက္တြဲ ေ႐ႊတံဆိပ္ဆုႏွင့္ အမ်ိဳးသမီးႏွစ္ေယာက္တြဲ ေငြတံဆိပ္ဆု အသီးသီးရရွိခဲ့ပါသည္။
ျမန္မာ့လက္ေ႐ြးစင္ပိုက္ေက်ာ္ျခင္းအသင္းသည္ ယခုၿပိဳင္ပြဲတြင္ ၿပိဳင္ပြဲအမ်ိဳးအစား (၆)မ်ိဳး ပါဝင္ယွဥ္ၿပိဳင္ခဲ့ရာ အမ်ိဳးသားေလးေယာက္တြဲၿပိဳင္ပြဲတြင္ ေ႐ႊတံဆိပ္၊ အမ်ိဳးသားကြင္းသြင္းျခင္းခတ္ၿပိဳင္ပြဲတြင္ ေငြတံဆိပ္၊ အမ်ိဳးသမီးႏွစ္ေယာက္တြဲၿပိဳင္ပြဲတြင္ ေငြတံဆိပ္ႏွင့္အမ်ိဳးသမီးကြင္းသြင္းျခင္းခတ္ၿပိဳင္ပြဲတြင္ ေငြတံဆိပ္ဆုတို႔ ရရွိခဲ့ၿပီး အမ်ိဳးသား ၃ေယာက္တြဲ အသင္းလိုက္ၿပိဳင္ပြဲႏွင့္ အမ်ိဳးသမီးေလးေယာက္တြဲၿပိဳင္ပြဲမ်ားတြင္ ဆုတံဆိပ္ႏွင့္လြဲေခ်ာ္ခဲ့ပါသည္။
(၃၉)ႀကိမ္ေျမာက္ ထိုင္းဘုရင့္ဖလား ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲတြင္ျမန္မာ့လက္ေ႐ြးစင္ပိုက္ေက်ာ္ျခင္းအဖြဲ႕အေနျဖင့္ ေအာက္ပါလူအင္အားျဖင့္ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည္-
အုပ္ခ်ဳပ္သူ/နည္းျပအဖြဲ႕
၁။ ဦးသန္းလြင္ (အဖြဲ႕ေခါင္းေဆာင္)
၂။ ဦးေက်ာ္မင္းစိုး (အမ်ိဳးသားအသင္းနည္းျပ)
၃။ ဦးထက္ေဇာ္ (အမ်ိဳးသားအသင္းနည္းျပ)
၄။ ဦးေအာင္ခ်ိဳျမင့္ (အမ်ိဳးသမီးအသင္းနည္းျပ)
၅။ ေဒၚနမ့္ယဥ္ယဥ္ျမင့္ (အမ်ိဳးသမီးအသင္းနည္းျပ)
၆။ ဦးထြန္းေက်ာ္စိုး (ဒိုင္လူႀကီး)
ကစားသမားမ်ား (အမ်ိဳးသား)
၁။ ထူးေအာင္ေက်ာ္
၂။ ဟန္ဝင္းထြဋ္
၃။ ထြန္းဝဏၰေအာင္
၄။ ေအာင္ေဇာ္ဟိန္း
၅။ ရဲထက္
၆။ ခ်စ္လြန္းပို
၇။ ေအာင္မ်ိဳးေက်ာ္
၈။ ေက်ာ္မင္းသူ
၉။ ေဇာ္မင္းခန႔္
၁၀။ ေအာင္ေအာင္
၁၁။ ရန္ပိုင္စိုး
၁၂။ သက္ပိုင္စိုး
၁၃။ ဇင္လင္းထူး
၁၄။ မင္းရန္ခိုင္
၁၅။ ခ်စ္မင္းပိုင္
ကစားသမားမ်ား (အမ်ိဳးသမီး)
၁။ ခ်ယ္ရီလင္းသစ္
၂။ ယဥ္ယဥ္ေဌး
၃။ စန္းသီတာမိုး
၄။ ဖူးဖူး
၅။ ဆုမြန္ေက်ာ္
၆။ ႏွင္းႏွင္းေဝ
၇။ နန႔္ေမသူေထြး
၈။ ႐ႊန္းလဲ့ဇင္
၉။ ေနျခည္ေႏြး
#Myanmar Sepaktakraw
၃၉ကြိမ်မြောက် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုတံဆိပ်ပေးအပ်ခြင်းအခမ်းအနားကျင်းပပြုလုပ်
=======================
ယနေ့ကျင်းပပြုလုပ်ခဲ့သည့် ၃၉ကြိမ်မြောက် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ၂၀၂၆၏ နှစ်ယောက်တွဲ၊ သုံးယောက်တွဲနှင့်လေးယောက်တွဲပြိုင်ပွဲများတွင် ဆုရရှိသည့်နိုင်ငံများအား ဆုတံဆိပ်ပေးအပ်ခြင်းအခမ်းအနားတွင် အမျိုးသား၄ယောက်တွဲ ရွှေတံဆိပ်ဆုနှင့် အမျိုးသမီးနှစ်ယောက်တွဲ ငွေတံဆိပ်ဆု အသီးသီးရရှိခဲ့ပါသည်။
မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် ယခုပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား (၆)မျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်၊ အမျိုးသားကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် ငွေတံဆိပ်၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ငွေတံဆိပ်နှင့်အမျိုးသမီးကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုတို့ ရရှိခဲ့ပြီး အမျိုးသား ၃ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲနှင့် အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲများတွင် ဆုတံဆိပ်နှင့်လွဲချော်ခဲ့ပါသည်။
(၃၉)ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအဖွဲ့အနေဖြင့် အောက်ပါလူအင်အားဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်-
အုပ်ချုပ်သူ/နည်းပြအဖွဲ့
၁။ ဦးသန်းလွင် (အဖွဲ့ခေါင်းဆောင်)
၂။ ဦးကျော်မင်းစိုး (အမျိုးသားအသင်းနည်းပြ)
၃။ ဦးထက်ဇော် (အမျိုးသားအသင်းနည်းပြ)
၄။ ဦးအောင်ချိုမြင့် (အမျိုးသမီးအသင်းနည်းပြ)
၅။ ဒေါ်နမ့်ယဉ်ယဉ်မြင့် (အမျိုးသမီးအသင်းနည်းပြ)
၆။ ဦးထွန်းကျော်စိုး (ဒိုင်လူကြီး)
ကစားသမားများ (အမျိုးသား)
၁။ ထူးအောင်ကျော်
၂။ ဟန်ဝင်းထွဋ်
၃။ ထွန်းဝဏ္ဏအောင်
၄။ အောင်ဇော်ဟိန်း
၅။ ရဲထက်
၆။ ချစ်လွန်းပို
၇။ အောင်မျိုးကျော်
၈။ ကျော်မင်းသူ
၉။ ဇော်မင်းခန့်
၁၀။ အောင်အောင်
၁၁။ ရန်ပိုင်စိုး
၁၂။ သက်ပိုင်စိုး
၁၃။ ဇင်လင်းထူး
၁၄။ မင်းရန်ခိုင်
၁၅။ ချစ်မင်းပိုင်
ကစားသမားများ (အမျိုးသမီး)
၁။ ချယ်ရီလင်းသစ်
၂။ ယဉ်ယဉ်ဌေး
၃။ စန်းသီတာမိုး
၄။ ဖူးဖူး
၅။ ဆုမွန်ကျော်
၆။ နှင်းနှင်းဝေ
၇။ နန့်မေသူထွေး
၈။ ရွှန်းလဲ့ဇင်
၉။ နေခြည်နွေး
#Myanmar Sepaktakraw



