ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ပါတီဗဟိုအလုပ္အမႈေဆာင္အစည္းအေဝး(၂/၂၀၂၆)သို႔ တက္ေရာက္

ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ပါတီဗဟိုအလုပ္အမႈေဆာင္အစည္းအေဝး(၂/၂၀၂၆)သို႔ တက္ေရာက္
=============
ေမ ၂၁၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၂၁-၅-၂၀၂၆ ရက္ေန႔တြင္ ပါတီဌာနခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္မ်ားအစည္းအေဝးခန္းမ(၁)၌ က်င္းပျပဳလုပ္ေသာ ဗဟိုအလုပ္အမႈေဆာင္အစည္းအေဝး (၂/၂၀၂၆)သို႔ တက္ေရာက္ခဲ့ပါသည္။

အစည္းအေဝးကို နံနက္ ၀၉:၃၀ နာရီအခ်ိန္တြင္ စတင္ခဲ့ၿပီး ပါတီဥကၠ႒ ဦးခင္ရီက အဖြင့္အမွာစကားေျပာၾကားရာ ပါတီရည္မွန္းခ်က္တာဝန္ေတြ ပါတီေရရွည္တည္တံ့ခိုင္ၿမဲေရးအတြက္ ေဆာင္႐ြက္သြားမယ့္အစီအစီအစဥ္မ်ားႏွင့္ပတ္သက္ၿပီး ေခၚယူေတြ႕ ဆုံျခင္းျဖစ္ေၾကာင္း၊ လႊတ္ေတာ္နားစဥ္ကာလအတြင္း ျပည္သူ႔လႊတ္ေတာ္ဥကၠ႒အေနျဖင့္ မိမိမဲဆႏၵနယ္ေျမႏွင့္ တိုင္းေဒသႀကီး ၃ ခုကိုသြားေရာက္ကာ ျပည္သူ႔လႊတ္ေတာ္ႏွင့္ တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒မ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ေတြ႕ဆုံၿပီး လႊတ္ေတာ္ဆိုင္ရာကိစၥရပ္မ်ားကိုေျပာၾကားခဲ့ေၾကာင္း။

ထို႔ေနာက္ပါတီတာဝန္ရွိသူမ်ားႏွင့္လည္း ေတြ႕ဆုံခဲ့ကာ ပါတီႏွင့္ပတ္သက္သည့္ ေရွ႕လုပ္ငန္းစဥ္မ်ား ေပါင္းစပ္ညႇိႏႈိင္ေရးကိစၥမ်ားအား ေဆာင္႐ြက္ခဲ့ေၾကာင္း။ ထို႔ျပင္ ယင္းေဒသရွိဩဇာတကၠမရွိသူမ်ား လုပ္ငန္းရွင္မ်ားအားေတြ႕ဆုံကာ ၎တို႔၏လုပ္ငန္းမ်ား အေတြးအေခၚမ်ားႏွင့္ပတ္သက္ၿပီး ႏိုင္ငံေတာ္အတြက္သို႔မဟုတ္ ေဒသအတြက္လိုအပ္မ်ားကို ေမးခြန္း သို႔မဟုတ္ အဆိုမ်ားအျဖင့္ ေျပာင္းလဲကာေဆာင္႐ြက္ေပးႏိုင္ရန္နားေထာင္ခဲ့ေၾကာင္း။

