နယူးကာဆယ္ ကြင္းလယ္ကစားသမား တိုနာလီကို ေခၚယူလိုက္တဲ့ စပါးအသင္း

နယူးကာဆယ္ ကြင္းလယ္ကစားသမား တိုနာလီကို ေခၚယူလိုက္တဲ့ စပါးအသင္း
==========================
စပါးအသင္းဟာ နယူးကာဆယ္အသင္းရဲ႕ ကြင္းလယ္ကစားသမား ဆန္ဒ႐ို တိုနာလီကို ေခၚယူဖို႔ သေဘာတူညီမႈ ရရွိသြားပါတယ္။ စပါးဟာ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၉၂ ဒသမ ၅ သန္းအျပင္ အပိုဆုေၾကး ေပါင္ ၇ ဒသမ ၅ သန္း ေပးေခ်သြားမွာ ျဖစ္ပါတယ္။ ဒါဟာ စပါးအသင္းအတြက္ တပတ္အတြင္း ဒုတိယအႀကိမ္ေျမာက္ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး လည္း ျဖစ္ပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ တိုနာလီဟာ နယူးကာဆယ္ကို ေရာက္ၿပီးေနာက္ ေလာင္းကစားစည္းကမ္း ခ်ိဳးေဖာက္မႈေၾကာင့္ ၁၀ လ ပြဲပယ္ျပစ္ဒဏ္ ခံခဲ့ရဖူးပါတယ္။ ဒါေပမဲ့ သူဟာ ျပစ္ဒဏ္ကေန ျပန္လာၿပီးေနာက္ အသင္းကို ၂၀၂၅ ကာရာေဘာင္ဖလား ရရွိေအာင္ ကူညီေပးခဲ့ပါတယ္။


နယူးကာဆယ် ကွင်းလယ်ကစားသမား တိုနာလီကို ခေါ်ယူလိုက်တဲ့ စပါးအသင်
==========================
စပါးအသင်းဟာ နယူးကာဆယ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဆန်ဒရို တိုနာလီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပါတယ်။ စပါးဟာ ပြောင်းရွှေ့ကြေး ပေါင် ၉၂ ဒသမ ၅ သန်းအပြင် အပိုဆုကြေး ပေါင် ၇ ဒသမ ၅ သန်း ပေးချေသွားမှာ ဖြစ်ပါတယ်။ ဒါဟာ စပါးအသင်းအတွက် တပတ်အတွင်း ဒုတိယအကြိမ်မြောက် စံချိန်တင် ပြောင်းရွှေ့ကြေး လည်း ဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် တိုနာလီဟာ နယူးကာဆယ်ကို ရောက်ပြီးနောက် လောင်းကစားစည်းကမ်း ချိုးဖောက်မှုကြောင့် ၁၀ လ ပွဲပယ်ပြစ်ဒဏ် ခံခဲ့ရဖူးပါတယ်။ ဒါပေမဲ့ သူဟာ ပြစ်ဒဏ်ကနေ ပြန်လာပြီးနောက် အသင်းကို ၂၀၂၅ ကာရာဘောင်ဖလား ရရှိအောင် ကူညီပေးခဲ့ပါတယ်။