ရန္ကုန္-မႏၲေလး အျမန္လမ္းမွာ EV Charging Station ၂ ခုကို တည္ေဆာက္သြားမည္

ရန္ကုန္-မႏၲေလး အျမန္လမ္းေပၚရွိ EV Charging Station ၂ ခုကို သုံးလအတြင္း အၿပီးတည္ေဆာက္သြားမွာ ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနကေန သိရပါတယ္။

အဆိုပါ EV Charging Station ၂ ခုမွာ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၊ မိုင္တိုင္အမွတ္ (၃၉) ရွိ ေဘာနက္ႀကီးယာဥ္ရပ္နားစခန္းႏွင့္ မိုင္တိုင္အမွတ္ (၁၁၅) ရွိ ျဖဴးယာဥ္ရပ္နား စခန္းတို႔မွာ တိုးခ်ဲ႕တည္ေဆာက္ ေနျခင္းျဖစ္ပါတယ္။

ယခုလို တိုးခ်ဲ႕တည္ေဆာက္ရျခင္းက အျမန္လမ္းအသုံးျပဳသြားလာ‌ေနၾကတဲ့ EV ယာဥ္လိုင္းမ်ား၊ အိမ္စီး EV ကားမ်ားခရီးသြားလာရာမွာ အဆင္ေျပေစရန္ တည္ေဆာက္ရျခင္းျဖစ္ေၾကာင္း သိရပါတယ္။

လက္ရွိမွာ ရန္ကုန္ – မႏၲေလး အျမန္လမ္းေပၚမွာ EV Charging Station ၂၁ ခုေျမာက္အထိ ဖြင့္လွစ္ထားၿပီး အဆိုပါ Charging Station မ်ားမွာ ကားေလး ၁၀ စီးႏွင့္ ခရီးသည္တင္ယာဥ္ ၄ စီး တစ္ၿပိဳင္နက္ အားသြင္းနိုင္ေၾကာင္း သိရပါတယ္။

အဆိုပါ EV Charging Station မ်ားကို ကုမၸဏီ ၄ ခုက တာဝန္ယူတည္ေဆာက္ေပးေနတာျဖစ္ပါတယ္။


ရန်ကုန်-မန္တလေး အမြန်လမ်းမှာ EV Charging Station ၂ ခုကို တည်ဆောက်သွားမည်
=====================
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ EV Charging Station ၂ ခုကို သုံးလအတွင်း အပြီးတည်ဆောက်သွားမှာ ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။

အဆိုပါ EV Charging Station ၂ ခုမှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၉) ရှိ ဘောနက်ကြီးယာဉ်ရပ်နားစခန်းနှင့် မိုင်တိုင်အမှတ် (၁၁၅) ရှိ ဖြူးယာဉ်ရပ်နား စခန်းတို့မှာ တိုးချဲ့တည်ဆောက် နေခြင်းဖြစ်ပါတယ်။

ယခုလို တိုးချဲ့တည်ဆောက်ရခြင်းက အမြန်လမ်းအသုံးပြုသွားလာ‌နေကြတဲ့ EV ယာဉ်လိုင်းများ၊ အိမ်စီး EV ကားများခရီးသွားလာရာမှာ အဆင်ပြေစေရန် တည်ဆောက်ရခြင်းဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာ ရန်ကုန် – မန္တလေး အမြန်လမ်းပေါ်မှာ EV Charging Station ၂၁ ခုမြောက်အထိ ဖွင့်လှစ်ထားပြီး အဆိုပါ Charging Station များမှာ ကားလေး ၁၀ စီးနှင့် ခရီးသည်တင်ယာဉ် ၄ စီး တစ်ပြိုင်နက် အားသွင်းနိုင်ကြောင်း သိရပါတယ်။

အဆိုပါ EV Charging Station များကို ကုမ္ပဏီ ၄ ခုက တာဝန်ယူတည်ဆောက်ပေးနေတာဖြစ်ပါတယ်။