ဥေရာပၿပိဳင္ပြဲ(၃)ခုစလုံးရဲ႕ ဗိုလ္လုပြဲကို အဂၤလန္ကလပ္ေတြ တက္ေရာက္ႏိုင္ခဲ့ၿပီး သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ျဖစ္

ဥေရာပၿပိဳင္ပြဲ(၃)ခုစလုံးရဲ႕ ဗိုလ္လုပြဲကို အဂၤလန္ကလပ္ေတြ တက္ေရာက္ႏိုင္ခဲ့ၿပီး သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ျဖစ္
===============================
ဒီရာသီမွာ ဥေရာပၿပိဳင္ပြဲ(၃)ခုစလုံးရဲ႕ ဗိုလ္လုပြဲကို အဂၤလန္ကလပ္ေတြ တက္ေရာက္ႏိုင္ခဲ့ၿပီး သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အာဆင္နယ္၊ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ အက္စတြန္ဗီလာ၊ ကြန္းဖရန႔္လိဂ္ၿပိဳင္ပြဲမွာ ခရစၥတယ္ပဲေလ့စ္တို ဗိုလ္လုပြဲ တက္ေရာက္ႏိုင္ခဲ့ၾကတာပါ။
ကြန္းဖရန႔္လိဂ္ၿပိဳင္ပြဲကို ၂၀၂၁-၂၂ ရာသီမွာမွ စတင္က်င္းပခဲ့တာျဖစ္ၿပီး ဒီၿပိဳင္ပြဲ က်င္းပခ်ိန္ကစတြက္ရင္ ဥေရာပၿပိဳင္ပြဲ(၃)ခုစလုံးရဲ႕ ဗိုလ္လုပြဲကို အဂၤလန္ကလပ္ေတြ တက္ေရာက္ႏိုင္တာ ဒီရာသီက ပထမဆုံးအႀကိမ္ ျဖစ္ပါတယ္။
၂၀၂၂-၂၃ ရာသီမွာတုန္းက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို မန္စီးတီး၊ ကြန္းဖရန႔္လိဂ္ဗိုလ္လုပြဲကို ဝက္စ္ဟမ္းတို တက္ေရာက္ခဲ့ေပမဲ့ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကိုေတာ့ အဂၤလန္ကလပ္ထဲက တက္ေရာက္ႏိုင္ျခင္းမရွိခဲ့ပါဘူး။
၂၀၂၄-၂၅ ရာသီမွာတုန္းကလည္း ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကို စပါး၊ ကြန္းဖရန႔္လိဂ္ဗိုလ္လုပြဲကို ခ်ယ္လ္ဆီးတို တက္ေရာက္ခဲ့ေပမဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကိုေတာ့ အဂၤလန္ကလပ္ထဲက တက္ေရာက္ႏိုင္ျခင္းမရွိခဲ့ပါဘူး။
ဒီရာသီမွာေတာ့ ဗိုလ္လုပြဲ(၃)ခုစလုံးကို အဂၤလန္ကလပ္ေတြ စုံလင္စြာ တက္ေရာက္ႏိုင္ခဲ့တာပါ။
ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ အာဆင္နယ္က ျပင္သစ္ကလပ္ PSG၊ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာ အက္စတြန္ဗီလာက ဂ်ာမန္ကလပ္ ဖ႐ိုင္းဘတ္၊ ကြန္းဖရန႔္လိဂ္ဗိုလ္လုပြဲမွာ ခရစၥတယ္ပဲေလ့စ္က စပိန္ကလပ္ ဗယ္လက္ကာႏိုနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။
အေစာဆုံးက်င္းပမယ့္ ဗိုလ္လုပြဲက ေမ(၂၀)မွာ ယွဥ္ၿပိဳင္ရမယ့္ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲျဖစ္ၿပီး ကြန္းဖရန႔္လိဂ္ဗိုလ္လုပြဲက ေမ(၂၇)၊ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲက ေမ(၃၀)မွာ ယွဥ္ၿပိဳင္ရမွာပါ။
#Eleven #Photo: X
ဥရောပပြိုင်ပွဲ(၃)ခုစလုံးရဲ့ ဗိုလ်လုပွဲကို အင်္ဂလန်ကလပ်တွေ တက်ရောက်နိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်
===============================
ဒီရာသီမှာ ဥရောပပြိုင်ပွဲ(၃)ခုစလုံးရဲ့ ဗိုလ်လုပွဲကို အင်္ဂလန်ကလပ်တွေ တက်ရောက်နိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်၊ ယူရိုပါလိဂ်ပြိုင်ပွဲမှာ အက်စတွန်ဗီလာ၊ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ခရစ္စတယ်ပဲလေ့စ်တို ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ကြတာပါ။
ကွန်းဖရန့်လိဂ်ပြိုင်ပွဲကို ၂၀၂၁-၂၂ ရာသီမှာမှ စတင်ကျင်းပခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲ ကျင်းပချိန်ကစတွက်ရင် ဥရောပပြိုင်ပွဲ(၃)ခုစလုံးရဲ့ ဗိုလ်လုပွဲကို အင်္ဂလန်ကလပ်တွေ တက်ရောက်နိုင်တာ ဒီရာသီက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
၂၀၂၂-၂၃ ရာသီမှာတုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မန်စီးတီး၊ ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲကို ဝက်စ်ဟမ်းတို တက်ရောက်ခဲ့ပေမဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကိုတော့ အင်္ဂလန်ကလပ်ထဲက တက်ရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။
၂၀၂၄-၂၅ ရာသီမှာတုန်းကလည်း ယူရိုပါလိဂ်ဗိုလ်လုပွဲကို စပါး၊ ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲကို ချယ်လ်ဆီးတို တက်ရောက်ခဲ့ပေမဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတော့ အင်္ဂလန်ကလပ်ထဲက တက်ရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။
ဒီရာသီမှာတော့ ဗိုလ်လုပွဲ(၃)ခုစလုံးကို အင်္ဂလန်ကလပ်တွေ စုံလင်စွာ တက်ရောက်နိုင်ခဲ့တာပါ။
ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အာဆင်နယ်က ပြင်သစ်ကလပ် PSG၊ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အက်စတွန်ဗီလာက ဂျာမန်ကလပ် ဖရိုင်းဘတ်၊ ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ်က စပိန်ကလပ် ဗယ်လက်ကာနိုနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အစောဆုံးကျင်းပမယ့် ဗိုလ်လုပွဲက မေ(၂၀)မှာ ယှဉ်ပြိုင်ရမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲဖြစ်ပြီး ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲက မေ(၂၇)၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲက မေ(၃၀)မှာ ယှဉ်ပြိုင်ရမှာပါ။
#Eleven #Photo: X




