ဖ႐ိုင္းဘတ္အသင္းကို အႏိုင္ယူၿပီး ယူ႐ိုပါလိဂ္ ခ်န္ပီယံျဖစ္လာတဲ့ အက္စတြန္ဗီလာ

ဖ႐ိုင္းဘတ္အသင္းကို အႏိုင္ယူၿပီး ယူ႐ိုပါလိဂ္ ခ်န္ပီယံျဖစ္လာတဲ့ အက္စတြန္ဗီလာ
========================
အားကစား ေမ ၂၁

တူရကီႏိုင္ငံ၊ အစၥတန္ဘူလ္ၿမိဳ႕မွာ ယေန႔ နံနက္အေစာပိုင္းက ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာ အက္စတြန္ဗီလာအသင္းက ဖ႐ိုင္းဘတ္အသင္းကို ၃ ဂိုး ဂိုးမရွိနဲ႔ အႏိုင္ယူၿပီး ခ်န္ပီယံ ျဖစ္သြားပါတယ္။ ဗီလာအသင္းအတြက္ အႏိုင္ဂိုးေတြကို ပထမပိုင္းမွာ တိုင္လီမန္းစ္နဲ႔ ဘူအန္ဒီယာတို႔က လွပတဲ့ ကန္ခ်က္ေတြနဲ႔ သြင္းယူခဲ့ၿပီး ၅၈ မိနစ္မွာ ေမာ္ဂန္ေရာ္ဂ်ာက တတိယဂိုးကို ပိတ္သြင္းယူခဲ့တာပါ။ ဗီလာအသင္းအတြက္ ၁၉၈၂ ခုႏွစ္က ဥေရာပဖလား ရရွိခဲ့ၿပီးေနာက္ပိုင္း ၄၄ ႏွစ္အၾကာမွာ ပထမဆုံးအႀကိမ္အျဖစ္ ဥေရာပဖလားကို ျပန္လည္ဆြတ္ခူးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒီႏိုင္ပြဲေၾကာင့္ ဗီလာနည္းျပ အူႏိုင္းအမ္မရီဟာ သူ႔ရဲ႕ နည္းျပဘဝသက္တမ္းတေလွ်ာက္ ယူ႐ိုပါလိဂ္ဖလားကို ၅ ႀကိမ္ေျမာက္အျဖစ္ စံခ်ိန္တင္ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။


ဖရိုင်းဘတ်အသင်းကို အနိုင်ယူပြီး ယူရိုပါလိဂ် ချန်ပီယံဖြစ်လာတဲ့ အက်စတွန်ဗီလာ
========================
အားကစား မေ ၂၁

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ ယနေ့ နံနက်အစောပိုင်းက ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အက်စတွန်ဗီလာအသင်းက ဖရိုင်းဘတ်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ချန်ပီယံ ဖြစ်သွားပါတယ်။ ဗီလာအသင်းအတွက် အနိုင်ဂိုးတွေကို ပထမပိုင်းမှာ တိုင်လီမန်းစ်နဲ့ ဘူအန်ဒီယာတို့က လှပတဲ့ ကန်ချက်တွေနဲ့ သွင်းယူခဲ့ပြီး ၅၈ မိနစ်မှာ မော်ဂန်ရော်ဂျာက တတိယဂိုးကို ပိတ်သွင်းယူခဲ့တာပါ။ ဗီလာအသင်းအတွက် ၁၉၈၂ ခုနှစ်က ဥရောပဖလား ရရှိခဲ့ပြီးနောက်ပိုင်း ၄၄ နှစ်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် ဥရောပဖလားကို ပြန်လည်ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ဗီလာနည်းပြ အူနိုင်းအမ်မရီဟာ သူ့ရဲ့ နည်းပြဘဝသက်တမ်းတလျှောက် ယူရိုပါလိဂ်ဖလားကို ၅ ကြိမ်မြောက်အဖြစ် စံချိန်တင် ဆွတ်ခူးနိုင်ခဲ့ပါတယ်။