မန္ယူအသင္းက ကစားသမားေျခာက္ဦးႏွင့္ စာခ်ဳပ္သက္တမ္းကုန္ဆုံးကာ လမ္းခြဲေၾကာင္း အတည္ျပဳ

မန္ယူအသင္းက ကစားသမားေျခာက္ဦးႏွင့္ စာခ်ဳပ္သက္တမ္းကုန္ဆုံးကာ လမ္းခြဲေၾကာင္း အတည္ျပဳ
==============================
‌မန္ယူအသင္းက အသင္းမွကစားသမားမ်ားျဖစ္သည့္ ကက္စ္မဲ႐ိုး၊ ဆန္ခ်ိဳ၊ မာလာစီယာ၊ အယ္ ဂ်ိဳဖီ၊ ဂ်ိမ္းဘိုင္လီ၊ မာလာခ်ီခ်က္ဖီတို႔ႏွင့္ စာခ်ဳပ္သက္တမ္းကုန္ဆုံးကာ လမ္းခြဲေၾကာင္း အတည္ျပဳ ေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။

ကက္စ္မဲ႐ိုးသည္ ၂၀၂၂ ခုႏွစ္က ရီးယဲလ္မက္ဒရစ္အသင္းမွ မန္ယူအသင္းသို႔ ေျပာင္းေ႐ႊ႕ကစားခဲ့ၿပီး အသင္းႏွင့္ ေဘာလုံး ရာသီတိုင္းတြင္ ေျခစြမ္းျပႏိုင္ကာ ၿပီးခဲ့သည့္ေဘာလုံးရာသီအကုန္က စာခ်ဳပ္ သက္တမ္းကုန္ဆုံးၿပီးေနာက္ လမ္းခြဲခဲ့ျခင္းျဖစ္သည္။

ကက္စ္မဲ႐ိုးသည္ မန္ယူအသင္း ခ်န္ပီယံလိဂ္ၿပိဳင္ပြဲသို႔ ျပန္လည္ဝင္ေရာက္ခြင့္ရရွိရာတြင္ အဓိက ကစားသမားအျဖစ္ ေျခစြမ္းျပႏိုင္ေသာ္လည္း ၎၏ အသက္အ႐ြယ္အပိုင္းအျခားေၾကာင့္ မန္ယူအသင္းက စာခ်ဳပ္သစ္ ထပ္မံခ်ဳပ္ဆိုျခင္း မရွိသည့္အတြက္ ရာသီအကုန္တြင္ လမ္းခြဲခဲ့ျခင္းျဖစ္သည္။

အလားတူ ဆန္ခ်ိဳသည္လည္း ေဒါ့မြန္အသင္း၌ ကစားခဲ့စဥ္က ထိပ္တန္းအဆင့္ေျခစြမ္းျပႏိုင္ေသာ္လည္း ၂၀၂၁ ခုႏွစ္က မန္ယူအသင္းသို႔ ေျပာင္းေ႐ႊ႕ကစားၿပီးေနာက္ ေျခစြမ္းျပႏိုင္ရန္႐ုန္းကန္ခဲ့ရကာ ၿပီးခဲ့သည့္ေဘာလုံးရာသီက အက္စ္တြန္ဗီလာအသင္း ထံ အငွားစာခ်ဳပ္ျဖင့္ ေျပာင္းေ႐ႊ႕ကစားခဲ့သည္။ ဆန္ခ်ိဳ သည္ မန္ယူအသင္းႏွင့္ စာခ်ဳပ္သက္တမ္းကုန္ဆုံးသည့္အတြက္ အသင္းႏွင့္လမ္းခြဲၿပီး လက္ရွိတြင္ ကလပ္အသင္းလက္မဲ့ျဖစ္ေနျခင္းျဖစ္သည္။

မာလာစီယာသည္လည္း ၂၀၂၂ ခုႏွစ္က ဖီယင္ႏု အသင္းမွ မန္ယူအသင္းသို႔ ေျပာင္းေ႐ႊ႕ကစားခဲ့ၿပီး ေနာက္ အသင္းတြင္ ဒဏ္ရာျပႆနာမ်ားႏွင့္သာ ႐ုန္းကန္ေနရကာ ၿပီးခဲ့သည့္ေဘာလုံးရာသီအကုန္တြင္ အသင္းႏွင့္ စာခ်ဳပ္သက္တမ္း ကုန္ဆုံးၿပီးေနာက္ လမ္းခြဲခဲ့ျခင္းျဖစ္သည္။

