ေပ်ာ္ဘြယ္ၿမိဳ႕နယ္ အတြင္းရွိ ​ေခ်ာင္းမ်ား၊ ေရ ေျမာင္း မ်ား ေရ စီး ေရ လာ ေကာင္းမြန္ ေစ ေရး ႏွင့္ ေရ ႀကီးေရ လွ်ံ မႈ မျဖစ္ေပၚ ေစ ေရး ကြင္းဆင္းၾကည့္ရႈ၍ သက္ဆိုင္ရာဌာနတာဝန္ရွိသူမ်ားႏွင့္ ေဆြး ေႏြး

ေပ်ာ္ဘြယ္ၿမိဳ႕နယ္ အတြင္းရွိ ​ေခ်ာင္းမ်ား၊ ေရ ေျမာင္း မ်ား ေရ စီး ေရ လာ ေကာင္းမြန္ ေစ ေရး ႏွင့္ ေရ ႀကီးေရ လွ်ံ မႈ မျဖစ္ေပၚ ေစ ေရး ကြင္းဆင္းၾကည့္ရႈ၍ သက္ဆိုင္ရာဌာနတာဝန္ရွိသူမ်ားႏွင့္ ေဆြး ေႏြး

=============================

ေပ်ာ္ဘြယ္ ၾသဂုတ္ ၉

ျပည္ခိုင္ၿဖိဳးပါတီအေထြေထြအတြင္းေရးမႉး၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေသာင္းေအးသည္မႏၲေလးတိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ဦးေအာင္ႏိုင္ၫြန္႔ႏွင့္ ၿမိဳ႕နယ္ပါတီတာဝန္ရွိသူမ်ား၊ ေဒသဆိုင္ရာဌာနတာဝန္ရွိသူမ်ားလိုက္ပါ၍ ၾသဂုတ္လ (၉)ရက္ေန႔၊ ေန႔လည္ပိုင္းက ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ ေဇြ႕ေခ်ာင္း (ေစြ႕ေခ်ာင္း)သို႔ သြားေရာက္ၾကည့္ရႈ၍ ေခ်ာင္းေရစီးဆင္းရာတြင္ ေရစီးေရလာေကာင္းမြန္ေစေရးႏွင့္ေရႀကီးေရလွ်ံမႈ မျဖစ္ေပၚေစေရး အတြက္ေခ်ာင္းအတြင္းေပါက္ေရာက္လွ်က္ရွိေသာ ႏြယ္ပင္ျမက္ပင္မ်ား၊ေဗဒါပင္မ်ား ရွင္းလင္းဖယ္ရွာႏိုင္ေရး သက္ဆိုင္ရာ ဌာနတာဝန္ရွိသူမ်ားႏွင့္ ေဆြးေႏြးခဲ့ပါသည္။

ထိုမွတစ္ဆင့္ ေပ်ာ္ဘြယ္ၿမိဳ႕တြင္ ေရႀကီးေရလွ်ံမႈအမ်ားဆုံးျဖစ္ေပၚေသာ ေျမနိမ့္ပိုင္းရပ္ကြက္မ်ားျဖစ္သည့္ ၿမိဳ႕သစ္ရပ္ကြက္ႏွင့္ ေ႐ႊျပည္ရန္လုံ ရပ္ကြက္မ်ားသို႔ သြားေရာက္၍ ရပ္ကြက္အတြင္းရွိေရေျမာင္းမ်ား ေရစီးေရလာေကာင္းမြန္ေစေရးႏွင့္ ရပ္ကြက္ေနျပည္သူမ်ား ေရႀကီးေရလွ်ံမႈကင္းေဝေစေရး ေရေျမာင္းမ်ားအတြင္းပိတ္စိုေနေသာအမွိက္မ်ားအား အခ်ိန္မီရွင္းလင္းဖယ္ရွားႏိုင္ေရး သက္ဆိုင္ရာဌာနတာဝန္ရွိသူမ်ားႏွင့္ ေဆြးေႏြးညႇိႏွိင္းခဲ့ေၾကာင္း သိရွိရပါသည္။


ပျော်ဘွယ်မြို့နယ်အတွင်းရှိ​ချောင်းများ၊ ရေမြောင်းများရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ကွင်းဆင်းကြည့်ရှု၍ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်ဆွေးနွေး
=============================
ပျော်ဘွယ် သြဂုတ် ၉

ပြည်ခိုင်ဖြိုးပါတီအထွေထွေအတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးသည်မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်ညွန့်နှင့် မြို့နယ်ပါတီတာဝန်ရှိသူများ၊ ဒေသဆိုင်ရာဌာနတာဝန်ရှိသူများလိုက်ပါ၍ သြဂုတ်လ (၉)ရက်နေ့၊ နေ့လည်ပိုင်းက ပျော်ဘွယ်မြို့နယ်၊ ဇွေ့ချောင်း (စွေ့ချောင်း)သို့ သွားရောက်ကြည့်ရှု၍ ချောင်းရေစီးဆင်းရာတွင် ရေစီးရေလာကောင်းမွန်စေရေးနှင့်ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး အတွက်ချောင်းအတွင်းပေါက်ရောက်လျှက်ရှိသော နွယ်ပင်မြက်ပင်များ၊ဗေဒါပင်များ ရှင်းလင်းဖယ်ရှာနိုင်ရေး သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ပါသည်။

ထိုမှတစ်ဆင့် ပျော်ဘွယ်မြို့တွင် ရေကြီးရေလျှံမှုအများဆုံးဖြစ်ပေါ်သော မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် မြို့သစ်ရပ်ကွက်နှင့် ရွှေပြည်ရန်လုံ ရပ်ကွက်များသို့ သွားရောက်၍ ရပ်ကွက်အတွင်းရှိရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် ရပ်ကွက်နေပြည်သူများ ရေကြီးရေလျှံမှုကင်းဝေစေရေး ရေမြောင်းများအတွင်းပိတ်စိုနေသောအမှိက်များအား အချိန်မီရှင်းလင်းဖယ်ရှားနိုင်ရေး သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိင်းခဲ့ကြောင်း သိရှိရပါသည်။