လက်ရှိဈေးကွက်တန်ကြေးအများဆုံးကွင်းလယ်ကစားသမားစာရင်းမှာ ထိပ်ဆုံးကရပ်တည်နေတဲ့ ဘယ်လင်ဟမ်
လက်ရှိဈေးကွက်တန်ကြေးအများဆုံးကွင်းလယ်ကစားသမားစာရင်းမှာ ထိပ်ဆုံးကရပ်တည်နေတဲ့ ဘယ်လင်ဟမ်
===============================
လက်ရှိဈေးကွက်တန်ကြေး အများဆုံးကွင်းလယ်ကစားသမားစာရင်းတွင် ရီးယဲလ်မက်ဒရစ်အသင်းမှ ဘယ်လင်ဟမ်က ထိပ်ဆုံး၌ ရပ်တည်လျက်ရှိသည်။‌
အစောပိုင်းကကမ္ဘာ့ဈေးကွက်တန်ကြေးအများဆုံး ကစားသမား စာရင်းတွင် ဘာစီလိုနာအသင်းမှ ပက်ဒရီက ထိပ်ဆုံး၌ဦးဆောင်နေသော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် အပြောင်းအလဲများရှိလာခဲ့ပြီး ဘယ်လင်ဟမ်က ပက်ဒရီအားကျော်ဖြတ်ပြီး ထိပ်ဆုံး၌ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။
အလားတူ ကမ္ဘာ့ဈေးကွက်တန်ကြေးအများဆုံး ကွင်းလယ်ကစားသမားစာရင်းတွင် ဘယ်လင်ဟမ်၏နောက်တွင် စပိန်အသင်းနှင့် ဘာစီလိုနာအသင်းမှ ပက်ဒရီက ယူရို သန်း ၁၅၀၊ ပေါ်တူဂီအသင်းနှင့် ပီအက်စ်ဂျီအသင်းမှ ဂျာအိုနီဗက်က ယူရို သန်း ၁၄၀၊ ပေါ်တူဂီအသင်းနှင့် ပီအက်စ်ဂျီအသင်းမှပင် ဗီတင်ဟာက ယူရို သန်း ၁၄၀၊ အင်္ဂလန်အသင်းနှင့် အာဆင်နယ်အသင်းမှ ဒီကလန်ရိုက်စ်က ယူရို သန်း ၁၂၀၊ အင်္ဂလန်အသင်းနှင့် မန်စီးတီးအသင်းမှ အန်ဒါဆန်က ယူရို သန်း ၁၁၀၊ အင်္ဂလန်အသင်းနှင့် ချယ်လ်ဆီးအသင်းမှ ရော်ဂျာက ယူရို သန်း ၁၁၀၊ စပိန်အသင်းနှင့် ဘာစီလိုနာအသင်းမှ ဖာမင်းလိုပက်ဇ်၊ ဂျာမနီအသင်းနှင့် လီဗာပူးအသင်းမှ ဖလိုရီယန်ဝက်ဇ်၊ ဂျာမနီအသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းမှ မူစီအာလာတို့က ယူရို သန်း ၁၀၀ စီဖြင့် ကမ္ဘာ့ဈေးကွက် တန်ကြေးအများဆုံးကစားသမား ၁၀ ဦးစာရင်းတွင် အသီးသီးရပ်တည်လျက်ရှိကြောင်း သိရသည်။
လက်ရှိစျေးကွက်တန်ကြေးအများဆုံးကွင်းလယ်ကစားသမားစာရင်းမှာ ထိပ်ဆုံးကရပ်တည်နေတဲ့ ဘယ်လင်ဟမ်
===============================
လက်ရှိစျေးကွက်တန်ကြေး အများဆုံးကွင်းလယ်ကစားသမားစာရင်းတွင် ရီးယဲလ်မက်ဒရစ်အသင်းမှ ဘယ်လင်ဟမ်က ထိပ်ဆုံး၌ ရပ်တည်လျက်ရှိသည်။‌
အစောပိုင်းကကမ္ဘာ့စျေးကွက်တန်ကြေးအများဆုံး ကစားသမား စာရင်းတွင် ဘာစီလိုနာအသင်းမှ ပက်ဒရီက ထိပ်ဆုံး၌ဦးဆောင်နေသော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် အပြောင်းအလဲများရှိလာခဲ့ပြီး ဘယ်လင်ဟမ်က ပက်ဒရီအားကျော်ဖြတ်ပြီး ထိပ်ဆုံး၌ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဘယ်လင်ဟမ်သည် ပြီးခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သော်လည်း အင်္ဂလန်အသင်းအတွက် ခုနစ်ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကာ သွင်းဂိုးအများဆုံးကစားသမားစာရင်းတွင် ပြင်သစ်အသင်းမှ အမ်ဘတ်ပီနှင့် အာဂျင်တီးနားအသင်းမှ မက်ဆီတို့နောက် တတိယနေရာ၌ ရပ်တည်နိုင်ခဲ့သည်။ ဘယ်လင်ဟမ်သည် လက်ရှိ ၎င်း၏ကမ္ဘာ့စျေးကွက်တန်ကြေးမှာလည်း ယူရိုသန်း ၁၆၀ အထိရှိနေခြင်းကြောင့်ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ စျေးကွက်တန်ကြေးအများဆုံး ကွင်းလယ်ကစားသမား ၁၀ ဦးစာရင်းတွင် အင်္ဂလန်အသင်းမှ ကစားသမားလေးဦးအထိ ပါဝင်လျက်ရှိသည်။
အလားတူ ကမ္ဘာ့စျေးကွက်တန်ကြေးအများဆုံး ကွင်းလယ်ကစားသမားစာရင်းတွင် ဘယ်လင်ဟမ်၏နောက်တွင် စပိန်အသင်းနှင့် ဘာစီလိုနာအသင်းမှ ပက်ဒရီက ယူရို သန်း ၁၅၀၊ ပေါ်တူဂီအသင်းနှင့် ပီအက်စ်ဂျီအသင်းမှ ဂျာအိုနီဗက်က ယူရို သန်း ၁၄၀၊ ပေါ်တူဂီအသင်းနှင့် ပီအက်စ်ဂျီအသင်းမှပင် ဗီတင်ဟာက ယူရို သန်း ၁၄၀၊ အင်္ဂလန်အသင်းနှင့် အာဆင်နယ်အသင်းမှ ဒီကလန်ရိုက်စ်က ယူရို သန်း ၁၂၀၊ အင်္ဂလန်အသင်းနှင့် မန်စီးတီးအသင်းမှ အန်ဒါဆန်က ယူရို သန်း ၁၁၀၊ အင်္ဂလန်အသင်းနှင့် ချယ်လ်ဆီးအသင်းမှ ရော်ဂျာက ယူရို သန်း ၁၁၀၊ စပိန်အသင်းနှင့် ဘာစီလိုနာအသင်းမှ ဖာမင်းလိုပက်ဇ်၊ ဂျာမနီအသင်းနှင့် လီဗာပူးအသင်းမှ ဖလိုရီယန်ဝက်ဇ်၊ ဂျာမနီအသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းမှ မူစီအာလာတို့က ယူရို သန်း ၁၀၀ စီဖြင့် ကမ္ဘာ့စျေးကွက် တန်ကြေးအများဆုံးကစားသမား ၁၀ ဦးစာရင်းတွင် အသီးသီးရပ်တည်လျက်ရှိကြောင်း သိရသည်။