အာဆင္နယ္အသင္း၏ လစာအမ်ားဆုံးကစားသမားျဖစ္လာတဲ့ ေအာ္ဒီဂြါ

စက္တင္ဘာ ၂၆
အာဆင္နယ္အသင္းႏွင့္ ၂၀၂၈ ခုႏွစ္အထိ သက္တမ္းတိုးစာခ်ဳပ္သစ္ ခ်ဳပ္ဆိုလိုက္သည့္ အသင္းေခါင္းေဆာင္ ေအာ္ဒီဂြါ(၂၄ ႏွစ္)က အသင္း၏လစာအမ်ားဆုံးကစားသမား ျဖစ္လာခဲ့ေၾကာင္း သိရပါတယ္။
ေနာ္ေဝကြင္းလယ္ကစားသမား ေအာ္ဒီဂြါသည္ မူလက အာဆင္နယ္အသင္းတြင္ တစ္ပတ္ေပါင္(၁၂၀၀၀၀)ဝန္းက်င္သာရရွိေနခဲ့ၿပီး စာခ်ဳပ္သစ္အရ တစ္ပတ္ေပါင္(၂၈၀၀၀၀)ေက်ာ္အထိ ရရွိမည္ဟု သိရပါတယ္။
ေအာ္ဒီဂြါအေနျဖင့္ အသင္း၏လစာအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနေသာ ဟာဗက္ဇ္၏ လစာႏႈန္းထားထက္ သာလြန္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။
===========================
အာဆင်နယ်အသင်း၏ လစာအများဆုံးကစားသမားဖြစ်လာတဲ့ အော်ဒီဂွါ
စက်တင်ဘာ ၂၆
အာဆင်နယ်အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုလိုက်သည့် အသင်းခေါင်းဆောင် အော်ဒီဂွါ(၂၄ နှစ်)က အသင်း၏လစာအများဆုံးကစားသမား ဖြစ်လာခဲ့ကြောင်း သိရပါတယ်။
နော်ဝေကွင်းလယ်ကစားသမား အော်ဒီဂွါသည် မူလက အာဆင်နယ်အသင်းတွင် တစ်ပတ်ပေါင်(၁၂၀၀၀၀)ဝန်းကျင်သာရရှိနေခဲ့ပြီး စာချုပ်သစ်အရ တစ်ပတ်ပေါင်(၂၈၀၀၀၀)ကျော်အထိ ရရှိမည်ဟု သိရပါတယ်။
အော်ဒီဂွါအနေဖြင့် အသင်း၏လစာအများဆုံးကစားသမားအဖြစ် ရပ်တည်နေသော ဟာဗက်ဇ်၏ လစာနှုန်းထားထက် သာလွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။