မိုးကုတ္တြင္ အေလးခ်ိန္ ၁၁၀၀၀ ကရက္ရွိ ပတၱျမားႀကီး ရွာေဖြေတြ႕ရွိ၊ ႏိုင္ငံေတာ္သမၼတႏွင့္ အစိုးရတာဝန္ရွိသူမ်ား ၾကည့္ရႈ

 

မိုးကုတ္တြင္ အေလးခ်ိန္ ၁၁၀၀၀ ကရက္ရွိ ပတၱျမားႀကီး ရွာေဖြေတြ႕ရွိ၊ ႏိုင္ငံေတာ္သမၼတႏွင့္ အစိုးရတာဝန္ရွိသူမ်ား ၾကည့္ရႈ
=======================
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံတြင္ လြတ္လပ္၍ တရားမွ်တေသာ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲမ်ား က်င္းပၿပီး ျပည္သူမ်ား၏ ဆႏၵအရ ဒီမိုကေရစီအစိုးရ တာဝန္ယူၿပီးေနာက္ ျမန္မာသကၠရာဇ္ ၁၃၈၈ ခုႏွစ္ ျမန္မာႏွစ္သစ္ကူးကာလ လြန္ေျမာက္ခ်ိန္တြင္ မႏၲေလးတိုင္းေဒသႀကီး မိုးကုတ္ရတနာေျမမွ အ႐ြယ္အစားႀကီးမားၿပီး ထူးျခားလွပသည့္ ပတၱျမားတစ္ပြင့္ ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ပတၱျမားႀကီးကို ႏိုင္ငံေတာ္သမၼတ ဦးမင္းေအာင္လႈိင္က ဒုတိယသမၼတမ်ားျဖစ္သည့္ ဦးညိဳေစာႏွင့္ ေဒၚနန္းနီနီေအး၊ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးခင္ရီ၊ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒ ဦးေအာင္လင္းေဒြး၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးႏွင့္ အစိုးရတာဝန္ရွိသူမ်ားႏွင့္အတူ ယေန႔နံနက္ပိုင္းတြင္ ႏိုင္ငံေတာ္သမၼတ႐ုံး ဧည့္ခန္းမ၌ ၾကည့္ရႈခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္သမၼတ႐ုံး ျပည္ေထာင္စုဝန္ႀကီးႏွင့္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးတို႔က ပတၱျမားႀကီး၏ အေလးခ်ိန္၊ အေရာင္အေသြး၊ အရည္အေသြးႏွင့္ ထူးျခားခ်က္မ်ားကို အေသးစိတ္ရွင္းလင္းတင္ျပခဲ့ၾကသည္။

ယခုေတြ႕ရွိခဲ့ေသာ ပတၱျမားသည္ အေလးခ်ိန္ ၂၂၀၀ ဂရမ္ (၁၁၀၀၀ ကရက္)ရွိၿပီး အ႐ြယ္အစားႀကီးမား၍ ရွာေဖြေတြ႕ရွိရန္ ခက္ခဲသည့္ ရွားပါးရတနာတစ္မ်ိဳးျဖစ္ေၾကာင္း သိရသည္။ ထို႔အျပင္ ပတၱျမား၏ အေရာင္မွာ ခရမ္းေရာင္သမ္းေသာ အနီေရာင္အတြင္း အဝါရိပ္ပါဝင္ၿပီး အေရာင္အဆင့္အတန္းေကာင္းမြန္ကာ အလင္းေပါက္ႏွင့္ ဖန္ေရာင္လက္ေကာင္းမြန္ေသာ သဘာဝအတိုင္းရွိသည့္ ပတၱျမားျဖစ္ေၾကာင္းလည္း သိရသည္။

ယခင္က ျမန္မာႏိုင္ငံတြင္ ၁၉၉၀ ခုႏွစ္တြင္ အေလးခ်ိန္ ၄၉၆ ဒသမ ၂၅ ကရက္ရွိ နဝတပတၱျမား၊ ၁၉၉၆ ခုႏွစ္တြင္ ၂၁၄၅၀ ကရက္ရွိ ပတၱျမားႏွင့္ ၂၀၂၂ ခုႏွစ္တြင္ ၂၇၈၉ ဒသမ ၂၅ ကရက္ရွိ နစကပတၱျမားတို႔ကိုလည္း ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

