ျမန္မာ-ဘယ္လာ႐ုစ္ ႏွစ္နိုင္ငံအၾကား ဗီဇာကင္းလြတ္ခြင့္ စတင္

ျမန္မာ-ဘယ္လာ႐ုစ္ ႏွစ္နိုင္ငံအၾကား ဗီဇာကင္းလြတ္ခြင့္ စတင္
==========
တစ္ႏွစ္အတြင္း အမ်ားဆုံး ရက္ေပါင္း ၉၀ ေနထိုင္ခြင့္ရရွိမည္
ျမန္မာနိုင္ငံႏွင့္ ဘယ္လာ႐ုစ္နိုင္ငံတို႔အၾကား အျပန္အလွန္ ဗီဇာကင္းလြတ္ခြင့္ သေဘာတူစာခ်ဳပ္သည္ ယေန႕ (ဇူလိုင္ ၈ ရက္) မွစတင္၍ တရားဝင္အသက္ဝင္ၿပီျဖစ္ေၾကာင္း ဘယ္လာ႐ုစ္နိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံး (ေအာ့တာဝါၿမိဳ႕) က ထုတ္ျပန္အသိေပးသည္။
အဆိုပါ ျပည္ဝင္ဗီဇာကင္းလြတ္ခြင့္ဆိုင္ရာ သေဘာတူစာခ်ဳပ္ကို ျမန္မာႏွင့္ ဘယ္လာ႐ုစ္ ႏွစ္နိုင္ငံအစိုးရတို႔က ၂၀၂၅ ခုႏွစ္ နိုဝင္ဘာ ၂၈ ရက္တြင္ လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္ၿပီး ယေန႕မွစတင္ကာ တရားဝင္အက်ိဳးသက္ေရာက္မႈရွိလာျခင္းျဖစ္ေၾကာင္း သိရသည္။
သေဘာတူစာခ်ဳပ္အရ သက္တမ္းရွိ နိုင္ငံကူးလက္မွတ္ကိုင္ေဆာင္ထားသည့္ ျမန္မာႏွင့္ ဘယ္လာ႐ုစ္နိုင္ငံသားမ်ားသည္ တစ္ဖက္နိုင္ငံသို႔ ဝင္ေရာက္ရာတြင္ အိမ္ရွင္နိုင္ငံ၏ တည္ဆဲဥပေဒမ်ားႏွင့္အညီ တစ္ႀကိမ္လွ်င္ ရက္ေပါင္း ၃၀ အထိ ဗီဇာကင္းလြတ္စြာ ေနထိုင္ခြင့္ ရရွိမည္ျဖစ္သည္။
ထို႔ျပင္ ျပကၡဒိန္တစ္ႏွစ္အတြင္း စုစုေပါင္း ရက္ေပါင္း ၉၀ အထိ ဗီဇာကင္းလြတ္ခြင့္ျဖင့္ ေနထိုင္နိုင္မည္ျဖစ္ေၾကာင္း ဘယ္လာ႐ုစ္နိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက အသိေပးထားသည္။
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ဗီဇာကင်းလွတ်ခွင့် စတင်
==========
တစ်နှစ်အတွင်း အများဆုံး ရက်ပေါင်း ၉၀ နေထိုင်ခွင့်ရရှိမည်
မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်သည် ယနေ့ (ဇူလိုင် ၈ ရက်) မှစတင်၍ တရားဝင်အသက်ဝင်ပြီဖြစ်ကြောင်း ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး (အော့တာဝါမြို့) က ထုတ်ပြန်အသိပေးသည်။
အဆိုပါ ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံအစိုးရတို့က ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ယနေ့မှစတင်ကာ တရားဝင်အကျိုးသက်ရောက်မှုရှိလာခြင်းဖြစ်ကြောင်း သိရသည်။
သဘောတူစာချုပ်အရ သက်တမ်းရှိ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် မြန်မာနှင့် ဘယ်လာရုစ်နိုင်ငံသားများသည် တစ်ဖက်နိုင်ငံသို့ ဝင်ရောက်ရာတွင် အိမ်ရှင်နိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ တစ်ကြိမ်လျှင် ရက်ပေါင်း ၃၀ အထိ ဗီဇာကင်းလွတ်စွာ နေထိုင်ခွင့် ရရှိမည်ဖြစ်သည်။
ထို့ပြင် ပြက္ခဒိန်တစ်နှစ်အတွင်း စုစုပေါင်း ရက်ပေါင်း ၉၀ အထိ ဗီဇာကင်းလွတ်ခွင့်ဖြင့် နေထိုင်နိုင်မည်ဖြစ်ကြောင်း ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားသည်။