မိမိတို႔ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနျဖင့္ မိမိမဲဆႏၵနယ္အတြင္းရွိရွင္ျပည္သူမ်ားႏွင့္ ေတြ႕ဆုံၾကရန္ႏွင့္ မဲဆႏၵရွင္ျပည္သူမ်ား၏ အသံကိုနားေထာင္ရန္လိုအပ္ေၾကာင္း၊ ျပည္သူ႔အသံ၊ လႊတ္ေတာ္အသံ ျပည္သူ႔ဆႏၵ လႊတ္ေတာ္ဆႏၵ ေမွ်ာ္မွန္းခ်က္လႊတ္ေတာ္ကေဖာ္ေဆာင္႐ြက္ဆိုသည့္ အတိုင္း ျပည္သူလူထုကိုကိုယ္စားျပဳသည့္အဖြဲ႕အစည္းျဖစ္သည့္အတြက္ ျပည္သူလူထုအတြက္အေထာက္အပံ့ရန္လိုအပ္ေၾကာင္း။
သက္ဆိုင္ရာဌာနဆိုင္မ်ားမ်ားႏွင့္ ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္သြားၾကရန္လိုအပ္ေၾကာင္း။
မိမိတို႔အေနျဖင့္ လႊတ္ေတာ္၏အခန္းက႑ကို ျမႇင့္တင္ေပးၾကရမွာျဖစ္ေၾကာင္း။ အစိုးရ၊ လႊတ္ေတာ္၊ ပါတီ၊ ျပည္သူ ပူးေပါင္းေဆာင္႐ြက္သြားၾကမွာျဖစ္ေၾကာင္း၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနျဖင့္လည္း ျပည္သူ႔လိုအပ္ခ်က္မ်ားကို ႏိုင္ငံေတာ္ကိုတင္ျပေပးျခင္းျဖင့္ လႊတ္ေတာ္၊ ႏိုင္ငံေတာ္၊ ပါတီႏွင့္ ျပည္သူအားလုံးအက်ိဳးရွိမွာျဖစ္သည့္အတြက္ ပီပီျပင္ျပင္ျဖစ္ေအာင္ေဆာင္႐ြက္သြားဖို႔လိုအပ္ေၾကာင္း၊
ႏိုင္ငံေတာ္အား ျပည္တြင္း/ျပည္ပမွ ဝိုင္းဝန္းေဝဖန္တိုက္ခိုက္ေနသည့္အခ်ိန္မွာ လႊတ္ေတာ္မွအကူအညီေပးျခင္းသည္ အေကာင္းဆုံးအခန္းက႑ျဖစ္ေၾကာင္း။ ပါတီႏွင့္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသည္ ျပည္သူအားစည္း႐ုံးရန္တာဝန္ရွိသူမ်ားျဖစ္ၿပီး မိမိတု႔၏စည္း႐ုံးမႈမ်ားသည္ ႏိုင္ငံေတာ္အစိုးရအားေထာက္ပံ့ေပးရန္ျဖစ္ေၾကာင္း။
မိမိတို႔အေနျဖင့္ ဥပေဒ၏အကာအကြယ္ေအာက္တြင္ တိုင္းသူျပည္သားအားလုံးလုံၿခဳံၿခဳံျဖစ္ရန္အေရးႀကီးပါေၾကာင္း ဥပေဒေတာင့္တင္းတဲ့ ႏိုင္ငံမွာ တရားဥပေဒစိုးမိုးၿပီး ရပ္႐ြာေအးခ်မ္းသာယာေၾကာင္း ကိုယ္စားလွယ္ေတြအေနနဲ႔ ဥပေဒျပဳေရးက႑ကို ပီပီျပင္ျပင္ ေဆာင္႐ြက္ဖို႔လိုေၾကာင္း၊ လႊတ္ေတာ္ဟာ အစိုးရႏွင့္ျပည္သူ႔ၾကားက ဆက္သြယ္ေပးတဲ့ေပါင္းကူးတံတားျဖစ္တာေၾကာင့္ ျပည္သူ႔ဆႏၵမ်ားကို ေကာင္အထည္ေဖာ္ေပးႏိုင္ရန္အတြက္ လႊတ္ေတာ္ကိုယ္စားလွယ္႐ုံးမ်ား ဖြင့္လွစ္ေဆာင္႐ြက္သြားၾကရန္လိုအပ္ေၾကာင္း။ ပါတီတာဝန္ရွိသူမ်ား အေနျဖင့္လည္း ျပည္သူလူထုနဲ႔ေတြ႕ဆုံၿပီး ျပည္သူမ်ား၏ဆႏၵ ျပည္သူ႔မ်ား၏လိုအပ္ခ်က္မ်ားအား လႊတ္ေတာ္ကိုယ္စားမ်ားသို႔ေပးပို႔ေဆာင္႐ြက္သြားၾကရန္ႏွင့္ ဝိုင္းဝန္းအေကာင္အထည္ေဖာ္ေပးၾကရန္မွာၾကားပါသည္။

