အေမရိကန္ႏွင့္ထိုင္ဝမ္ေရတပ္မ်ား ဧၿပီလက ပစိဖိတ္သမုဒၵရာ၌ စစ္ေရးေလ့က်င့္မႈတိတ္တဆိတ္ျပဳလုပ္ခဲ့
တိုင္ေပ၊ေမ ၁၄
တ႐ုတ္နိုင္ငံ၏အႏၲရာယ္က တစ္စတစ္စျမင့္တက္လာေနခ်ိန္၌ ထိုင္ဝမ္ႏွင့္အေမရိကန္ေရတပ္မ်ားသည္ ၿပီးခဲ့သည့္ဧၿပီလက
ပစိဖိတ္သမုဒၵရာတြင္ မေၾကျငာဘဲ ပူးတြဲစစ္ေရးေလ့က်င့္ခဲ့ေၾကာင္း အဆိုပါကိစၥႏွင့္နီးစပ္သည့္ သတင္းရင္းျမစ္ေလးဦးထံမွသိရသည္။
ထိုင္ဝမ္ကၽြန္းအနီးတစ္ဝိုက္၌ တ႐ုတ္၏စစ္ေရးေလ့က်င့္မႈမ်ားတိုးျမင့္လုပ္ေဆာင္ေနခ်ိန္၌ အေမရိက ႏွင့္ထိုင္ဝမ္တို႔ကလည္း ပူးေပါင္းေဆာင္ရြက္မႈကို အရွိန္ျမႇင့္လုပ္ေဆာင္ခဲ့သည္။
ဝါရွင္တန္ႏွင့္တိုင္ေပဆက္ဆံေရးကို တ႐ုတ္နိုင္ငံက ကန႔္ကြက္မႈမ်ားေၾကာင့္ ၎တို႔ႏွစ္နိုင္ငံ၏ ပူးေပါင္းေဆာင္ရြက္မႈႏွင့္ေလ့က်င့္ေရးမ်ားသည္ ရံဖန္ရံခါ၌ တရားဝင္ေၾကျငာျခင္းမရွိဘဲ လုပ္ေဆာင္ခဲ့ရျခင္းမ်ားလည္းရွိတတ္သည္။
တ႐ုတ္နိုင္ငံကမူ ဒီမိုကေရစီနည္းက်အုပ္ခ်ဳပ္ေနသည့္ထိုင္ဝမ္အား ၎၏ပိုင္နက္နိုင္ငံအျဖစ္ အခိုင္အမာဆိုထားေသာ္လည္း ထိုင္ဝမ္ဘက္ကျငင္းဆိုထားသည္။
ဝါရွင္တန္ႏွင့္တိုင္ေပအၾကား ၿပီးခဲ့သည့္ဧၿပီလကျပဳလုပ္ခဲ့သည့္ ပူးတြဲစစ္ေရးေလ့က်င့္မႈသည္ ပစိဖိတ္သမုဒၵရာအေနာက္ပိုင္း၌ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း အမည္မေဖာ္လိုသူသတင္းရင္းျမစ္တစ္ဦးကဆိုခဲ့သည္။
Source : Reuters
=======
အမေရိကန်နှင့်ထိုင်ဝမ်ရေတပ်များ ဧပြီလက ပစိဖိတ်သမုဒ္ဒရာ၌ စစ်ရေးလေ့ကျင့်မှုတိတ်တဆိတ်ပြုလုပ်ခဲ့
တိုင်ပေ၊မေ ၁၄
တရုတ်နိုင်ငံ၏အန္တရာယ်က တစ်စတစ်စမြင့်တက်လာနေချိန်၌ ထိုင်ဝမ်နှင့်အမေရိကန်ရေတပ်များသည် ပြီးခဲ့သည့်ဧပြီလက
ပစိဖိတ်သမုဒ္ဒရာတွင် မကြေငြာဘဲ ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သည့် သတင်းရင်းမြစ်လေးဦးထံမှသိရသည်။
ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်၌ တရုတ်၏စစ်ရေးလေ့ကျင့်မှုများတိုးမြင့်လုပ်ဆောင်နေချိန်၌ အမေရိက နှင့်ထိုင်ဝမ်တို့ကလည်း ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။
ဝါရှင်တန်နှင့်တိုင်ပေဆက်ဆံရေးကို တရုတ်နိုင်ငံက ကန့်ကွက်မှုများကြောင့် ၎င်းတို့နှစ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုနှင့်လေ့ကျင့်ရေးများသည် ရံဖန်ရံခါ၌ တရားဝင်ကြေငြာခြင်းမရှိဘဲ လုပ်ဆောင်ခဲ့ရခြင်းများလည်းရှိတတ်သည်။
တရုတ်နိုင်ငံကမူ ဒီမိုကရေစီနည်းကျအုပ်ချုပ်နေသည့်ထိုင်ဝမ်အား ၎င်း၏ပိုင်နက်နိုင်ငံအဖြစ် အခိုင်အမာဆိုထားသော်လည်း ထိုင်ဝမ်ဘက်ကငြင်းဆိုထားသည်။
ဝါရှင်တန်နှင့်တိုင်ပေအကြား ပြီးခဲ့သည့်ဧပြီလကပြုလုပ်ခဲ့သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း၌ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း အမည်မဖော်လိုသူသတင်းရင်းမြစ်တစ်ဦးကဆိုခဲ့သည်။
Source : Reuters