ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)လူငယ်များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း စကားဝိုင်းပြုလုပ်
ပြည် မတ် ၂၃
ပဲခူတိုင်းဒေသကြီး(အနောက်ပိုင်း)၊ပြည်မြို့သို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းနှင့် လူငယ်များတွေ့ဆုံစကားဝိုင်းကို (၂၃.၃.၂၀၂၃)နေ့၊ မွန်းလွဲ (၁)နာရီအချိန်၌၊ ပြည်မြို့နယ်၊ပါတီရုံးအစည်းအဝေးခန်းမ၌နိုင်ငံတော်အလံအားအလေးပြု၍နိုင်ငံတော်သီချင်းအားသံပြိုင်သီဆိုပြီး
လူငယ်များသိချင်ရာမေးစကားဝိုင်းစတင်ခဲ့ပါသည်။
ဦးစွာပထမ ပါတီဒုတိယဥက္ကဋ္ဌမိတ်ဆက်စကား ပြောကြားရာတွင် ယခုလို လူငယ်များနှင့်စကားဝိုင်း ပြုလုပ်ရခြင်းမှာ မိမိသိထားသောအကြောင်းအရာများလူငယ်များကိုမျှဝေပေးခြင်းဖြင့်အမှားအမှန်ကို ကိုယ်တိုင်စဉ်းစားသုံးသပ်နိုင်ရန် ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် အယူအဆအတွေးအခေါ်များ လွဲချော်ပြီး အနာဂတ်လျှောက်လမ်းရွေးချယ်မှု့ မမှားရန် လိုအပ်ကြောင်း၊ တိုင်းပြည်ရဲ့အနာဂတ်မျိုး ဆက်သစ်များနှင့်အခုလိုတွေ့ဆုံစကားဝိုင်းပြုလုပ် ရခြင်းကို လွန်စွာဝမ်းမြောက်မိကြောင်း ပြောကြားပါသည်။
၎င်းနောက် လူငယ်များမှ လာမည့်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအနိုင်ရပါက နိုင်ငံရေး၊စီးပွားရေး၊ လုံခြုံရေးကို မည်သို့ဆောင်ရွက်မည်ကိုသိလိုကြောင်း၊ဘွဲ့ရလူငယ်များအတွက်အလုပ်အကိုင် အခွင့်အလမ်းကို အစိုးရသို့မဟုတ် ပုဂ္ဂလိကများ နှင့် ပါတီမှ ချိတ်ဆက်ပေးမှုရှိ/မရှိကို သိလိုကြောင်း၊ PR ဆိုသည်က တိုင်ရင်းသားများအတွက်မည်သို့ အကျိုးရှိနိုင်ပါလည်း သိချင်ကြောင်း၊အထက်တန်း မအောင် ဘွဲ့မရသောလူငယ်များ၏မိသားစုဘဝရပ်တည်ရေး အတွက် အသက်မွေးဝမ်းကျောင်းပညာများသင်ကြားပေးဖို့ပါတီမှအစီအစဥ်ရှိ/မရှိ သိလိုကြောင်း၊ လူငယ်များအား နိုင်ငံရေးအသိပညာပေးဆောင်ရွက်မှုများ မည့်သို့လုပ်ဆောင်ပေးမည်ကို သိလိုကြောင်း၊အမျိုးသမီးငယ်များ၏ ဘဝဖွံဖြိုးတိုးတက်ရေးအတွက်ပါတီအနေနဲ့စီစဥ်ဆောင်ရွက် ထားမှု ရှိ/မရှိသိလိုကြောင်းစသည့်မေးခွန်းများနှင့် အခြားမေးခွန်းပေါင်းများစွာကို မေးမြန်းခဲ့ကြပါသည်။
လူငယ်များ၏မေးမြန်းမှု့များအပေါ်
ပါတီဒုတိယဥက္ကဋ္ဌ၊ဗဟိုအလုပ်အမှု့ဆောင်ဦးလှသိန်းနှင့် ဒေါ်ခင်ရွှေမြင့်တို့မှ သေချာစွာ ပြန်လည်ရှင်းပြခဲ့ပြီး ဒုတိယဥက္ကဋ္ဌမှကောင်းမွန်သော မေးခွန်းများဖြစ်၍ ဝမ်းသာကျေနပ်မိကြောင်း၊ မိမိတို့လက်ဆင့်ကမ်းရမည့် လူငယ်တွေကို နိုင်ငံရေးအသိပညာများပေးရန်ပါတီတွင် အစီအစဉ်ရှိကြောင်း၊ ပြည်ခိုင်ဖြိုးပါတီသည်နိုင်ငံကို သူတစ်ပါးသြဇာခံဖြစ်အောင်ဘယ်တော့မှမလုပ်ကြောင်း၊ပြည်ခိုင်ဖြိုးပါတီသည်နိုင်ငံကိုအစိပ်စိပ် အမွှာမွှာဖြစ်အောင် မလုပ်ကြောင်း၊ယခုလို မေးမြန်းမှုများကို ကြိုဆိုကြောင်း ပြောကြားပြီးအမှတ်တရ လက်ဆောင်များ ပေးအပ်ကာ လူငယ်များသိချင်ရာမေးစကားဝိုင်းကို ရုပ်သိမ်းခဲ့ပါသည်။ စကားဝိုင်းသို့ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ရှိ လူငယ် (၂၀၀)ကျော်တက်ရောက်ခဲ့ကြောင်းသိရပါသည်။