ေနျပည္ေတာ္ၿမိဳ႕တြင္း ခရီးစဥ္အတြက္ “ရာဇာမင္း” ယာဥ္လိုင္းမွ EV ဘတ္စ္ကားမ်ား စတင္ေျပးဆြဲ၊ ဂိတ္စ/ဂိတ္ဆုံး ၁,၀၀၀ က်ပ္

ေနျပည္ေတာ္ၿမိဳ႕တြင္း ခရီးစဥ္အတြက္ “ရာဇာမင္း” ယာဥ္လိုင္းမွ EV ဘတ္စ္ကားမ်ား စတင္ေျပးဆြဲ၊ ဂိတ္စ/ဂိတ္ဆုံး ၁,၀၀၀ က်ပ္
==============
ေခတ္မီဆန္းသစ္ၿပီး သဘာဝပတ္ဝန္းက်င္ညစ္ညမ္းမႈကို ေလွ်ာ့ခ်ေပးနိုင္မည့္ လွ်ပ္စစ္ေမာ္ေတာ္ယာဥ္ (EV) က႑ ျမႇင့္တင္ေရးမူဝါဒအရ ေနျပည္ေတာ္ၿမိဳ႕တြင္း ခရီးသြားျပည္သူမ်ားႏွင့္ ဝန္ထမ္းမ်ား သြားလာေရး ပိုမိုအဆင္ေျပေခ်ာေမြ႕ေစရန္အတြက္ “ရာဇာမင္း” ယာဥ္လိုင္းမွ လွ်ပ္စစ္ဘတ္စ္ကား (EV Bus) မ်ားကို ၂၀၂၆ ခုႏွစ္၊ ဇူလိုင္လ ၆ ရက္ေန႕မွစတင္ကာ စတင္ေျပးဆြဲေပးေနၿပီျဖစ္ေၾကာင္း သိရသည္။

ယခုစတင္ေျပးဆြဲသည့္ ရာဇာမင္း EV ဘတ္စ္ကားလိုင္း၏ ၿမိဳ႕တြင္းအဓိက အဓိကျဖတ္သန္းမည့္ လမ္းေၾကာင္းမွာ –
ၿမိဳ႕မေဈး – NSA – သေျပကုန္း – စည္ပင္ဧည့္ရိပ္သာ – ဆင္႐ုပ္ – ျမင္း႐ုပ္ – ႏွင္းဆီပန္းအဝိုင္း – ေဘာဂသီရိ (ေတာင္ညိုလမ္းအတိုင္း) ေျပးဆြဲေပးသြားမည္ ျဖစ္သည္။

တစ္ရက္လွ်င္ စုစုေပါင္း (၄) ေခါက္ေျပးဆြဲေပးသြားမည္ျဖစ္ၿပီး အခ်ိန္ဇယားမွာ ေအာက္ပါအတိုင္း ျဖစ္ပါသည္ –

ပထမအလွည့္ (နံနက္ပိုင္း)

နံနက္ ၀၆:၀၀ နာရီတြင္ ၿမိဳ႕မေဈးဂိတ္မွ စတင္ထြက္ခြာေျပးဆြဲမည္။

ဒုတိယအလွည့္ (နံနက္ပိုင္း)

နံနက္ ၀၈:၀၀ နာရီတြင္ ေဘာဂသီရိဂိတ္မွ မူလလမ္းေၾကာင္းအတိုင္း ျပန္လည္ထြက္ခြာေျပးဆြဲမည္။

တတိယအလွည့္ (ေန႕လယ္ပိုင္း)

မြန္းတည့္ ၁၀:၀၀ နာရီတြင္ ၿမိဳ႕မေဈးဂိတ္မွ လမ္းေၾကာင္းအတိုင္း ထပ္မံေျပးဆြဲမည္။

စတုတၳအလွည့္ (မြန္းလြဲပိုင္း)

မြန္းလြဲ ၁၃:၀၀ နာရီတြင္ ေဘာဂသီရိဂိတ္မွ မူလလမ္းေၾကာင္းအတိုင္း ေနာက္ဆုံးအလွည့္အျဖစ္ ျပန္လည္ေျပးဆြဲေပးသြားမည္ျဖစ္သည္။

