တရားဝင္မွတ္တမ္းတင္ထားျခင္းမရွိသည့္အျပင္ က်န္းမာေရးအတြက္ ေဘးအႏၲရာယ္ျဖစ္ေစႏိုင္ေသာ အလွကုန္ပစၥည္းငါးမ်ိဳး ထုတ္ျပန္


တရားဝင္မွတ္တမ္းတင္ထားျခင္းမရွိသည့္အျပင္ က်န္းမာေရးအတြက္ ေဘးအႏၲရာယ္ျဖစ္ေစႏိုင္ေသာ အလွကုန္ပစၥည္းငါးမ်ိဳး ထုတ္ျပန္
==========================
တရားဝင္မွတ္တမ္းတင္ထားျခင္းမရွိသည့္အျပင္ က်န္းမာေရးအတြက္ ေဘးအႏၲရာယ္ျဖစ္ေစႏိုင္ေသာ တားျမစ္ဓာတုပစၥည္းမ်ား ပါဝင္ေနသည့္ အလွကုန္ပစၥည္းငါးမ်ိဳးကို အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနက ထုတ္ျပန္သည္။
အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနသည္ က်န္းမာေရးဝန္ႀကီးဌာန၏ လမ္းၫႊန္မႈျဖင့္ အရည္အေသြး စစ္မွန္ေကာင္းမြန္၍ က်န္းမာေရးအတြက္ ေဘးအႏၲရာယ္ကင္းရွင္းေသာ အလွကုန္ ပစၥည္းမ်ားကို အမ်ားျပည္သူတို႔သုံးစြဲႏိုင္ရန္ စနစ္တက်ကြပ္ကဲလ်က္ရွိေၾကာင္း သိရသည္။
အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနသည္ ျပည္တြင္း၌ေရာင္းခ်ေနသည့္ အလွကုန္ပစၥည္းမ်ားကို စစ္ေဆးခဲ့ရာ ေဖာ္ျပပါအလွကုန္ပစၥည္း ငါးမ်ိဳးသည္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန၌ မွတ္တမ္းတင္ထားျခင္းမရွိသည့္အျပင္ က်န္းမာေရးအတြက္ ေဘးအႏၲရာယ္ ျဖစ္ေစႏိုင္ေသာ တားျမစ္ဓါတုပစၥည္းမ်ား ပါဝင္ေနေၾကာင္း စစ္ေဆးေတြ႕ရွိရသျဖင့္ အမ်ားျပည္သူလူထု သုံးစြဲရန္မသင့္ေတာ္ပါေၾကာင္း အသိေပးအပ္သည္ဟု ပါရွိသည္။
တရားဝင်မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော အလှကုန်ပစ္စည်းငါးမျိုး ထုတ်ပြန်
==========================
တရားဝင်မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေသည့် အလှကုန်ပစ္စည်းငါးမျိုးကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်သည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အရည်အသွေး စစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန် ပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲလျက်ရှိကြောင်း သိရသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ ဖော်ပြပါအလှကုန်ပစ္စည်း ငါးမျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူလူထု သုံးစွဲရန်မသင့်တော်ပါကြောင်း အသိပေးအပ်သည်ဟု ပါရှိသည်။




