ယခုရရွိသည့္သေဘာတူညီခ်က္အရ အီရန္အေနျဖင့္ မည္သည့္အခါမွ် န်ဴကလီးယား လက္နက္ပိုင္ဆိုင္ရေတာ့မည္မဟုတ္

ယခုရရွိသည့္သေဘာတူညီခ်က္အရ အီရန္အေနျဖင့္ မည္သည့္အခါမွ် န်ဴကလီးယား လက္နက္ပိုင္ဆိုင္ရေတာ့မည္မဟုတ္
====================
အေမရိကန္ႏိုင္ငံႏွင့္ အီရန္ႏိုင္ငံတို႔က ယခုလက္မွတ္ထိုးထားသည့္ သေဘာတူညီခ်က္အရ အီရန္ႏိုင္ငံသည္ မည္သည့္အခါမွ် န်ဴကလီးယားလက္နက္ကိုပိုင္ဆိုင္ရေတာ့မည္မဟုတ္ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ဇြန္လ ၁၆ ရက္တြင္ေျပာသည္။
“ကြၽန္ေတာ္တို႔အေနနဲ႔ အီရန္နဲ႔သေဘာတူညီခ်က္ကိုရရွိခဲ့ပါၿပီ။ အဲဒီသေဘာတူညီခ်က္က ေအာင္ျမင္ပါလိမ့္မယ္။ ၿပီးေတာ့ေနာက္တစ္ဆင့္ကို ဆက္သြားမွာပါ။ အဲဒီအဆင့္မွာေတာ့ ေဆြးေႏြးမႈေတြက အခုထက္ပိုၿပီးလြယ္ကူပါလိမ့္မယ္” ဟု ထရမ့္က
ျပင္သစ္ႏိုင္ငံ၌ က်င္းပေသာ G7 ထိပ္သီးညီလာခံ၌ သတင္းေထာက္မ်ားကိုေျပာသည္။
တစ္ခ်ိန္တည္းမွာပင္ အေမရိကန္သည္အီရန္ႏိုင္ငံျပန္လည္တည္ေဆာက္ေရးအတြက္ ေဒၚလာဘီလီယံ ၃၀၀ ေပးမည္ဟူေသာ သတင္းသည္ ေကာလာဟလသာျဖစ္ေၾကာင္း၊ အေမရိကန္အေနျဖင့္ အီရန္ႏိုင္ငံ၌ မည္သည့္ရင္းႏွီးျမႇဳပ္ႏွံမႈမွ် မရွိေနေၾကာင္း ထရမ့္ကဆက္ေျပာသည္။
ထို႔အတူ အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ေနတန္ယာဟုအေနျဖင့္ လက္ဘႏြန္ႏိုင္ငံႏွင့္ပတ္သက္၍ ပိုမိုတာဝန္ခံရေတာ့မည္ ျဖစ္ေၾကာင္း၊ အစၥေရးႏိုင္ငံက လက္ဘႏြန္ႏွင့္ ဟစ္ဇဘိုလာတို႔အေပၚ ၎တို႔သေဘာရွိသည့္အတိုင္း လုပ္ေဆာင္ေနမႈကို ထရမ့္အေနျဖင့္ သေဘာမက်ေၾကာင္း၊ အစၥေရးအေနျဖင့္ ဟစ္ဇဘိုလာကိစၥကို ဆီးရီးယားထံသို႔သာ တာဝန္လႊဲထားေစခ်င္ေၾကာင္း၊
ထိုကိစၥႏွင့္ပတ္သက္၍ ၎တို႔အေနျဖင့္အေကာင္းဆုံးလုပ္ႏိုင္ေၾကာင္း ထရမ့္ကေျပာထားသည္။
Ref: Xinhua
ယခုရရှိသည့်သဘောတူညီချက်အရ အီရန်အနေဖြင့် မည်သည့်အခါမျှ နျူကလီးယား လက်နက်ပိုင်ဆိုင်ရတော့မည်မဟုတ်
====================
အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံတို့က ယခုလက်မှတ်ထိုးထားသည့် သဘောတူညီချက်အရ အီရန်နိုင်ငံသည် မည်သည့်အခါမျှ နျူကလီးယားလက်နက်ကိုပိုင်ဆိုင်ရတော့မည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၁၆ ရက်တွင်ပြောသည်။
“ကျွန်တော်တို့အနေနဲ့ အီရန်နဲ့သဘောတူညီချက်ကိုရရှိခဲ့ပါပြီ။ အဲဒီသဘောတူညီချက်က အောင်မြင်ပါလိမ့်မယ်။ ပြီးတော့နောက်တစ်ဆင့်ကို ဆက်သွားမှာပါ။ အဲဒီအဆင့်မှာတော့ ဆွေးနွေးမှုတွေက အခုထက်ပိုပြီးလွယ်ကူပါလိမ့်မယ်” ဟု ထရမ့်က
ပြင်သစ်နိုင်ငံ၌ ကျင်းပသော G7 ထိပ်သီးညီလာခံ၌ သတင်းထောက်များကိုပြောသည်။
တစ်ချိန်တည်းမှာပင် အမေရိကန်သည်အီရန်နိုင်ငံပြန်လည်တည်ဆောက်ရေးအတွက် ဒေါ်လာဘီလီယံ ၃၀၀ ပေးမည်ဟူသော သတင်းသည် ကောလာဟလသာဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် အီရန်နိုင်ငံ၌ မည်သည့်ရင်းနှီးမြှုပ်နှံမှုမျှ မရှိနေကြောင်း ထရမ့်ကဆက်ပြောသည်။
ထို့အတူ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုအနေဖြင့် လက်ဘနွန်နိုင်ငံနှင့်ပတ်သက်၍ ပိုမိုတာဝန်ခံရတော့မည် ဖြစ်ကြောင်း၊ အစ္စရေးနိုင်ငံက လက်ဘနွန်နှင့် ဟစ်ဇဘိုလာတို့အပေါ် ၎င်းတို့သဘောရှိသည့်အတိုင်း လုပ်ဆောင်နေမှုကို ထရမ့်အနေဖြင့် သဘောမကျကြောင်း၊ အစ္စရေးအနေဖြင့် ဟစ်ဇဘိုလာကိစ္စကို ဆီးရီးယားထံသို့သာ တာဝန်လွှဲထားစေချင်ကြောင်း၊
ထိုကိစ္စနှင့်ပတ်သက်၍ ၎င်းတို့အနေဖြင့်အကောင်းဆုံးလုပ်နိုင်ကြောင်း ထရမ့်ကပြောထားသည်။
Ref: Xinhua




