ၿပိဳင္ပြဲၿပီးဆုံးဖို႔ (၄)ပြဲအလိုမွာ ဘြန္ဒစ္လီဂါခ်န္ပီယံဆုကို ဘိုင္ယန္ျမဴးနစ္ ဆြတ္ခူး

ၿပိဳင္ပြဲၿပီးဆုံးဖို႔ (၄)ပြဲအလိုမွာ ဘြန္ဒစ္လီဂါခ်န္ပီယံဆုကို ဘိုင္ယန္ျမဴးနစ္ ဆြတ္ခူး
======================
ဘိုင္ယန္ျမဴးနစ္အသင္းဟာ ၂၀၂၅-၂၆ ရာသီ ဘြန္ဒစ္လီဂါၿပိဳင္ပြဲၿပီးဆုံးဖို႔(၄)ပြဲအလိုမွာပဲ ခ်န္ပီယံဆုကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းဟာ မေန႔က ယွဥ္ၿပိဳင္ခဲ့တဲ့ စတုဂတ္နဲ႔ပြဲမွာ (၄-၂)ဂိုးနဲ႔ အႏိုင္ရခဲ့တာေၾကာင့္ (၄)ပြဲအလိုမွာ ဒုတိယေနရာက ေဒါ့မြန္အသင္းကို (၁၅)မွတ္ျဖတ္ၿပီး ခ်န္ပီယံဆု ရယူႏိုင္ခဲ့တာပါ။ ဒါေၾကာင့္ ဘြန္ဒစ္လီဂါခ်န္ပီယံဆုကို ေနာက္ဆုံး(၁၄)ရာသီအတြင္း (၁၃)ႀကိမ္ေျမာက္ ရရွိျခင္းျဖစ္ခဲ့သလို၊ အသင္းရဲ႕သမိုင္းတစ္ေလွ်ာက္ (၃၅)ႀကိမ္ေျမာက္ရရွိတဲ့ အမွတ္ေပးခ်န္ပီယံဆုလည္း ျဖစ္ခဲ့ပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းက ဒီရာသီမွာ ဘြန္ဒစ္လီဂါသမိုင္းတစ္ေလွ်ာက္ တစ္ရာသီအတြင္း သြင္းဂိုးအမ်ားဆုံးအသင္းအျဖစ္ စံခ်ိန္တင္ခဲ့ၿပီး လက္ရွိအခ်ိန္မွာ (၁၀၉)ဂိုး သြင္းယူထားတာေၾကာင့္ ရာသီအဆုံးသတ္ခ်ိန္မွာ ဂိုး(၁၂၀)အထိ သြင္းယူႏိုင္ေျခရွိေၾကာင္း ခန႔္မွန္းမႈေတြလည္း ရွိေနပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲနဲ႔ ဂ်ာမန္ဖလားၿပိဳင္ပြဲမွာလည္း ဆီမီးဖိုင္နယ္ေရာက္ရွိေနတာေၾကာင့္ ဒီရာသီမွာ ဖလားသုံးလုံးေမွ်ာ္လင့္ခ်က္လည္း ရွိေနၿပီး ၿပိဳင္ပြဲစုံမွာ (၅၁)ဂိုးသြင္းယူေပးထားတဲ့ အဂၤလန္တိုက္စစ္မႉး ဟာရီကိန္းကေတာ့ ယွဥ္ၿပိဳင္ကစားရမယ့္ ပြဲေတြအမ်ားႀကီး က်န္ေနေသးတယ္လို ေျပာၾကားခဲ့ပါတယ္။


ပြိုင်ပွဲပြီးဆုံးဖို့ (၄)ပွဲအလိုမှာ ဘွန်ဒစ်လီဂါချန်ပီယံဆုကို ဘိုင်ယန်မြူးနစ် ဆွတ်ခူး
======================
ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၂၅-၂၆ ရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲပြီးဆုံးဖို့(၄)ပွဲအလိုမှာပဲ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ စတုဂတ်နဲ့ပွဲမှာ (၄-၂)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် (၄)ပွဲအလိုမှာ ဒုတိယနေရာက ဒေါ့မွန်အသင်းကို (၁၅)မှတ်ဖြတ်ပြီး ချန်ပီယံဆု ရယူနိုင်ခဲ့တာပါ။ ဒါကြောင့် ဘွန်ဒစ်လီဂါချန်ပီယံဆုကို နောက်ဆုံး(၁၄)ရာသီအတွင်း (၁၃)ကြိမ်မြောက် ရရှိခြင်းဖြစ်ခဲ့သလို၊ အသင်းရဲ့သမိုင်းတစ်လျှောက် (၃၅)ကြိမ်မြောက်ရရှိတဲ့ အမှတ်ပေးချန်ပီယံဆုလည်း ဖြစ်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ဒီရာသီမှာ ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးအသင်းအဖြစ် စံချိန်တင်ခဲ့ပြီး လက်ရှိအချိန်မှာ (၁၀၉)ဂိုး သွင်းယူထားတာကြောင့် ရာသီအဆုံးသတ်ချိန်မှာ ဂိုး(၁၂၀)အထိ သွင်းယူနိုင်ခြေရှိကြောင်း ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ဂျာမန်ဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်ရောက်ရှိနေတာကြောင့် ဒီရာသီမှာ ဖလားသုံးလုံးမျှော်လင့်ချက်လည်း ရှိနေပြီး ပြိုင်ပွဲစုံမှာ (၅၁)ဂိုးသွင်းယူပေးထားတဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းကတော့ ယှဉ်ပြိုင်ကစားရမယ့် ပွဲတွေအများကြီး ကျန်နေသေးတယ်လို ပြောကြားခဲ့ပါတယ်။