ယာဥ္စီးခႏႈန္းထားမ်ားႏွင့္ ပတ္သက္၍လည္း ခရီးသြားျပည္သူမ်ား သက္သာေခ်ာင္ခ်ိေစရန္အတြက္ အတက္/အဆင္း သို႔မဟုတ္ ဂိတ္စမွ ဂိတ္ဆုံးအထိ စီးနင္းပါကလည္း တစ္ဦးလွ်င္ က်ပ္ ၁,၀၀၀ (တစ္ေထာင္က်ပ္) သတ္မွတ္ထားသျဖင့္ လမ္းခရီးတစ္ေလွ်ာက္ သြားလာၾကမည့္ ေဒသခံမ်ားႏွင့္ ေဈးပတ္ဝန္းက်င္က ခရီးသည္မ်ားအၾကား ေရပန္းစားလ်က္ရွိသည္။

—–

နေပြည်တော်မြို့တွင်း ခရီးစဉ်အတွက် “ရာဇာမင်း” ယာဉ်လိုင်းမှ EV ဘတ်စ်ကားများ စတင်ပြေးဆွဲ၊ ဂိတ်စ/ဂိတ်ဆုံး ၁,၀၀၀ ကျပ်
==============
ခေတ်မီဆန်းသစ်ပြီး သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချပေးနိုင်မည့် လျှပ်စစ်မော်တော်ယာဉ် (EV) ကဏ္ဍ မြှင့်တင်ရေးမူဝါဒအရ နေပြည်တော်မြို့တွင်း ခရီးသွားပြည်သူများနှင့် ဝန်ထမ်းများ သွားလာရေး ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် “ရာဇာမင်း” ယာဉ်လိုင်းမှ လျှပ်စစ်ဘတ်စ်ကား (EV Bus) များကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့မှစတင်ကာ စတင်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရသည်။

ယခုစတင်ပြေးဆွဲသည့် ရာဇာမင်း EV ဘတ်စ်ကားလိုင်း၏ မြို့တွင်းအဓိက အဓိကဖြတ်သန်းမည့် လမ်းကြောင်းမှာ –
မြို့မဈေး – NSA – သပြေကုန်း – စည်ပင်ဧည့်ရိပ်သာ – ဆင်ရုပ် – မြင်းရုပ် – နှင်းဆီပန်းအဝိုင်း – ဘောဂသီရိ (တောင်ညိုလမ်းအတိုင်း) ပြေးဆွဲပေးသွားမည် ဖြစ်သည်။

တစ်ရက်လျှင် စုစုပေါင်း (၄) ခေါက်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး အချိန်ဇယားမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

ပထမအလှည့် (နံနက်ပိုင်း)

နံနက် ၀၆:၀၀ နာရီတွင် မြို့မဈေးဂိတ်မှ စတင်ထွက်ခွာပြေးဆွဲမည်။

ဒုတိယအလှည့် (နံနက်ပိုင်း)

နံနက် ၀၈:၀၀ နာရီတွင် ဘောဂသီရိဂိတ်မှ မူလလမ်းကြောင်းအတိုင်း ပြန်လည်ထွက်ခွာပြေးဆွဲမည်။

တတိယအလှည့် (နေ့လယ်ပိုင်း)

မွန်းတည့် ၁၀:၀၀ နာရီတွင် မြို့မဈေးဂိတ်မှ လမ်းကြောင်းအတိုင်း ထပ်မံပြေးဆွဲမည်။

စတုတ္ထအလှည့် (မွန်းလွဲပိုင်း)

မွန်းလွဲ ၁၃:၀၀ နာရီတွင် ဘောဂသီရိဂိတ်မှ မူလလမ်းကြောင်းအတိုင်း နောက်ဆုံးအလှည့်အဖြစ် ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ယာဉ်စီးခနှုန်းထားများနှင့် ပတ်သက်၍လည်း ခရီးသွားပြည်သူများ သက်သာချောင်ချိစေရန်အတွက် အတက်/အဆင်း သို့မဟုတ် ဂိတ်စမှ ဂိတ်ဆုံးအထိ စီးနင်းပါကလည်း တစ်ဦးလျှင် ကျပ် ၁,၀၀၀ (တစ်ထောင်ကျပ်) သတ်မှတ်ထားသဖြင့် လမ်းခရီးတစ်လျှောက် သွားလာကြမည့် ဒေသခံများနှင့် ဈေးပတ်ဝန်းကျင်က ခရီးသည်များအကြား ရေပန်းစားလျက်ရှိသည်။