Classic ဖုန်း ထုတ်လုပ်မှုကို ရပ်ဆိုင်းမည်ဟု BlackBerry အတည်ပြု

အလွန်ခက်ခဲသည့် အခြေအနေနှင့်တွေ့ကြုံနေသည့် BlackBerry သည် လွန်ခဲ့သည့် ၁၈ လက မိတ်ဆက်ပေး ခဲ့သော BlackBerry Classic ဖုန်းထုတ်လုပ်မှုကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

blackberry-classic-9485

အဆိုပါဖုန်းကို BlackBerry ၏ လက်ရှိသုံးစွဲသူများကို အခြေခံကာ ဒီဇိုင်းဖန်တီးထားပြီး အလွန်ကောင်းမွန်သည့် physical keyboard, messaging hub နှင့် သက်တမ်းကြာရှည်သည့် ဘက်ထရီဖြင့် သုံးစွဲသူသစ်များကို ဆွဲဆောင်နိုင်ရန် ကုမ္ပဏီမှ မျှော်မှန်းခဲ့သည်။

၎င်းဖုန်းတွင် Google ၏ နာမည်ကျော် Android platform အစား ကုမ္ပဏီ၏ BlackBerry 10 operating system ကို အသုံးပြုထားသည်။ သို့ရာတွင် Classic ဖုန်းအနေဖြင့် သုံးစွဲသူများအကြားတွင် ရေပန်းစားခဲ့ခြင်းမရှိပေ။

“ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို တီထွင်ဆန်းသစ်နေစေဖို့အတွက် စမတ်ဖုန်းတွေကို အဆင့်မြှင့်တင်နေပါ တယ်။ ဒီလိုဆောင်ရွက်မှုရဲ့ တစ်စိတ်တစ်ဒေသအဖြစ် BlackBerry Classic ထုတ်လုပ်မှုကို ကျွန်တော်တို့ ရပ်ဆိုင်းသွားပါမယ်” ဟု ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ရပ်ဖ်ပီနီက ပြောကြားခဲ့သည်။

ကုမ္ပဏီအနေဖြင့် BlackBerry 10 software ကို ဆက်လက်အထောက်အပံ့ပေးသွားမည်ဖြစ်ပြီး BlackBerry 10.3.3 ကို သြဂုတ်လတွင် ဖြန့်ချိသွားကြောင်းနှင့် အခြား update ကို လာမည့်နှစ်တွင် ပေးအပ်သွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

Ref: CNET


Leave a Reply