ယခုေနာက္ဆုံး ရွာေဖြေတြ႕ရွိခဲ့သည့္ ပတၱျမားသည္ ယခင္ေတြ႕ရွိခဲ့သည့္ ပတၱျမားမ်ားႏွင့္ ႏႈိင္းယွဥ္ပါက အေရာင္ႏွင့္ အရည္အေသြးပိုမိုေကာင္းမြန္သည့္အတြက္ တန္ဖိုးျမင့္မားေသာ ရတနာတစ္ပြင့္ျဖစ္ေၾကာင္း သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ေျပာၾကားခဲ့ေၾကာင္း သိရသည္။


မိုးကုတ်တွင် အလေးချိန် ၁၁၀၀၀ ကရက်ရှိ ပတ္တမြားကြီး ရှာဖွေတွေ့ရှိ၊ နိုင်ငံတော်သမ္မတနှင့် အစိုးရတာဝန်ရှိသူများ ကြည့်ရှု
=======================
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပပြီး ပြည်သူများ၏ ဆန္ဒအရ ဒီမိုကရေစီအစိုးရ တာဝန်ယူပြီးနောက် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်သစ်ကူးကာလ လွန်မြောက်ချိန်တွင် မန္တလေးတိုင်းဒေသကြီး မိုးကုတ်ရတနာမြေမှ အရွယ်အစားကြီးမားပြီး ထူးခြားလှပသည့် ပတ္တမြားတစ်ပွင့် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပတ္တမြားကြီးကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဒုတိယသမ္မတများဖြစ်သည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အစိုးရတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမ၌ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က ပတ္တမြားကြီး၏ အလေးချိန်၊ အရောင်အသွေး၊ အရည်အသွေးနှင့် ထူးခြားချက်များကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြသည်။

ယခုတွေ့ရှိခဲ့သော ပတ္တမြားသည် အလေးချိန် ၂၂၀၀ ဂရမ် (၁၁၀၀၀ ကရက်)ရှိပြီး အရွယ်အစားကြီးမား၍ ရှာဖွေတွေ့ရှိရန် ခက်ခဲသည့် ရှားပါးရတနာတစ်မျိုးဖြစ်ကြောင်း သိရသည်။ ထို့အပြင် ပတ္တမြား၏ အရောင်မှာ ခရမ်းရောင်သမ်းသော အနီရောင်အတွင်း အဝါရိပ်ပါဝင်ပြီး အရောင်အဆင့်အတန်းကောင်းမွန်ကာ အလင်းပေါက်နှင့် ဖန်ရောင်လက်ကောင်းမွန်သော သဘာဝအတိုင်းရှိသည့် ပတ္တမြားဖြစ်ကြောင်းလည်း သိရသည်။

ယခင်က မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနှစ်တွင် အလေးချိန် ၄၉၆ ဒသမ ၂၅ ကရက်ရှိ နဝတပတ္တမြား၊ ၁၉၉၆ ခုနှစ်တွင် ၂၁၄၅၀ ကရက်ရှိ ပတ္တမြားနှင့် ၂၀၂၂ ခုနှစ်တွင် ၂၇၈၉ ဒသမ ၂၅ ကရက်ရှိ နစကပတ္တမြားတို့ကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ယခုနောက်ဆုံး ရှာဖွေတွေ့ရှိခဲ့သည့် ပတ္တမြားသည် ယခင်တွေ့ရှိခဲ့သည့် ပတ္တမြားများနှင့် နှိုင်းယှဉ်ပါက အရောင်နှင့် အရည်အသွေးပိုမိုကောင်းမွန်သည့်အတွက် တန်ဖိုးမြင့်မားသော ရတနာတစ်ပွင့်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း သိရသည်။