မက္ဆီကို ေခၚယူဖို႔ ခ်ိန္ဆက္ေနတဲ့ ဂါလာတာစာေရးအသင္း

မက္ဆီကို ေခၚယူဖို႔ ခ်ိန္ဆက္ေနတဲ့ ဂါလာတာစာေရးအသင္း
=========================
တူရကီကလပ္ ဂါလာတာစာေရးအသင္းဟာ အင္တာမိုင္ယာမီတိုက္စစ္မႉး မက္ဆီကို (၄)လအငွားနဲ႔ ေခၚယူဖို႔ ခ်ိန္ဆက္ေနေၾကာင္း သိရပါတယ္။
အင္တာမိုင္ယာမီအသင္းဟာ ေမဂ်ာလိဂ္ၿပိဳင္ပြဲမွာ ပုံမွန္ရာသီ ၿပီးဆုံးသြားၿပီျဖစ္ၿပီး ရာသီသစ္က လာမယ့္ႏွစ္ မတ္လဝန္းက်င္မွာမွ ျပန္လည္စတင္မွာပါ။
ဒါေၾကာင့္ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီက ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ ပြဲေတြ အဆက္မျပတ္ယွဥ္ၿပိဳင္ကစားခြင့္ရရွိေစဖို႔အတြက္ ေဆာ္ဒီလိဂ္မွာ သြားေရာက္ကစားဖို႔ စိတ္ကူးခဲ့ေၾကာင္း ၿပီးခဲ့တဲ့ ရက္သတၱပတ္အတြင္း သတင္းထြက္ခဲ့ပါတယ္။
အခု ဂါလာတာစာေရးအသင္းက မက္ဆီ စိတ္ကူးထားတဲ့အတိုင္း (၄)လတာအငွားစာခ်ဳပ္နဲ႔ ေခၚယူဖို႔ ခ်ိန္႐ြယ္လာျခင္းျဖစ္ေၾကာင္း သိရပါတယ္။
ဂါလာတာစာေရးအသင္းက မက္ဆီကို မၾကာခင္ တရားဝင္ကမ္းလွမ္းဖို႔ စီစဥ္ေနၿပီး အင္တာမိုင္ယာမီအသင္းမွာ တစ္ႏွစ္တာအတြက္ လာစာေပါင္(၁၅)သန္းရရွိေနတဲ့ မက္ဆီကို (၄)လတာအတြက္ အဲဒီႏႈန္းထားအတိုင္း ေပးေခ်သြားဖို႔ အသင့္ရွိေနေၾကာင္းလည္း နာမည္ေက်ာ္ တူရကီအားကစားမီဒီယာ fotoMac က ေဖာ္ျပခဲ့ပါတယ္။
ဂါလာတာစာေရးအသင္းဟာ လက္ရွိအခ်ိန္မွာ တူရကီစူပါလိဂ္ကို ဦးေဆာင္ေနၿပီး ခ်န္ပီယံလိဂ္မွာလည္း ႏိုင္ပြဲဆက္ေနတဲ့အသင္းျဖစ္ေၾကာင္း သိရပါတယ္။
မက်ဆီကို ခေါ်ယူဖို့ ချိန်ဆက်နေတဲ့ ဂါလာတာစာရေးအသင်း
=========================
တူရကီကလပ် ဂါလာတာစာရေးအသင်းဟာ အင်တာမိုင်ယာမီတိုက်စစ်မှူး မက်ဆီကို (၄)လအငှားနဲ့ ခေါ်ယူဖို့ ချိန်ဆက်နေကြောင်း သိရပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ပြိုင်ပွဲမှာ ပုံမှန်ရာသီ ပြီးဆုံးသွားပြီဖြစ်ပြီး ရာသီသစ်က လာမယ့်နှစ် မတ်လဝန်းကျင်မှာမှ ပြန်လည်စတင်မှာပါ။
ဒါကြောင့် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ပွဲတွေ အဆက်မပြတ်ယှဉ်ပြိုင်ကစားခွင့်ရရှိစေဖို့အတွက် ဆော်ဒီလိဂ်မှာ သွားရောက်ကစားဖို့ စိတ်ကူးခဲ့ကြောင်း ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း သတင်းထွက်ခဲ့ပါတယ်။
အခု ဂါလာတာစာရေးအသင်းက မက်ဆီ စိတ်ကူးထားတဲ့အတိုင်း (၄)လတာအငှားစာချုပ်နဲ့ ခေါ်ယူဖို့ ချိန်ရွယ်လာခြင်းဖြစ်ကြောင်း သိရပါတယ်။
ဂါလာတာစာရေးအသင်းက မက်ဆီကို မကြာခင် တရားဝင်ကမ်းလှမ်းဖို့ စီစဉ်နေပြီး အင်တာမိုင်ယာမီအသင်းမှာ တစ်နှစ်တာအတွက် လာစာပေါင်(၁၅)သန်းရရှိနေတဲ့ မက်ဆီကို (၄)လတာအတွက် အဲဒီနှုန်းထားအတိုင်း ပေးချေသွားဖို့ အသင့်ရှိနေကြောင်းလည်း နာမည်ကျော် တူရကီအားကစားမီဒီယာ fotoMac က ဖော်ပြခဲ့ပါတယ်။
ဂါလာတာစာရေးအသင်းဟာ လက်ရှိအချိန်မှာ တူရကီစူပါလိဂ်ကို ဦးဆောင်နေပြီး ချန်ပီယံလိဂ်မှာလည်း နိုင်ပွဲဆက်နေတဲ့အသင်းဖြစ်ကြောင်း သိရပါတယ်။




