ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရမႉး ဦးေသာင္းေအး လႊတ္ေတာ္-ေရးရာေကာ္မတီမ်ားႏွင့္ေတြ႕ဆုံ

ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရမႉး ဦးေသာင္းေအး လႊတ္ေတာ္-ေရးရာေကာ္မတီမ်ားႏွင့္ေတြ႕ဆုံ
============================
ေနျပည္ေတာ္ ဇြန္ ၁၈

ယေန႔ ဇြန္လ (၁၈)ရက္၊ ေန႔လည္(၁၃:၀၀)နာရီအခ်ိန္၌ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးသည္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ျပည္သူ႔လႊတ္ေတာ္၊အမ်ိဳးသားလႊတ္ေတာ္တို႔တြင္ လႊတ္ေတာ္-ေရးရာေကာ္မတီအဖြဲ႕မ်ား၌ ပါဝင္ေသာကိုယ္စားလွယ္မ်ားႏွင့္ ပါတီဌာနခ်ဳပ္၊ ညီလာခံခန္းမ၌ ေတြ႕ဆုံခဲ့ပါသည္။

ေတြ႕ဆုံပြဲတြင္ အေထြေထြအတြင္းေရးမႉးမွ ႏႈတ္ခြန္းဆက္စကားေျပာၾကားၿပီးျပည္သူ႔လႊတ္ေတာ္ႏွင့္အမ်ိဳးသားလႊတ္ေတာ္တို႔တြင္ လႊတ္ေတာ္​-ေရးရာေကာ္မတီအဖြဲမ်ား၌ ပါဝင္ၾကသည့္ ပါတီကိုယ္စားလွယ္မ်ားမွ ေရးရာေကာ္မတီတစ္ဖြဲခ်င္းစီ မိတ္ဆက္ခဲ့ပါသည္။

၎ေနာက္ ပါတီအေထြေထြအတြင္းေရးမႉးမွ လႊတ္ေတာ္-ေရးရာေကာ္မတီမ်ား၏တာဝန္မ်ား၊ေစာင့္ထိန္းလိုက္နာရမည့္က်င့္ဝတ္မ်ား၊ လုပ္ေဆာင္ရမည့္လုပ္ငန္းစဥ္မ်ားအား ေတြ႕ဆုံပြဲတက္ေရာက္လာၾကေသာ လႊတ္ေတာ္-ေရးရာေကာ္မတီအဖြဲမ်ားႏွင့္ အျပန္အလွန္ေဆြးေႏြးခဲ့ၾကပါသည္။

ေတြ႕ဆုံပြဲသို႔ ပါတီအေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊တြဲဖက္အေထြေထြအတြင္းေရးမႉး၊ ဦးတင္ေအာင္ခ်စ္၊ဗဟိုအတြင္းေရးမႉးမ်ားျဖစ္ ၾကသည့္ေဒါက္တာေက်ာ္ေက်ာ္ေဌး၊ေဒါက္တာ သန္းထြန္း၊ဗဟိုအလုပ္အမႈေဆာင္မ်ား၊
ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ အမ်ိဳးလႊတ္ေတာ္ကိုယ္စားလွယ္မ်ားတက္ေရာက္ခဲ့ၾကပါသည္။


ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေမှူး ဦးသောင်းအေး လွှတ်တော်-ရေးရာကော်မတီများနှင့်တွေ့ဆုံ
============================
နေပြည်တော် ဇွန် ၁၈

ယနေ့ ဇွန်လ (၁၈)ရက်၊ နေ့လည်(၁၃:၀၀)နာရီအချိန်၌ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်တို့တွင် လွှတ်တော်-ရေးရာကော်မတီအဖွဲ့များ၌ ပါဝင်သောကိုယ်စားလှယ်များနှင့် ပါတီဌာနချုပ်၊ ညီလာခံခန်းမ၌ တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲတွင် အထွေထွေအတွင်းရေးမှူးမှ နှုတ်ခွန်းဆက်စကားပြောကြားပြီးပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်တို့တွင် လွှတ်တော်​-ရေးရာကော်မတီအဖွဲများ၌ ပါဝင်ကြသည့် ပါတီကိုယ်စားလှယ်များမှ ရေးရာကော်မတီတစ်ဖွဲချင်းစီ မိတ်ဆက်ခဲ့ပါသည်။

၎င်းနောက် ပါတီအထွေထွေအတွင်းရေးမှူးမှ လွှတ်တော်-ရေးရာကော်မတီများ၏တာဝန်များ၊စောင့်ထိန်းလိုက်နာရမည့်ကျင့်ဝတ်များ၊ လုပ်ဆောင်ရမည့်လုပ်ငန်းစဥ်များအား တွေ့ဆုံပွဲတက်ရောက်လာကြသော လွှတ်တော်-ရေးရာကော်မတီအဖွဲများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊တွဲဖက်အထွေထွေအတွင်းရေးမှူး၊ ဦးတင်အောင်ချစ်၊ဗဟိုအတွင်းရေးမှူးများဖြစ် ကြသည့်ဒေါက်တာကျော်ကျော်ဌေး၊ဒေါက်တာ သန်းထွန်း၊ဗဟိုအလုပ်အမှုဆောင်များ၊
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးလွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။