အလားတူ မန္ယူအသင္းအကယ္ဒမီထြက္ကစား သမားမ်ားျဖစ္ေသာ အယ္ဂ်ိဳဖီ၊ ဂ်ိမ္းဘိုင္လီ၊ မာလာ ခ်ီခ်က္ဖီတို႔ႏွင့္လည္း ယခုလကုန္ပိုင္းတြင္ စာခ်ဳပ္ သက္တမ္းကုန္ဆုံးမည္ျဖစ္သည့္အတြက္ သက္တမ္း တိုးစာခ်ဳပ္ ခ်ဳပ္ဆိုျခင္းမရွိေသာေၾကာင့္ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးျဖင့္ လမ္းခြဲခဲ့ျခင္းျဖစ္ေၾကာင္း သိရ သည္။

Ref:Fabrizio Romano


မန်ယူအသင်းက ကစားသမားခြောက်ဦးနှင့် စာချုပ်သက်တမ်းကုန်ဆုံးကာ လမ်းခွဲကြောင်း အတည်ပြု
==============================
‌မန်ယူအသင်းက အသင်းမှကစားသမားများဖြစ်သည့် ကက်စ်မဲရိုး၊ ဆန်ချို၊ မာလာစီယာ၊ အယ် ဂျိုဖီ၊ ဂျိမ်းဘိုင်လီ၊ မာလာချီချက်ဖီတို့နှင့် စာချုပ်သက်တမ်းကုန်ဆုံးကာ လမ်းခွဲကြောင်း အတည်ပြု ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ကက်စ်မဲရိုးသည် ၂၀၂၂ ခုနှစ်က ရီးယဲလ်မက်ဒရစ်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး အသင်းနှင့် ဘောလုံး ရာသီတိုင်းတွင် ခြေစွမ်းပြနိုင်ကာ ပြီးခဲ့သည့်ဘောလုံးရာသီအကုန်က စာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် လမ်းခွဲခဲ့ခြင်းဖြစ်သည်။

ကက်စ်မဲရိုးသည် မန်ယူအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲသို့ ပြန်လည်ဝင်ရောက်ခွင့်ရရှိရာတွင် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနိုင်သော်လည်း ၎င်း၏ အသက်အရွယ်အပိုင်းအခြားကြောင့် မန်ယူအသင်းက စာချုပ်သစ် ထပ်မံချုပ်ဆိုခြင်း မရှိသည့်အတွက် ရာသီအကုန်တွင် လမ်းခွဲခဲ့ခြင်းဖြစ်သည်။

အလားတူ ဆန်ချိုသည်လည်း ဒေါ့မွန်အသင်း၌ ကစားခဲ့စဉ်က ထိပ်တန်းအဆင့်ခြေစွမ်းပြနိုင်သော်လည်း ၂၀၂၁ ခုနှစ်က မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် ခြေစွမ်းပြနိုင်ရန်ရုန်းကန်ခဲ့ရကာ ပြီးခဲ့သည့်ဘောလုံးရာသီက အက်စ်တွန်ဗီလာအသင်း ထံ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားခဲ့သည်။ ဆန်ချို သည် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးသည့်အတွက် အသင်းနှင့်လမ်းခွဲပြီး လက်ရှိတွင် ကလပ်အသင်းလက်မဲ့ဖြစ်နေခြင်းဖြစ်သည်။

မာလာစီယာသည်လည်း ၂၀၂၂ ခုနှစ်က ဖီယင်နု အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး နောက် အသင်းတွင် ဒဏ်ရာပြဿနာများနှင့်သာ ရုန်းကန်နေရကာ ပြီးခဲ့သည့်ဘောလုံးရာသီအကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် လမ်းခွဲခဲ့ခြင်းဖြစ်သည်။

အလားတူ မန်ယူအသင်းအကယ်ဒမီထွက်ကစား သမားများဖြစ်သော အယ်ဂျိုဖီ၊ ဂျိမ်းဘိုင်လီ၊ မာလာ ချီချက်ဖီတို့နှင့်လည်း ယခုလကုန်ပိုင်းတွင် စာချုပ် သက်တမ်းကုန်ဆုံးမည်ဖြစ်သည့်အတွက် သက်တမ်း တိုးစာချုပ် ချုပ်ဆိုခြင်းမရှိသောကြောင့် အလွတ် ပြောင်းရွှေ့ကြေးဖြင့် လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

Ref:Fabrizio Romano