ထို႔ျပင္ ပါတီစည္း႐ုံးေရးလုပ္ငန္းေတြကို ေရရွည္ျဖစ္ေအာင္ ေဆာင္႐ြက္ၾကရန္လိုအပ္ေၾကာင္း။ ပါတီ၏ေရရွည္ရည္မွန္းခ်က္ျဖစ္သည့္ ျမန္မာႏိုင္ငံရွိေနသေ႐ြ႕ ျပည္ခိုင္ၿဖိဳးပါတီရွိရမည္၊ အင္အားေတာင့္တင္ၿပီး က်စ္လစ္ခိုင္မာသည့္ပါတီျဖစ္ရမည္၊ မွတပါးအျခားမရွိ ဆိုသည့္ ရည္မွန္းခ်က္မ်ားကို စဥ္ဆက္မျပတ္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနၾကရမွာျဖစ္ေၾကာင္း။ ေ႐ြးေကာက္ပြဲမ်ားတြင္ အႏိုင္ရရန္ဆိုသည့္ ေရတိုရည္မွန္းခ်က္မ်ားကိုလည္း ဆက္လက္ေဆာင္႐ြက္ၾကရန္လိုအပ္ေၾကာင္း။ မၾကာခင္ျပဳလုပ္ၾကမည့္ ပါတီတြင္းျပန္လည္စုဖြဲ႕မႈမ်ားဟာ အေရးႀကီးသျဖင့္ ေသေသျခာျခာ စနစ္တက်ေဆာင္႐ြက္သြားၾကရန္လိုအပ္ပါေၾကာင္း ေျပာၾကားပါသည္။

ထို႔ေနာက္ ပါတီအေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးက ပါတီ၏ဖြဲ႕စည္းပုံစည္းမ်ဥ္း ျပင္ဆင္ထားရွိမႈဆိုင္ရာကိစၥရပ္မ်ားႏွင့္ပတ္သက္ၿပီး ရွင္းလင္းေျပာၾကားပါသည္။ ထို႔ေနာက္ တက္ေရာက္လာေသာ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ တိုင္းေဒသႀကီး/ျပည္နယ္ပါတီဥကၠ႒မ်ားက သက္ဆိုင္ရာတိုင္းေဒသႀကီးမ်ားအလိုက္ ပါတီလုပ္ငန္းမ်ား ေဆာင္႐ြက္ထားရွိမႈအား အသီးသီးတင္ျပကာ ေန႔လည္ ၁၂:၀၀ နာရီအခ်ိန္တြင္ အစည္းအေဝးအား ေခတၱရပ္နားခဲ့ပါသည္။

ထို႔ေနာက္ ေန႔လည္ ၁၃:၀၀ နာရီအခ်ိန္တြင္ အစည္းအေဝးဒုတိယပိုင္းအား ဆက္လက္က်င္းပရာ ပါတီဌာနခ်ဳပ္မွ ဌာနႀကီးမ်ား၊ ေရးရာေကာ္မတီမ်ား၏ တာဝန္ခံဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ားက ဌာန၏ ေဆာင္႐ြက္ေနေသာလုပ္ငန္းမ်ားအား ရွင္းလင္းေဆြးေႏြးၾကပါသည္။ ဆက္လက္ၿပီး ဒုတိယဥကၠ႒ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးတို႔မွ တင္ျပခ်က္မ်ားႏွင့္စပ္လ်ဥ္းၿပီး ျပန္လည္ေဆြးေႏြးပါသည္။ ထို႔ေနာက္ ပါတီဥကၠ႒ ဦးခင္ရီ နိဂုံးခ်ဳပ္အမွာစကားေျပာၾကားကာ ေန႔လည္ ၁၄:၄၅ နာရီအခ်ိန္တြင္ အစည္းအေဝး ေအာင္ျမင္စြာ ၿပီးေျမာက္ခဲ့ပါသည္။

အဆိုပါအစည္းအေဝးသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္မ်ား၊ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။


ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေး(၂/၂၀၂၆)သို့ တက်ရောက်
=============
မေ ၂၁၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၁-၅-၂၀၂၆ ရက်နေ့တွင် ပါတီဌာနချုပ် ဗဟိုအလုပ်အမှုဆောင်များအစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး (၂/၂၀၂၆)သို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးကို နံနက် ၀၉:၃၀ နာရီအချိန်တွင် စတင်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာစကားပြောကြားရာ ပါတီရည်မှန်းချက်တာဝန်တွေ ပါတီရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်သွားမယ့်အစီအစီအစဉ်များနှင့်ပတ်သက်ပြီး ခေါ်ယူတွေ့ ဆုံခြင်းဖြစ်ကြောင်း၊ လွှတ်တော်နားစဉ်ကာလအတွင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် မိမိမဲဆန္ဒနယ်မြေနှင့် တိုင်းဒေသကြီး ၃ ခုကိုသွားရောက်ကာ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး လွှတ်တော်ဆိုင်ရာကိစ္စရပ်များကိုပြောကြားခဲ့ကြောင်း။

ထို့နောက်ပါတီတာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့ကာ ပါတီနှင့်ပတ်သက်သည့် ရှေ့လုပ်ငန်းစဉ်များ ပေါင်းစပ်ညှိနှိုင်ရေးကိစ္စများအား ဆောင်ရွက်ခဲ့ကြောင်း။ ထို့ပြင် ယင်းဒေသရှိဩဇာတက္ကမရှိသူများ လုပ်ငန်းရှင်များအားတွေ့ဆုံကာ ၎င်းတို့၏လုပ်ငန်းများ အတွေးအခေါ်များနှင့်ပတ်သက်ပြီး နိုင်ငံတော်အတွက်သို့မဟုတ် ဒေသအတွက်လိုအပ်များကို မေးခွန်း သို့မဟုတ် အဆိုများအဖြင့် ပြောင်းလဲကာဆောင်ရွက်ပေးနိုင်ရန်နားထောင်ခဲ့ကြောင်း။

မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိမဲဆန္ဒနယ်အတွင်းရှိရှင်ပြည်သူများနှင့် တွေ့ဆုံကြရန်နှင့် မဲဆန္ဒရှင်ပြည်သူများ၏ အသံကိုနားထောင်ရန်လိုအပ်ကြောင်း၊ ပြည်သူ့အသံ၊ လွှတ်တော်အသံ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ မျှော်မှန်းချက်လွှတ်တော်ကဖော်ဆောင်ရွက်ဆိုသည့် အတိုင်း ပြည်သူလူထုကိုကိုယ်စားပြုသည့်အဖွဲ့အစည်းဖြစ်သည့်အတွက် ပြည်သူလူထုအတွက်အထောက်အပံ့ရန်လိုအပ်ကြောင်း။
သက်ဆိုင်ရာဌာနဆိုင်များများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း။
မိမိတို့အနေဖြင့် လွှတ်တော်၏အခန်းကဏ္ဍကို မြှင့်တင်ပေးကြရမှာဖြစ်ကြောင်း။ အစိုးရ၊ လွှတ်တော်၊ ပါတီ၊ ပြည်သူ ပူးပေါင်းဆောင်ရွက်သွားကြမှာဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း ပြည်သူ့လိုအပ်ချက်များကို နိုင်ငံတော်ကိုတင်ပြပေးခြင်းဖြင့် လွှတ်တော်၊ နိုင်ငံတော်၊ ပါတီနှင့် ပြည်သူအားလုံးအကျိုးရှိမှာဖြစ်သည့်အတွက် ပီပီပြင်ပြင်ဖြစ်အောင်ဆောင်ရွက်သွားဖို့လိုအပ်ကြောင်း၊
နိုင်ငံတော်အား ပြည်တွင်း/ပြည်ပမှ ဝိုင်းဝန်းဝေဖန်တိုက်ခိုက်နေသည့်အချိန်မှာ လွှတ်တော်မှအကူအညီပေးခြင်းသည် အကောင်းဆုံးအခန်းကဏ္ဍဖြစ်ကြောင်း။ ပါတီနှင့်လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူအားစည်းရုံးရန်တာဝန်ရှိသူများဖြစ်ပြီး မိမိတု့၏စည်းရုံးမှုများသည် နိုင်ငံတော်အစိုးရအားထောက်ပံ့ပေးရန်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ဥပဒေ၏အကာအကွယ်အောက်တွင် တိုင်းသူပြည်သားအားလုံးလုံခြုံခြုံဖြစ်ရန်အရေးကြီးပါကြောင်း ဥပဒေတောင့်တင်းတဲ့ နိုင်ငံမှာ တရားဥပဒေစိုးမိုးပြီး ရပ်ရွာအေးချမ်းသာယာကြောင်း ကိုယ်စားလှယ်တွေအနေနဲ့ ဥပဒေပြုရေးကဏ္ဍကို ပီပီပြင်ပြင် ဆောင်ရွက်ဖို့လိုကြောင်း၊ လွှတ်တော်ဟာ အစိုးရနှင့်ပြည်သူ့ကြားက ဆက်သွယ်ပေးတဲ့ပေါင်းကူးတံတားဖြစ်တာကြောင့် ပြည်သူ့ဆန္ဒများကို ကောင်အထည်ဖော်ပေးနိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း။ ပါတီတာဝန်ရှိသူများ အနေဖြင့်လည်း ပြည်သူလူထုနဲ့တွေ့ဆုံပြီး ပြည်သူများ၏ဆန္ဒ ပြည်သူ့များ၏လိုအပ်ချက်များအား လွှတ်တော်ကိုယ်စားများသို့ပေးပို့ဆောင်ရွက်သွားကြရန်နှင့် ဝိုင်းဝန်းအကောင်အထည်ဖော်ပေးကြရန်မှာကြားပါသည်။

