(၄)ႏွစ္အထိ ပြဲပယ္ခံရဖြယ္ရွိေနတဲ့ မူဒရစ္

(၄)ႏွစ္အထိ ပြဲပယ္ခံရဖြယ္ရွိေနတဲ့ မူဒရစ္
===================
ခ်ယ္လ္ဆီးအသင္းရဲ႕ ယူကရိန္းေတာင္ပံကစားသမား မူဒရစ္ဟာ တားျမစ္ေဆးစည္းမ်ဥ္းခ်ိဳးေဖာက္မႈေၾကာင့္ (၄)ႏွစ္အထိ ပြဲပယ္ခံရဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

မူဒရစ္ဟာ ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလမွာကတည္းက ေဆးစစ္မႈမေအာင္ျမင္ခဲ့ဘဲ တားျမစ္ေဆးသုံးစြဲထားေၾကာင္း ေတြ႕ရွိခဲ့ရတာေၾကာင့္ ဒီဇင္ဘာလကစၿပီး အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္(FA)က ယာယီပြဲပယ္ျပစ္ဒဏ္ ခ်မွတ္ထားတာပါ။

ဒါေၾကာင့္ မူဒရစ္အေနနဲ႔ ခ်ယ္လ္ဆီးအသင္းအတြက္ ပြဲကစားခြင့္မရတာ (၆)လ ၾကာျမင့္ေနခဲ့ၿပီျဖစ္ပါတယ္။

ဇြန္(၁၈)မွာေတာ့ FA က မူဒရစ္ကို တားျမစ္ေဆးစည္းမ်ဥ္းခ်ိဳးေဖာက္မႈအတြက္ စြဲခ်က္တင္ထားေၾကာင္း အတည္ျပဳေၾကညာခဲ့ပါတယ္။

ဒါေၾကာင့္ မီဒီယာေတြက မူဒရစ္အေနနဲ႔ ပြဲပယ္ျပစ္ဒဏ္ (၄)ႏွစ္အထိ က်ခံရႏိုင္တယ္လို႔ သုံးသပ္ေရးသားခဲ့ၾကတာပါ။

မူဒရစ္ဟာ ၂၀၂၃ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ ရွက္တာဒိုးနက္ကေန ခ်ယ္လ္ဆီးကို ယူ႐ိုသန္း(၁၀၀)အထိ ျမင့္တက္ႏိုင္တဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္ရွိလာခဲ့သူျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ သူ႔ရဲ႕ ေက်ာနံပါတ္(၁၀)ကို ပါလ္မာဆီ လႊဲေျပာင္းေပးခဲ့ရပါၿပီ။ #Eleven


(၄)နှစ်အထိ ပွဲပယ်ခံရဖွယ်ရှိနေတဲ့ မူဒရစ်
===================
ချယ်လ်ဆီးအသင်းရဲ့ ယူကရိန်းတောင်ပံကစားသမား မူဒရစ်ဟာ တားမြစ်ဆေးစည်းမျဉ်းချိုးဖောက်မှုကြောင့် (၄)နှစ်အထိ ပွဲပယ်ခံရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

မူဒရစ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာကတည်းက ဆေးစစ်မှုမအောင်မြင်ခဲ့ဘဲ တားမြစ်ဆေးသုံးစွဲထားကြောင်း တွေ့ရှိခဲ့ရတာကြောင့် ဒီဇင်ဘာလကစပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ယာယီပွဲပယ်ပြစ်ဒဏ် ချမှတ်ထားတာပါ။

ဒါကြောင့် မူဒရစ်အနေနဲ့ ချယ်လ်ဆီးအသင်းအတွက် ပွဲကစားခွင့်မရတာ (၆)လ ကြာမြင့်နေခဲ့ပြီဖြစ်ပါတယ်။

ဇွန်(၁၈)မှာတော့ FA က မူဒရစ်ကို တားမြစ်ဆေးစည်းမျဉ်းချိုးဖောက်မှုအတွက် စွဲချက်တင်ထားကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။

ဒါကြောင့် မီဒီယာတွေက မူဒရစ်အနေနဲ့ ပွဲပယ်ပြစ်ဒဏ် (၄)နှစ်အထိ ကျခံရနိုင်တယ်လို့ သုံးသပ်ရေးသားခဲ့ကြတာပါ။

မူဒရစ်ဟာ ၂၀၂၃ ဇန်နဝါရီအပြောင်းအရွှေ့မှာ ရှက်တာဒိုးနက်ကနေ ချယ်လ်ဆီးကို ယူရိုသန်း(၁၀၀)အထိ မြင့်တက်နိုင်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာတော့ သူ့ရဲ့ ကျောနံပါတ်(၁၀)ကို ပါလ်မာဆီ လွှဲပြောင်းပေးခဲ့ရပါပြီ။ #Eleven