ဟင်္သာတမြို့နယ် မွှေးလုံးကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင် ရေနွေးကြမ်းစကားဝိုင်း ကျင်းပ
ဟင်္သာတ မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွှေးလုံးကျေးရွာ ပါတီ ဆိုင်းဘုတ်တင်ပွဲကို မွှေးလုံးကျေးရွာအုပ်စု ကျေးရွာဥက္ကဋ္ဌ ဦးတင်ဝင်း၏ နေအိမ်တွင် ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့ရာ ပါတီဆိုင်းဘုတ်အား ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်က အောင်သပြေ အမွှေးနံ့သာရည် ပက်ဖျန်းပြီး အောင်မြင်စွာ စိုက်ထူခဲ့ကြောင်းနှင့် ရေနွေးကြမ်း စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင် တောင်သူ လယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်၊ ဟင်္သာတခရိုင် ကော်မတီဝင် ဦးစောရေမီ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်ဦးနှင့် မြို့နယ်/ ကျေးရွာ ကော်မတီဝင်များ၊ ပါတီဝင်များ၊ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပါတီဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်က နိုင်ငံတော်တွင် လက်ရှိဖြစ် ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ၊ ရခိုင်အရေး၊ အခြေခံဥပဒေပြင်ဆင်ရေး စသည့် သိသင့်သိထိုက် သည်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်ဦးက မြို့နယ်အတွင်း ဆောင်ရွက် လျက်ရှိသည့် စည်းရုံးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသခံများ၏မေး မြန်းမှုများကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင်နှင့် အဖွဲ့သည် မဟာဝိဟာရာ ဘုန်းတော်ကြီး ကျောင်းသို့ သွားရောက်၍ ဆရာတော်ကြီးအား သင်္ကန်း၊ လှူဖွယ် ပစ္စည်းနှင့် နဝကမ္မ အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။