ထို့ပြင် ပါတီစည်းရုံးရေးလုပ်ငန်းတွေကို ရေရှည်ဖြစ်အောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း။ ပါတီ၏ရေရှည်ရည်မှန်းချက်ဖြစ်သည့် မြန်မာနိုင်ငံရှိနေသရွေ့ ပြည်ခိုင်ဖြိုးပါတီရှိရမည်၊ အင်အားတောင့်တင်ပြီး ကျစ်လစ်ခိုင်မာသည့်ပါတီဖြစ်ရမည်၊ မှတပါးအခြားမရှိ ဆိုသည့် ရည်မှန်းချက်များကို စဉ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်နေကြရမှာဖြစ်ကြောင်း။ ရွေးကောက်ပွဲများတွင် အနိုင်ရရန်ဆိုသည့် ရေတိုရည်မှန်းချက်များကိုလည်း ဆက်လက်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း။ မကြာခင်ပြုလုပ်ကြမည့် ပါတီတွင်းပြန်လည်စုဖွဲ့မှုများဟာ အရေးကြီးသဖြင့် သေသေခြာခြာ စနစ်တကျဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း ပြောကြားပါသည်။

ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက ပါတီ၏ဖွဲ့စည်းပုံစည်းမျဉ်း ပြင်ဆင်ထားရှိမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားပါသည်။ ထို့နောက် တက်ရောက်လာသော ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တိုင်းဒေသကြီး/ပြည်နယ်ပါတီဥက္ကဋ္ဌများက သက်ဆိုင်ရာတိုင်းဒေသကြီးများအလိုက် ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား အသီးသီးတင်ပြကာ နေ့လည် ၁၂:၀၀ နာရီအချိန်တွင် အစည်းအဝေးအား ခေတ္တရပ်နားခဲ့ပါသည်။

ထို့နောက် နေ့လည် ၁၃:၀၀ နာရီအချိန်တွင် အစည်းအဝေးဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ ပါတီဌာနချုပ်မှ ဌာနကြီးများ၊ ရေးရာကော်မတီများ၏ တာဝန်ခံဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များက ဌာန၏ ဆောင်ရွက်နေသောလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးကြပါသည်။ ဆက်လက်ပြီး ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးတို့မှ တင်ပြချက်များနှင့်စပ်လျဉ်းပြီး ပြန်လည်ဆွေးနွေးပါသည်။ ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီ နိဂုံးချုပ်အမှာစကားပြောကြားကာ နေ့လည် ၁၄:၄၅ နာရီအချိန်တွင် အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။