ျပည္သူ႕လႊတ္ေတာ္ ဥကၠ႒၊ ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ေလ့လာေရးလာေရာက္သည့္ ခ်င္းျပည္နယ္လႊတ္ေတာ္ဥကၠ႒ႏွင့္ ကိုယၥားလြယၼ္ားအား လက္ခံေတြ႕ဆုံ


ျပည္သူ႕လႊတ္ေတာ္ ဥကၠ႒၊ ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ေလ့လာေရးလာေရာက္သည့္ ခ်င္းျပည္နယ္လႊတ္ေတာ္ဥကၠ႒ႏွင့္ ကိုယ္စားလွယ္မ်ားအား လက္ခံေတြ႕ဆုံ
======================
ဇူလိုင္ ၇၊ ေနျပည္ေတာ္

ျပည္သူလႊတ္ေတာ္ ဥကၠ႒၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ယေန႕ညေန ပိုင္းတြင္ ေနျပည္ေတာ္သို႔ ေလ့လာေရးခရီးေရာက္ရွိေနသည့္ ခ်င္းျပည္နယ္လႊတ္ေတာ္မွ လႊတ္ေတာ္ဥကၠ႒ ဦးေကာ္လ္လ်န္ထြန္း၊ ဒုတိယလႊတ္ေတာ္ဥကၠ႒ ဦးသန႔္ဇင္ဦးႏွင့္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားအား ေနျပည္ေတာ္၊ ပါတီဌာနခ်ဳပ္ အစည္းအေဝးခန္းမ(၁)၌ လက္ခံေတြ႕ဆုံခဲ့ပါသည္။

ေတြ႕ဆုံရာတြင္ ပါတီဥကၠ႒ ဦးခင္ရီက ႏႈတ္ခြန္းဆက္အမွာစကားေျပာၾကားကာ ပါတီ၏ ေရတိုေရရွည္ ရည္မွန္းခ်က္မ်ား၊ ပါတီ၏ ဖြဲ႕စည္းပုံႏွင့္ လုပ္ငန္မ်ား၊ ပါတီ၏သမိုင္းေၾကာင္းတို႔အား အက်ယ္တဝံ့ရွင္းလင္းေျပာၾကားပါသည္။ ၎ေနာက္ ပါတီဒုတိယဥကၠ႒ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ ဗဟိုအလုပ္အမႈေဆာင္ ဦးစိုးနိုင္တို႔က မိတ္ဆက္စကားမ်ားေျပာၾကားကာ၊ ခ်င္းျပည္နယ္ႏွင့္ပတ္သက္သည့္ အေၾကာင္းအရာမ်ားအား ေဆြးႏြေးေျပာၾကားပါသည္။

ထို႔ေနာက္ ခ်င္းျပည္နယ္လႊတ္ေတာ္ ဥကၠ႒ ဦးေကာလ္လ်န္ထြန္းက ေက်းဇူးတင္စကားေျပာၾကားခဲ့ပါသည္။ ထို႔ေနာက္ ပါတီဥကၠ႒၏ကိုယ္စား ဒုတိယဥကၠ႒ ဦးလွထြန္းက အမွတ္တရလက္ေဆာင္မ်ားႏွင့္ စာအုပ္မ်ားအား ခ်င္းျပည္နယ္လႊတ္ေတာ္သို႔ ေပးအပ္ခ်ီးျမႇင့္ခဲ့ၿပီး ပါတီဥကၠ႒ႏွင့္ ပါတီအႀကီးအကဲမ်ားက ေလ့လာေရးလာေရာက္ၾကသူမ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ကာ ေတြ႕ဆုံပြဲအား ႐ုတ္သိမ္းခဲ့ပါသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ျပည္သူ႕လႊတ္ေတာ္ ဥကၠ႒၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးခင္ရီ၊ ပါတီဒုတိယဥကၠ႒ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအလုပ္အမႈေဆာင္ ဦးစိုးနိုင္တို႔တက္ေရာက္ၿပီး ေလ့လာေရးလာေရာက္ၾကေသာ ခ်င္းျပည္နယ္လႊတ္ေတာ္ ဥကၠ႒ ဦးေကာလ္လ်န္ထြန္း၊ ဒုတိယလႊတ္ေတာ္ဥကၠ႒ ဦးသန႔္ဇင္ဦးႏွင့္ ဗိုလ္မႉးႀကီးေစာထြန္း အပါအဝင္ ခ်င္းျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား စုစုေပါင္း (၁၀)ဦး တက္ေရာက္ခဲ့ေၾကာင္း သိရွိရပါသည္။


 

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ လေ့လာရေးလာရောက်သည့် ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ
======================
ဇူလိုင် ၇၊ နေပြည်တော်

ပြည်သူလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ယနေ့ညနေ  ပိုင်းတွင် နေပြည်တော်သို့ လေ့လာရေးခရီးရောက်ရှိနေသည့် ချင်းပြည်နယ်လွှတ်တော်မှ လွှတ်တော်ဥက္ကဋ္ဌ ဦးကော်လ်လျန်ထွန်း၊ ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဦးသန့်ဇင်ဦးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအား နေပြည်တော်၊ ပါတီဌာနချုပ် အစည်းအဝေးခန်းမ(၁)၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီက နှုတ်ခွန်းဆက်အမှာစကားပြောကြားကာ ပါတီ၏ ရေတိုရေရှည် ရည်မှန်းချက်များ၊ ပါတီ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်များ၊ ပါတီ၏သမိုင်းကြောင်းတို့အား အကျယ်တဝံ့ရှင်းလင်းပြောကြားပါသည်။ ၎င်းနောက် ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်တို့က မိတ်ဆက်စကားများပြောကြားကာ၊ ချင်းပြည်နယ်နှင့်ပတ်သက်သည့် အကြောင်းအရာများအား ဆွေးနွေးပြောကြားပါသည်။

ထို့နောက် ချင်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးကောလ်လျန်ထွန်းက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် ပါတီဥက္ကဋ္ဌ၏ကိုယ်စား ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက အမှတ်တရလက်ဆောင်များနှင့် စာအုပ်များအား ချင်းပြည်နယ်လွှတ်တော်သို့ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပါတီဥက္ကဋ္ဌနှင့် ပါတီအကြီးအကဲများက လေ့လာရေးလာရောက်ကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ တွေ့ဆုံပွဲအား ရုတ်သိမ်းခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်တို့တက်ရောက်ပြီး လေ့လာရေးလာရောက်ကြသော ချင်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးကောလ်လျန်ထွန်း၊ ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဦးသန့်ဇင်ဦးနှင့် ဗိုလ်မှူးကြီးစောထွန်း အပါအဝင် ချင်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ စုစုပေါင်း (၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။