ပါတီဗဟိုအလုပ်အမှုဆောင် မွမ်းမံသင်တန်းဖွင့်ပွဲသို့ တက်ရောက်ပြီး နယ်လှည့်ကျန်းမာရေးအဖွဲ့ အခမဲ့ ဆေးကုသမှု သွားရောက်ကြည့်ရှု့ အားပေး

 

ဘုရားသုံးဆူ မေ ၂၆

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးခွဲတွင် ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်သော ရပ်/ကျေး စည်းရုံးရေးမှူးများ မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (ကရင်ပြည်နယ် တာဝန်ခံ) ဦးသူရိန်ဇော်က တက်ရောက်အမှာ စကားပြောကြားခဲ့သည်။ အဆိုပါ သင်တန်းသို့ ကရင်ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစန်းကို၊ ပြည်နယ်ပါတီ ကော်မတီဝင်များဖြစ်သော ဦးစောထူးကပေါ်၊ ဦးဝင်းတင်၊ ဦးစောမြဝင်း၊ ဒေါ်စန္ဒာဦးနှင့် ကြာအင်း ဆိပ်ကြီးမြို့နယ် ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ တက်ရောက်ခဲ့သည်။ အဆိုပါ သင်တန်းကို သုံးရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား ၅၂ ဦး တက်ရောက် ခဲ့ကြသည်။

ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်သည် ဘုရားသုံးဆူမြို့ ချောင်းဆုံ ကျေးရွာတွင် ပြုလုပ်သော နယ်လှည့်ကျန်းမာရေး အခမဲ့ဆေးကုသရေး ဆောင်ရွက်နေခြင်းအား သွားရောက် ကြီးကြပ်ပေးပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။ အဆိုပါ အခမဲ့ဆေးကုသခြင်းကို ကျေးရွာနေပြည်သူ ၁ဝဝ ကျော် လာရောက်ဆေးကုသခဲ့ကြောင်း သိရှိရသည်။   ခင်နီနီအောင်