တစ်ရက် ၁၀ မိနစ်လမ်းလျှောက်ပါ… အိပ်ပျော် စားဝင် လန်းဆန်းမှာ…

တစ်ရက် ၁၀ မိနစ်လမ်းလျှောက်ပါ… အိပ်ပျော် စားဝင် လန်းဆန်းမှာ

တိုင်းဟာ နေ့စဉ်ဘဝမှာရှင်သန်အောင် တစ်နည်းမဟုတ်တစ်နည်းနဲ့ ကြိုးစားနေ ထိုင်ကြရပါတယ်။ တချို့က ရုံးထိုင်ပြီး အလုပ်လုပ်တယ်။ တချို့က အလုပ်ကြမ်းကိုလုပ်ရတယ်။ တချို့က နားနားနေနေနဲ့ အနားယူရင်း စိတ်အေးလက်အေးနေကြတယ်။ ဒါပေမဲ့ တူညီတဲ့တစ်ခုတည်းသောအချက်က သူတို့အားလုံးဟာ ရှင်သန်ဖို့ အတွက်ရုန်းကန်နေကြရတယ်ဆိုတာပါပဲ။ ဒီလိုမျိုး အခြေအနေမှာ မနက်ဖြန်အတွက်အားဖြစ်စေဖို့က ပိုပြီးအရေးကြီးပါတယ်။ ဒီလိုအားဖြစ်စေဖို့ဆိုရာမှာလည်း ညဘက်မှာကောင်းကောင်းအိပ်ရဖို့က လိုအပ် ပြန်ပါတယ်။

ရုန်းကန်နေရသူအားလုံးကတော့ သာမန်အားဖြင့် ညဘက်မှာကောင်းကောင်း အိပ်ပျော်တယ်ဆိုတာ မရှိပါဘူး။ ညဘက်ကောင်းကောင်းအိပ်မပျော်ရင် နောက်နေ့မနက်မှာ လန်းလန်းဆန်းဆန်းမဖြစ်နိုင် ပါဘူး။ ဒါဆိုရင် ညဘက်ကောင်းကောင်းအိပ်ပျော် ဖို့အတွက် ဘာတွေလုပ်ရမလဲ။ ဘယ်လိုဆေးတွေ မှီဝဲရမလဲ အစရှိတဲ့ လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်တာတွေကို သိရှိဖို့လိုအပ်လာပါပြီ။ ဒီအတွက်ကြောင့် တက္ကဆက်တက္ကသိုလ်မှ သုတေသနပညာရှင်များက  ညဘက်မှာ   နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့အတွက် ဘာတွေလုပ်ဖို့ လိုအပ်မလဲဆိုတာကို သုတေသနပြု လေ့လာထားတာရှိပါတယ်။   အဲဒီသုတေသနကို ဒီနေရာမှာ ဖော်ပြသွားပါမယ်။

သုတေသီများက မကြာခဏဆိုသလို လေ့ကျင့် ခန်းလုပ်ပေးခြင်း၊ အထူးသဖြင့် နေ့စဉ်လေ့ကျင့်ခန်း လုပ်ပေးခြင်းဟာ  လူတစ်ယောက်ကိုကောင်းမွန်နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။ ဒီလိုကောင်းမွန်စွာ အိပ်စက်ရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာမှာလည်းတိုး တက်မှုရှိစေပြီး လန်းဆန်းတက်ကြွတဲ့ခံစားချက်ကို ပါရရှိစေနိုင်မယ်လို့ Physical Activity & Health ဂျာနယ်ထဲမှာ ဖော်ပြထားပါတယ်။

သုတေသနပညာရှင်များက လူတစ်ယောက်ဟာ လေ့ကျင့်ခန်းဘယ်လောက်အထိလုပ်တယ်ဆိုတဲ့ ယခင်သုတေသနထက် အခုသုတေသနမှာတော့ လူတစ်ဦးချင်းစီက ဘယ်လောက်အထိတက်ကြွမှု ရှိလဲဆိုတာကို အဓိကထားလေ့လာခဲ့ကြတာဖြစ်ပါ တယ်။ ဒီလိုလေ့လာဖို့အတွက် တက္ကသိုလ်ကျောင်း သားတွေကို လက်ပတ်နာရီတွေပတ်စေပြီး လပေါင်း များစွာကြာ လေ့လာခဲ့တာဖြစ်ပါတယ်။

အဲဒီလိုမျိုးလေ့လာလိုက်တဲ့အခါ တစ်ရက်ကို ၁၀ မိနစ်လောက်သာ လမ်းလျှောက်တာလိုမျိုး သင့်တင့်ရုံလောက်လှုပ်ရှားမှုလုပ်ပေးတယ်ဆိုရင်ကိုပဲ တော်တော်လေးကိုသတိထားမိလောက်တဲ့ အကျိုးကျေးဇူးတွေ  ရရှိစေတာတွေ့ရတယ်လို့ဆိုပါတယ်။    ဒီလိုမျိုးသာလှုပ်ရှားပေးမယ်ဆိုရင် သွေးလည်ပတ်မှုကို

လည်းကောင်းမွန်စေပြီး အသက်ရှူလည်းဝစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မကြာခဏဆိုသလို လှုပ်လှုပ်ရှားရှား လုပ်ပေးခြင်းအားဖြင့် စွမ်းအင်တွေ ပိုမိုတိုးတက်လာပြီး စိတ်ဖိစီးမှုတွေလည်းကျဆင်းသွားတာတွေ့ရ တယ်လို့ သုတေသနမှာပါဝင်သူ တက္ကသိုလ်ကျောင်း သားများကပြောပါတယ်။ သိပ္ပံနည်းကျသုတေသနပြုမှု၊ နေ့စဉ်ရုန်းကန်လှုပ်ရှားမှုကနေ တွေ့ကြုံရမှုတို့မှ

ရရှိတဲ့အချက်အလက်တွေအရ  ပုံမှန်ကိုယ်လက် လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းဟာ ကောင်းစွာအိပ် စက်ခြင်းကိုဖြစ်ပေါ်စေပြီး ကောင်းစွာအိပ်စက်ခြင်း ကလည်း ကိုယ်စိတ်နှစ်ပါးကျန်းမာရေးကိုတိုးတက် စေတယ်ဆိုတဲ့အယူအဆက အရင်ကတည်းကရှိပြီးသားပါ။ ဒါပေမဲ့ အခုသုတေသနကတော့ လက်တွေ့ တွေ့ရှိချက်ကိုသာ အဓိကဦးစားပေးထားတာဖြစ်တဲ့ အတွက် တကယ်ကိုအကျိုးရှိစေပါတယ်။

Ref: SD