အာဆင္ဝင္းဂါး၏ လူကြၽံ‌ေဘာစည္းမ်ဥ္းသစ္ကို လာမည့္ေဘာလုံးရာသီတြင္ စတင္အသုံးျပဳရန္စီစဥ္ေန

အာဆင္ဝင္းဂါး၏ လူကြၽံ‌ေဘာစည္းမ်ဥ္းသစ္ကို လာမည့္ေဘာလုံးရာသီတြင္ စတင္အသုံးျပဳရန္စီစဥ္ေန
==========================
ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္(ဖီဖာ) ကမာၻလုံးဆိုင္ရာ ေဘာလုံးတိုးတက္မႈတာဝန္ခံအျဖစ္ ေဆာင္႐ြက္ေနသည့္ အာဆင္ဝင္းဂါး၏ လူကြၽံေဘာစည္းမ်ဥ္းသစ္ကို လာမည့္ေဘာလုံးရာသီတြင္ သက္ဆိုင္ရာျပည္တြင္း လိဂ္ၿပိဳင္ပြဲမ်ား၌ စတင္အသုံးျပဳရန္စီစဥ္ေနေၾကာင္း သိရသည္။

လက္ရွိေဘာလုံးေလာကတြင္ လူကြၽံေဘာ စည္းမ်ဥ္းသတ္မွတ္ရာ၌ ကစားသမားတစ္ဦးအေနျဖင့္ ၿပိဳင္ဘက္အသင္း ကစားသမားထက္ ခႏၶာကိုယ္အစိတ္အပိုင္း အနည္းငယ္သာကြၽံေနခဲ့လွ်င္လည္း လူကြၽံေဘာအျဖစ္ သတ္မွတ္ထားသည့္အတြက္ အဆိုပါ စည္းမ်ဥ္းႏွင့္ပတ္သက္ၿပီး အျငင္းပြားမႈမ်ားျမင့္တက္ေန၍ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္က အာဆင္ဝင္းဂါး၏ လူကြၽံေဘာစည္းမ်ဥ္းသစ္ကို စတင္စမ္းသပ္အသုံးျပဳ မည္ျဖစ္သည္။

အာဆင္ဝင္းဂါး၏ လူကြၽံေဘာျပစ္ဒဏ္စည္းမ်ဥ္း သစ္တြင္ ကစားသမားတစ္ဦးအေနျဖင့္ ၿပိဳင္ဘက္အသင္းကစားသမားထက္ အနည္းငယ္ကြၽံေနလွ်င္ လည္း လူကြၽံေဘာသတ္မွတ္မည္မဟုတ္ဘဲ ခႏၶာကိုယ္အားလုံးကြၽံမွသာလွ်င္ လူကြၽံေဘာျပစ္ဒဏ္အျဖစ္ သတ္မွတ္မည္ျဖစ္ၿပီး လာမည့္ဧၿပီလအတြင္း ကေနဒါလိဂ္ၿပိဳင္ပြဲ၌ စမ္းသပ္အသုံးျပဳမည္ျဖစ္ကာ လာမည့္ ေဘာလုံးရာသီတြင္ သက္ဆိုင္ရာျပည္တြင္း လိဂ္ၿပိဳင္ပြဲမ်ား၌ စတင္အသုံးျပဳမည္ျဖစ္သည္။

အာဆင္ဝင္းဂါး၏ အဆိုပါလူကြၽံ‌‌ေဘာျပစ္ဒဏ္ စည္းမ်ဥ္းသစ္ေၾကာင့္ တိုက္စစ္ကစားသမားမ်ား အတြက္ အခြင့္အေရးမ်ား ပိုမိုရရွိလာဖြယ္ရွိၿပီး သြင္းဂိုးမ်ားစြာကိုလည္း ျမင္ေတြ႕ရဖြယ္ရွိေၾကာင္း သိရသည္။

Ref;Fabrizio Romano


အာဆင်ဝင်းဂါး၏ လူကျွံ‌ဘောစည်းမျဉ်းသစ်ကို လာမည့်ဘောလုံးရာသီတွင် စတင်အသုံးပြုရန်စီစဉ်နေ
==========================
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) ကမ္ဘာလုံးဆိုင်ရာ ဘောလုံးတိုးတက်မှုတာဝန်ခံအဖြစ် ဆောင်ရွက်နေသည့် အာဆင်ဝင်းဂါး၏ လူကျွံဘောစည်းမျဉ်းသစ်ကို လာမည့်ဘောလုံးရာသီတွင် သက်ဆိုင်ရာပြည်တွင်း လိဂ်ပြိုင်ပွဲများ၌ စတင်အသုံးပြုရန်စီစဉ်နေကြောင်း သိရသည်။

လက်ရှိဘောလုံးလောကတွင် လူကျွံဘော စည်းမျဉ်းသတ်မှတ်ရာ၌ ကစားသမားတစ်ဦးအနေဖြင့် ပြိုင်ဘက်အသင်း ကစားသမားထက် ခန္ဓာကိုယ်အစိတ်အပိုင်း အနည်းငယ်သာကျွံနေခဲ့လျှင်လည်း လူကျွံဘောအဖြစ် သတ်မှတ်ထားသည့်အတွက် အဆိုပါ စည်းမျဉ်းနှင့်ပတ်သက်ပြီး အငြင်းပွားမှုများမြင့်တက်နေ၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အာဆင်ဝင်းဂါး၏ လူကျွံဘောစည်းမျဉ်းသစ်ကို စတင်စမ်းသပ်အသုံးပြု မည်ဖြစ်သည်။

အာဆင်ဝင်းဂါး၏ လူကျွံဘောပြစ်ဒဏ်စည်းမျဉ်း သစ်တွင် ကစားသမားတစ်ဦးအနေဖြင့် ပြိုင်ဘက်အသင်းကစားသမားထက် အနည်းငယ်ကျွံနေလျှင် လည်း လူကျွံဘောသတ်မှတ်မည်မဟုတ်ဘဲ ခန္ဓာကိုယ်အားလုံးကျွံမှသာလျှင် လူကျွံဘောပြစ်ဒဏ်အဖြစ် သတ်မှတ်မည်ဖြစ်ပြီး လာမည့်ဧပြီလအတွင်း ကနေဒါလိဂ်ပြိုင်ပွဲ၌ စမ်းသပ်အသုံးပြုမည်ဖြစ်ကာ လာမည့် ဘောလုံးရာသီတွင် သက်ဆိုင်ရာပြည်တွင်း လိဂ်ပြိုင်ပွဲများ၌ စတင်အသုံးပြုမည်ဖြစ်သည်။

အာဆင်ဝင်းဂါး၏ အဆိုပါလူကျွံ‌‌ဘောပြစ်ဒဏ် စည်းမျဉ်းသစ်ကြောင့် တိုက်စစ်ကစားသမားများ အတွက် အခွင့်အရေးများ ပိုမိုရရှိလာဖွယ်ရှိပြီး သွင်းဂိုးများစွာကိုလည်း မြင်တွေ့ရဖွယ်ရှိကြောင်း သိရသည်။

Ref;Fabrizio Romano