အေမရိကန္၏ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ အီရန္ေတာင္ပိုင္းတြင္ လူေပါင္းေသာင္းခ်ီ ေရျပတ္လပ္မႈႏွင့္ႀကဳံေတြ႕

အေမရိကန္၏ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ အီရန္ေတာင္ပိုင္းတြင္ လူေပါင္းေသာင္းခ်ီ ေရျပတ္လပ္မႈႏွင့္ႀကဳံေတြ႕
==================================
အီရန္ႏိုင္ငံေတာင္ပိုင္း ဆီရစ္ဆိပ္ကမ္းၿမိဳ႕ရွိ ေရေလွာင္ကန္ႏွစ္ခုကို အေမရိကန္က ေလေၾကာင္းမွ ဗုံးႀကဲတိုက္ခိုက္မႈလုပ္သျဖင့္ ေဒသခံျပည္သူေသာင္းႏွင့္ခ်ီ၍ ေသာက္သုံးေရ ျပတ္လပ္မႈႏွင့္ႀကဳံေတြ႕ေနေၾကာင္း အီရန္ႏိုင္ငံပိုင္သတင္းဌာနတစ္ခုက ဇြန္လ ၁၀ ရက္တြင္ သတင္းထုတ္ျပန္သည္။
အေမရိကန္စစ္ဘက္ကအသုံးျပဳလ်က္ရွိေသာ အပါခ်ီတိုက္ခိုက္ေရးရဟတ္ယာဥ္တစ္စင္းကို ေဟာ္မုေရလက္ၾကား၌ အီရန္က ပစ္ခ်ခဲ့သည္ဟု အေမရိကန္ကစြပ္စြဲၿပီးေနာက္ အေမရိကန္စစ္ဘက္က ေဟာ္မုေရလက္ၾကားအနီးရွိ ကက္ကြၽန္း၊ ဂ်က္ႏွင့္ ဆီရစ္ၿမိဳ႕တို႔ကို လက္တုံ႔ျပန္တိုက္ခိုက္ျခင္းျဖစ္သည္ဟု အေမရိကန္ဘက္က ထုတ္ျပန္ထားသည္။
အဆိုပါတိုက္ခိုက္မႈေၾကာင့္ ဆီရစ္ၿမိဳ႕ရွိ ဘီမာနီႏွင့္ ကူဟက္စတက္ေဒသမ်ားသို႔ ေရျဖန႔္ေဝေပးေနသည့္ ေရေလွာင္ကန္ႀကီး ႏွစ္ခုပ်က္စီးသြားသည့္အတြက္ လက္ရွိထိုေဒသ၌ အပူခ်ိန္သည္ ၄၅ ဒီဂရီမွ ၅၀ ဒီဂရီစင္တီဂရိတ္အထိရွိေနစဥ္ ေဒသခံ ျပည္သူ ၂၀၀၀၀ ခန႔္မွာ ေသာက္သုံးေရ ျပတ္လပ္ကာ အေရးေပၚ အေျခအေနႏွင့္ ရင္ဆိုင္ေနရသည္ဟု ေဟာ္မိုဇဂန္ျပည္နယ္ေရေပးေဝေရး လုပ္ငန္းအဖြဲ႕ အႀကီးအကဲ အဗၺဒူဟာမစ္ဟမ္ဇာပူက ေျပာသည္။
အီရန္အစိုးရကမူ အေမရိကန္၏ တိုက္ခိုက္မႈက ဆင္ေျခေပးျခင္းသာျဖစ္ေၾကာင္းႏွင့္ ယင္းတိုက္ခိုက္မႈကို လက္တုံ႔ျပန္သည့္အေနျဖင့္ ဘာရိန္း၊ ေဂ်ာ္ဒန္ႏွင့္ ကူဝိတ္ႏိုင္ငံတို႔ရွိ အေမရိကန္ စစ္စခန္းမ်ားကို ဒုံးက်ည္မ်ား၊ ဒ႐ုန္းမ်ားျဖင့္ ျပန္လည္လက္တုံ႔ျပန္ တိုက္ခိုက္ေၾကာင္း ထုတ္ျပန္ထားသည္။
Ref: SCMP
အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်တောင်ပိုင်းတွင် လူပေါင်းသောင်းချီ ရေပြတ်လပ်မှုနှင့်ကြုံတွေ့
==================================
အီရန်နိုင်ငံတောင်ပိုင်း ဆီရစ်ဆိပ်ကမ်းမြို့ရှိ ရေလှောင်ကန်နှစ်ခုကို အမေရိကန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုလုပ်သဖြင့် ဒေသခံပြည်သူသောင်းနှင့်ချီ၍ သောက်သုံးရေ ပြတ်လပ်မှုနှင့်ကြုံတွေ့နေကြောင်း အီရန်နိုင်ငံပိုင်သတင်းဌာနတစ်ခုက ဇွန်လ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။
အမေရိကန်စစ်ဘက်ကအသုံးပြုလျက်ရှိသော အပါချီတိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်းကို ဟော်မုရေလက်ကြား၌ အီရန်က ပစ်ချခဲ့သည်ဟု အမေရိကန်ကစွပ်စွဲပြီးနောက် အမေရိကန်စစ်ဘက်က ဟော်မုရေလက်ကြားအနီးရှိ ကက်ကျွန်း၊ ဂျက်နှင့် ဆီရစ်မြို့တို့ကို လက်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်သည်ဟု အမေရိကန်ဘက်က ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ဆီရစ်မြို့ရှိ ဘီမာနီနှင့် ကူဟက်စတက်ဒေသများသို့ ရေဖြန့်ဝေပေးနေသည့် ရေလှောင်ကန်ကြီး နှစ်ခုပျက်စီးသွားသည့်အတွက် လက်ရှိထိုဒေသ၌ အပူချိန်သည် ၄၅ ဒီဂရီမှ ၅၀ ဒီဂရီစင်တီဂရိတ်အထိရှိနေစဉ် ဒေသခံ ပြည်သူ ၂၀၀၀၀ ခန့်မှာ သောက်သုံးရေ ပြတ်လပ်ကာ အရေးပေါ် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ဟော်မိုဇဂန်ပြည်နယ်ရေပေးဝေရေး လုပ်ငန်းအဖွဲ့ အကြီးအကဲ အဗ္ဗဒူဟာမစ်ဟမ်ဇာပူက ပြောသည်။
အီရန်အစိုးရကမူ အမေရိကန်၏ တိုက်ခိုက်မှုက ဆင်ခြေပေးခြင်းသာဖြစ်ကြောင်းနှင့် ယင်းတိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ဘာရိန်း၊ ဂျော်ဒန်နှင့် ကူဝိတ်နိုင်ငံတို့ရှိ အမေရိကန် စစ်စခန်းများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပြန်လည်လက်တုံ့ပြန် တိုက်ခိုက်ကြောင်း ထုတ်ပြန်ထားသည်။
Ref: SCMP




