၂၀၂၆-၂၀၂၇ ေဘာလုံးရာသီ စပိန္စူပါဖလားဗိုလ္လုပြဲကို ေဖေဖာ္ဝါရီလအတြင္း တူကီယဲႏိုင္ငံအစၥတန္ဘူလ္ၿမိဳ႕၌ က်င္းပမည္

၂၀၂၆-၂၀၂၇ ေဘာလုံးရာသီ စပိန္စူပါဖလားဗိုလ္လုပြဲကို ေဖေဖာ္ဝါရီလအတြင္း တူကီယဲႏိုင္ငံအစၥတန္ဘူလ္ၿမိဳ႕၌ က်င္းပမည္
======================
စပိန္ႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္က ၂၀၂၆-၂၀၂၇ ေဘာလုံးရာသီ စပိန္စူပါဖလားဗိုလ္လုပြဲကို ျပည္ပႏိုင္ငံ၌ သြားေရာက္ က်င္းပရန္ဆုံးျဖတ္ထားၿပီး ၂၀၂၇ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း တူကီယဲႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕၌က်င္းပရန္ ဆုံးျဖတ္ခဲ့ေၾကာင္း သိရသည္။
အေစာပိုင္းက စပိန္ႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္က စပိန္စူပါဖလားၿပိဳင္ပြဲကို ျပည္တြင္း၌သာက်င္းပခဲ့ေသာ္လည္း ေနာက္ပိုင္းႏွစ္မ်ားတြင္ ပ႐ိုမိုးရွင္းဆင္းသည့္အေနျဖင့္ စပိန္စူပါဖလားၿပိဳင္ပြဲကို ျပည္ပႏိုင္ငံမ်ား၌သြားေရာက္ က်င္းပခဲ့ျခင္းျဖစ္သည္။
စပိန္ႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္က ၂၀၂၅ – ၂၀၂၆ ေဘာလုံးရာသီ စပိန္စူပါဖလားၿပိဳင္ပြဲကို ေဆာ္ဒီႏိုင္ငံ၌ သြားေရာက္ က်င္းပခဲ့ၿပီး ဗိုလ္လုပြဲစဥ္တြင္ ဘာစီလိုနာအသင္းက ရီးယဲလ္မက္ဒရစ္အသင္းကို ၃ ဂိုး- ၂ ဂိုးျဖင့္အႏိုင္ရရွိၿပီး ခ်န္ပီယံဆုဖလားဆြတ္ခူးႏိုင္ခဲ့သည္။
အလားတူ စပိန္ႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္က လာမည့္ ၂၀၂၆-၂၀၂၇ ေဘာလုံးရာသီ စပိန္စူပါဖလားၿပိဳင္ပြဲကို တူကီယဲႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕၌က်င္းပရန္ ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ၿပီးေနာက္ သေဘာတူညီမႈရရွိခဲ့သည့္အတြက္ ၂၀၂၇ ခုႏွစ္ ေဖေဖာ္ဝါရီ လအတြင္း က်င္းပရန္ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။
လက္ရွိ ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ကက်င္းပသည့္ ၿပိဳင္ပြဲမ်ားကိုလည္း တူကီယဲႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕၌ က်င္းပေလ့ရွိၿပီး ယခုအခါတြင္လည္း စပိန္ႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္က ပ႐ိုမိုးရွင္းဆင္းသည့္အေနျဖင့္ အစၥတန္ဘူလ္ ၿမိဳ႕၌က်င္းပရန္ စီစဥ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ Ref:Fabrizio Romano
၂၀၂၆-၂၀၂၇ ဘောလုံးရာသီ စပိန်စူပါဖလားဗိုလ်လုပွဲကို ဖေဖော်ဝါရီလအတွင်း တူကီယဲနိုင်ငံအစ္စတန်ဘူလ်မြို့၌ ကျင်းပမည်
======================
စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ်က ၂၀၂၆-၂၀၂၇ ဘောလုံးရာသီ စပိန်စူပါဖလားဗိုလ်လုပွဲကို ပြည်ပနိုင်ငံ၌ သွားရောက် ကျင်းပရန်ဆုံးဖြတ်ထားပြီး ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ကျင်းပရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အစောပိုင်းက စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ်က စပိန်စူပါဖလားပြိုင်ပွဲကို ပြည်တွင်း၌သာကျင်းပခဲ့သော်လည်း နောက်ပိုင်းနှစ်များတွင် ပရိုမိုးရှင်းဆင်းသည့်အနေဖြင့် စပိန်စူပါဖလားပြိုင်ပွဲကို ပြည်ပနိုင်ငံများ၌သွားရောက် ကျင်းပခဲ့ခြင်းဖြစ်သည်။
စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ်က ၂၀၂၅ – ၂၀၂၆ ဘောလုံးရာသီ စပိန်စူပါဖလားပြိုင်ပွဲကို ဆော်ဒီနိုင်ငံ၌ သွားရောက် ကျင်းပခဲ့ပြီး ဗိုလ်လုပွဲစဉ်တွင် ဘာစီလိုနာအသင်းက ရီးယဲလ်မက်ဒရစ်အသင်းကို ၃ ဂိုး- ၂ ဂိုးဖြင့်အနိုင်ရရှိပြီး ချန်ပီယံဆုဖလားဆွတ်ခူးနိုင်ခဲ့သည်။
အလားတူ စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ်က လာမည့် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီ စပိန်စူပါဖလားပြိုင်ပွဲကို တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ကျင်းပရန် ဆွေးနွေးမှုများလုပ်ဆောင်ပြီးနောက် သဘောတူညီမှုရရှိခဲ့သည့်အတွက် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီ လအတွင်း ကျင်းပရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ဥရောပဘောလုံးအဖွဲ့ချုပ်ကကျင်းပသည့် ပြိုင်ပွဲများကိုလည်း တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကျင်းပလေ့ရှိပြီး ယခုအခါတွင်လည်း စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ်က ပရိုမိုးရှင်းဆင်းသည့်အနေဖြင့် အစ္စတန်ဘူလ် မြို့၌ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ Ref:Fabrizio Romano




