ကမာၻ႔ဖလားရႈံးထြက္အဆင့္မွာ ဂိုးသြင္းႏိုင္တဲ့ အသက္အႀကီးဆုံးကစားသမား နယ္လ္ဒို

ကမာၻ႔ဖလားရႈံးထြက္အဆင့္မွာ ဂိုးသြင္းႏိုင္တဲ့ အသက္အႀကီးဆုံးကစားသမား နယ္လ္ဒို
======================
ေပၚတူဂီအသင္းေခါင္းေဆာင္ တိုက္စစ္မႉး စီေရာ္နယ္လ္ဒိုဟာ ကမာၻ႔ဖလားရႈံးထြက္အဆင့္မွာ ဂိုးသြင္းႏိုင္တဲ့ အသက္အႀကီးဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ေၾကာင္း သိရပါတယ္။
စီေရာ္နယ္လ္ဒိုဟာ ခ႐ိုေအးရွားကို (၂-၁)ဂိုးနဲ႔ အႏိုင္ရတဲ့ပြဲမွာ အသက္(၄၁)ႏွစ္နဲ႔ (၁၄၇)ရက္ ရွိၿပီျဖစ္တာေၾကာင့္ ကမာၻ႔ဖလားရႈံးထြက္အဆင့္ ကစားခြင့္ရတဲ့ အသက္အႀကီးဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့သလို၊ ပယ္နယ္တီကေန ေခ်ပဂိုး သြင္းယူခဲ့တာေၾကာင့္ ကမာၻ႔ဖလားရႈံးထြက္အဆင့္မွာ ဂိုးသြင္းႏိုင္တဲ့ အသက္အႀကီးဆုံးကစားသမားအျဖစ္လည္း မွတ္တမ္းဝင္ခဲ့တာပါ။
စီေရာ္နယ္လ္ဒိုဟာ အရင္က ကမာၻ႔ဖလားၿပိဳင္ပြဲ (၅)ႀကိမ္အတြင္း ရႈံးထြက္အဆင့္ပြဲစဥ္(၈)ပြဲ ကစားခဲ့ရာမွာ ဂိုးမသြင္းႏိုင္ခဲ့ဘဲ အခု (၆)ႀကိမ္ေျမာက္ကမာၻ႔ဖလားယွဥ္ၿပိဳင္မႈရဲ႕ (၉)ပြဲေျမာက္ ရႈံးထြက္အဆင့္ပြဲစဥ္မွာ ပထမဆုံးဂိုး သြင္းယူႏိုင္ခဲ့ျခင္းျဖစ္ပါတယ္။
စီေရာ္နယ္လ္ဒိုဟာ ခ႐ိုေအးရွားနဲ႔ပြဲမွာ သမိုင္းမွတ္တမ္းျဖစ္ေစမယ့္ဂိုးကို သြင္းယူႏိုင္ခဲ့တဲ့အျပင္ ပြဲစဥ္အလိုက္အေကာင္းဆုံးကစားသမားဆုလည္း ရရွိခဲ့ပါတယ္။
စီေရာ္နယ္လ္ဒိုဟာ ဥဇဘက္ကစၥတန္နဲ႔ ယွဥ္ၿပိဳင္ခဲ့တဲ့ အုပ္စုပြဲစဥ္မွာလည္း အေကာင္းဆုံးကစားသမားဆုရရွိခဲ့တာေၾကာင့္ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပြဲစဥ္အလိုက္အေကာင္းဆုံးကစားသမားဆု ႏွစ္ႀကိမ္ရရွိထားပါၿပီ။
စီေရာ္နယ္လ္ဒိုအပါအဝင္ ေပၚတူဂီလက္ေ႐ြးစင္ကစားသမားေတြဟာ ခ႐ိုေအးရွားနဲ႔ ပြဲအၿပီးမွာ ၿပီးခဲ့တဲ့ႏွစ္က ကြယ္လြန္သြားခဲ့တဲ့ ေပၚတူဂီကစားသမား ဒီယိုဂိုဂ်ိဳတာကို ေအာက္ေမ့ဂုဏ္ျပဳခဲ့ၾကေၾကာင္းလည္း သိရပါတယ္။
ကမ္ဘာ့ဖလားရှုံးထွက်အဆင့်မှာ ဂိုးသွင်းနိုင်တဲ့ အသက်အကြီးဆုံးကစားသမား နယ်လ်ဒို
======================
ပေါ်တူဂီအသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဖလားရှုံးထွက်အဆင့်မှာ ဂိုးသွင်းနိုင်တဲ့ အသက်အကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
စီရော်နယ်လ်ဒိုဟာ ခရိုအေးရှားကို (၂-၁)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ အသက်(၄၁)နှစ်နဲ့ (၁၄၇)ရက် ရှိပြီဖြစ်တာကြောင့် ကမ္ဘာ့ဖလားရှုံးထွက်အဆင့် ကစားခွင့်ရတဲ့ အသက်အကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ ပယ်နယ်တီကနေ ချေပဂိုး သွင်းယူခဲ့တာကြောင့် ကမ္ဘာ့ဖလားရှုံးထွက်အဆင့်မှာ ဂိုးသွင်းနိုင်တဲ့ အသက်အကြီးဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။
စီရော်နယ်လ်ဒိုဟာ အရင်က ကမ္ဘာ့ဖလားပြိုင်ပွဲ (၅)ကြိမ်အတွင်း ရှုံးထွက်အဆင့်ပွဲစဉ်(၈)ပွဲ ကစားခဲ့ရာမှာ ဂိုးမသွင်းနိုင်ခဲ့ဘဲ အခု (၆)ကြိမ်မြောက်ကမ္ဘာ့ဖလားယှဉ်ပြိုင်မှုရဲ့ (၉)ပွဲမြောက် ရှုံးထွက်အဆင့်ပွဲစဉ်မှာ ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
စီရော်နယ်လ်ဒိုဟာ ခရိုအေးရှားနဲ့ပွဲမှာ သမိုင်းမှတ်တမ်းဖြစ်စေမယ့်ဂိုးကို သွင်းယူနိုင်ခဲ့တဲ့အပြင် ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုလည်း ရရှိခဲ့ပါတယ်။
စီရော်နယ်လ်ဒိုဟာ ဥဇဘက်ကစ္စတန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စုပွဲစဉ်မှာလည်း အကောင်းဆုံးကစားသမားဆုရရှိခဲ့တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု နှစ်ကြိမ်ရရှိထားပါပြီ။
စီရော်နယ်လ်ဒိုအပါအဝင် ပေါ်တူဂီလက်ရွေးစင်ကစားသမားတွေဟာ ခရိုအေးရှားနဲ့ ပွဲအပြီးမှာ ပြီးခဲ့တဲ့နှစ်က ကွယ်လွန်သွားခဲ့တဲ့ ပေါ်တူဂီကစားသမား ဒီယိုဂိုဂျိုတာကို အောက်မေ့ဂုဏ်ပြုခဲ့ကြကြောင်းလည်း သိရပါတယ်။




