FAဖလား ဗိုလ္လုပြဲေၾကာင့္ ပြဲစဥ္မ်ား ေျပာင္းလဲရန္ မန္စီးတီး ေဆြးေႏြးေန

FAဖလား ဗိုလ္လုပြဲေၾကာင့္ ပြဲစဥ္မ်ား ေျပာင္းလဲရန္ မန္စီးတီး ေဆြးေႏြးေန
=====================
မန္စီးတီးအသင္းဟာ အမွတ္ေပးၿပိဳင္ပြဲ လက္က်န္ပြဲစဥ္ဇယားအတြက္ ပရီးမီးယားလိဂ္အဖြဲခ်ဳပ္နဲ႔ ေဆြးေႏြးေနတယ္လို သိရပါတယ္။ FAဖလား ဗိုလ္လုပြဲ တက္ေရာက္ႏိုင္ခဲ့လို ေမလ ၁၇ ရက္မွာကစားမယ့္ ဘုန္းေမာက္နဲ႔ အေဝးကြင္း၊ ယခင္လက္က်န္ ခရစၥတယ္ပဲေလ့စ္နဲ႔ အိမ္ကြင္းပြဲေတြကို ၾကားရက္ေတြမွာပဲ ကစားရေတာ့မွာပါ။ မန္စီးတီးအသင္းဟာ FAဖလား ဗိုလ္လုပြဲအျဖစ္ ခ်ယ္လ္ဆီးအသင္းနဲ႔ ေမလ ၁၆ ရက္မွာ ကစားရမွာျဖစ္တယ္။ လက္ရွိအေနအထားအရ ေမလ ၁၃ ရက္မွာ ခရစၥတယ္ပဲေလ့စ္နဲ႔ အိမ္ကြင္း၊ ေမလ ၁၉ ရက္မွာ ဘုန္းေမာက္နဲ႔ အေဝးကြင္းပြဲေတြ ကစားရဖို
ရွိပါတယ္။ ဒါေပမဲ့ မန္စီးတီးအသင္းက ေမလ ၁၂ ရက္မွာ ဘုန္းေမာက္နဲ႔ကစားၿပီး ေမလ ၁၉ ရက္မွာ ခရစၥတယ္ပဲေလ့စ္နဲ႔ ကစားရဖို ညႇိႏွိင္းေနတာျဖစ္တယ္။ မန္စီးတီးအေနနဲ႔ FAဖလား ဗိုလ္လုပြဲမတိုင္ခင္ ငါးရက္ အနားရဖိုလိုခ်င္တဲ့အျပင္ ရာသီေနာက္ဆုံးႏွစ္ပြဲကို အိမ္ကြင္းမွာ ကစားခ်င္တာျဖစ္ပါတယ္။ မန္စီးတီးရဲ႕ ပရီးမီးယားလိဂ္ေနာက္ဆုံးပြဲကေတာ့ ေမလ ၂၄ ရက္မွာ အက္စတြန္ဗီလာနဲ႔ အိမ္ကြင္း ကစားရပါလိမ့္မယ္။


FAဖလား ဗိုလ်လုပွဲကြောင့် ပွဲစဉ်များ ပြောင်းလဲရန် မန်စီးတီး ဆွေးနွေးနေ
=====================
မန်စီးတီးအသင်းဟာ အမှတ်ပေးပြိုင်ပွဲ လက်ကျန်ပွဲစဉ်ဇယားအတွက် ပရီးမီးယားလိဂ်အဖွဲချုပ်နဲ့ ဆွေးနွေးနေတယ်လို သိရပါတယ်။ FAဖလား ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့လို မေလ ၁၇ ရက်မှာကစားမယ့် ဘုန်းမောက်နဲ့ အဝေးကွင်း၊ ယခင်လက်ကျန် ခရစ္စတယ်ပဲလေ့စ်နဲ့ အိမ်ကွင်းပွဲတွေကို ကြားရက်တွေမှာပဲ ကစားရတော့မှာပါ။ မန်စီးတီးအသင်းဟာ FAဖလား ဗိုလ်လုပွဲအဖြစ် ချယ်လ်ဆီးအသင်းနဲ့ မေလ ၁၆ ရက်မှာ ကစားရမှာဖြစ်တယ်။ လက်ရှိအနေအထားအရ မေလ ၁၃ ရက်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ အိမ်ကွင်း၊ မေလ ၁၉ ရက်မှာ ဘုန်းမောက်နဲ့ အဝေးကွင်းပွဲတွေ ကစားရဖို
ရှိပါတယ်။ ဒါပေမဲ့ မန်စီးတီးအသင်းက မေလ ၁၂ ရက်မှာ ဘုန်းမောက်နဲ့ကစားပြီး မေလ ၁၉ ရက်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားရဖို ညှိနှိင်းနေတာဖြစ်တယ်။ မန်စီးတီးအနေနဲ့ FAဖလား ဗိုလ်လုပွဲမတိုင်ခင် ငါးရက် အနားရဖိုလိုချင်တဲ့အပြင် ရာသီနောက်ဆုံးနှစ်ပွဲကို အိမ်ကွင်းမှာ ကစားချင်တာဖြစ်ပါတယ်။ မန်စီးတီးရဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲကတော့ မေလ ၂၄ ရက်မှာ အက်စတွန်ဗီလာနဲ့ အိမ်ကွင်း ကစားရပါလိမ့်မယ်။